လူမှုကွန်ယက်အဖွဲ့အစည်းများချိတ်ဆက်နိုင်ရေး တောင်ကြီးမြို့တွင်တွေ့ဆုံဆွေးနွေး



မြန်မာနိုင်ငံတဝှမ်းလုံး လူမှုကွန်ယက် ချိတ်ဆက်နိုင်ရေးအတွက် တောင်ကြီးမြို့၌ ကျင်းပသည့်အစည်းအဝေးသို့ သျှမ်းပြည် နယ်အတွင်းမှ လူမှုအဖွဲ့အစည်းပေါင်း ၂၀၀ ကျော်မှ ကိုယ်စားလှယ်များတက်ရောက်ကြသည်။

 မြန်မာနိုင်ငံတဝှမ်းလုံး လူမှုကွန်ယက် ချိတ်ဆက်နိုင်ရေး အစည်းအဝေး

သျှမ်းပြည်နယ်လုံးဆိုင်ရာ အရပ်ဘက်လူထုအခြေပြု အဖွဲ့အစည်း တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာလ ၁၇ မှ ၁၉ အထိ တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။


သျှမ်းပြည်တောင်ပိုင်း မြောက်ပိုင်း အရှေ့ပိုင်း တိုင်းရင်းသားပေါင်းစုံ စာပေယဉ်ကျေးမှုကိုယ်စားလှယ်များ လူငယ်အဖွဲ့ အစည်းများ အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ စုစုပေါင်း အင်အား ၂၇၀ ကျော် တက်ရောက်ကြသည်။

 မြန်မာနိုင်ငံတဝှမ်းလုံး လူမှုကွန်ယက် ချိတ်ဆက်နိုင်ရေး အစည်းအဝေး

“ ဒီအစည်းအဝေးက သျှမ်းပြည်တခုလုံးမှာရှိတဲ့ အရပ်ဘက်ဆိုင်ရာ လူ့အဖွဲ့အစည်းတွေ အင်အားကောင်းလာရေး စွမ်းရည် မြင့်လာရေး ဒီအချက် ၂ ချက်ပေါ့နော်။   Row of CSO  -  CSO အရည်အချင်းမြင့်တငရေး ၊   Capacity Building ၊ Net Working  စတာတွေပါမယ်။ ” ဟု အစည်းအဝေး ဖြစ်မြောက်ရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးနေမျိုးကပြောသည်။


သီပေါမြို့ သျှမ်းစာပေယဉ်ကျေးမှုကိုယ်စားလှယ် စိုင်းရီဝမ်းက “ ဒီက နည်းစနစ်တွေယူပြီး ကျနော်တို့အဖွဲ့အစည်းအတွက် ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်တယ်။ ပထမဆုံးရက်မှာတော့ လေ့လာဖို့ဘဲပေါ့။” ဟုပြောသည်။


ယခုတွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက်  UNDP  ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်က မကထပြုကာ သျှမ်းပြည်နယ်ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ ယခုကဲ့သို့တွေ့ဆုံပွဲအား မန္တလေးတွင် ပထမအကြိမ် ၊ မော်လမြိုင်တွင် ဒုတိယအကြိမ်နှင့် ပုသိမ်တွင် တတိယအကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates