သျှမ်းပြည်တောင်ပိုင်း နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်ဖွဲ့စည်း



သျှမ်းပြည်တောင်ပိုင်း  နိုင်ငံရေးအကျဉ်းသားဟောင်းများပါဝင်သည့် သျှမ်း/တောင်  နိုင်ကျဉ်း ကွန်ယက်ကို စက်တင်ဘာ လ ဒုတိယပတ်က တောင်ကြီးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြည်နယ်ရုံးတွင်  ဖွဲ့စည်းလိုက် ပါသည်။

နိုင်ငံရေးအကျဉ်းသားဟောင်းများစောင့်ရှောက်ရေးအသင်း မြန်မာနိုင်ငံ (AAPP) မှ  တစ်နိုင်ငံလုံးရှိ နိုင်ငံရေး အကျဉ်းသား စာရင်း စဉ်ဆက်မပြတ် ပို့ဆောင်ပေးနိုင်ရန် ၊ အချင်းချင်း ဆက်သွယ်မှု လွယ်ကူစွာ ရရှိနိုင်ရန်၊ နိုင်ငံရေးကိစ္စများပူးပေါင်း ပါဝင်နိုင်ရန်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ဘဝထူထောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများပေး နိုင်ရန် ရည်ရွယ်ကြောင်း သျှမ်း/တောင်နိုင်ငံရေး အကျဉ်းသား ဟောင်းများကွန်ယက်မှပြန်ကြားရေးတာဝန်ယူထားသော ဦးနေမျိုးမှ ရှင်းပြသည်။

 “ဒီနိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘဝရပ်တည်ချက်အတွက် အစိုးရတွေမှာ တာဝန်ရှိတယ်။ ဒါကြောင့် လွှတ်တော် မှာ တင်ပြနိုင်ဖို့ ကျနော်တို့ကြိုးစားနေပါတယ်။ ဦးခင်ညွှန့်တို့  ဦးနေဝင်းရဲ့ မြေးတို့တွေ ကိုတော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားစာရင်းထဲမှာ မထည့်ဘူး  မသတ်မှတ်ဘူး” ဟု ဦးနေမျိုးကဆက်ပြောသည်။

လတ်တလောတွင် သျှမ်းပြည်တောင်နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ယက်တွင် ၊တောင်ကြီးခရိုင်၊ လွိုင်လင်ခရိုင်၊ နမ့်စန်မြို့တို့ ပါဝင်ပြီ်း  SNLD  ကျားခေါင်းပါတီ ၊ SNDP ကျားဖြူပါတီ အစရှိ နိုင်ငံရေးပါတီ် တို့၏ အကျဉ်းသားဟောင်းများလည်း ပါဝင်ကြောင်းသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates