ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးအဖွဲ့ SSLDO သင်တန်းပေး



သျှမ်းပြည်​​တောင်​ပိုင်း ​ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးအဖွဲ့ SSLDO  မှ သျှမ်းပြည်​​တောင်​ပိုင်း မြို့နယ်တော်တော်များများတွင် ​ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးအတွက်​ အလုပ်​ရုံ​ဆွေး​နွေးပွဲများ ပြုလုပ်နေကြောင်းသိရပါသည်။  

ဆီဆိုင်​မြို့နယ်​ ​နောင်​မွန်​​ကျေးရွာအုပ်​စု ​နောင်​ခမ်းရွာက ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးအဖွဲ့အလုပ်ရုံဆွေးနွေးပွဲ 

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ဒီဒေသတွေဘာကြောင့်မပါဝင်တာလည်းဆိုတာကို သွားရောက်လေ့လာပြီး ဒေသခံလူထုတွေနဲ့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ဟု SSLDO နှင့်လက်တွဲကာ ဆွေးနွေးပွဲပြုလုပ်ပေးခဲ့သော ကျွန်းတစ်​​ထောင်​​မြေ​ဖောင်​​ဒေးရှင်းမှ နန်းဝါနုကပြောသည်။


သျှမ်းပြည်​​တောင်​ပိုင်း ​ဒေသဖွံ့ဖြိုး​ရေးအဖွဲ့ ( SSLDO ) ၊ ကျွန်းတစ်​​ထောင်​​မြေ​ဖောင်​​ဒေးရှင်း နှင့်​ ​မေတ္တာ​ရေး​ဖောင်​​ဒေးရှင်း အဖွဲ့တို့  ပူးပေါင်းကာ လွိုင်​လင်​ခရိုင်​၊ လင်း​ခေးခရိုင်​ နှင့်​ ( ပင်​လုံ ၊ ကွန်​ဟိန်း ၊ မိုးနဲ ၊ လင်း​ခေး ကျေးသီး ) မြို့နယ်​များသို့ ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးအတွက်​ ​သြဂတ်စ်လကတည်းက  ကွင်းဆင်းကာ ဆွေး​နွေးပွဲများ ပြုလုပ်သွားခဲ့ခြင်းဖြစ်ပါသည်။


ဆီဆိုင်​မြို့နယ်​ ​နောင်​မွန်​​ကျေးရွာအုပ်​စု ​နောင်​ခမ်းရွာတွင်​လည်း ပထမအကြိမ်​ သင်တန်းရိပ်သာကို စက်တင်ဘာလ ၆ ရက်နေ့က  ဖွင့်လှစ်ခဲ့သည်ဟုဆိုပါသည်။


မေတ္တာ​ရေး​ဖောင်​​ဒေးရှင်းအဖွဲ့ဝင်​ဖြစ်​​သော မစန်း​ဝေက " ကျမတို့ ဒီ​ကျေးလက်​​ဒေသဖွံ့ဖြိုး​ရေးနဲ့ပတ်​သက်​ပြီး​တော့ သင်​တန်းရိပ်​သာ ၃ ​နေရာဖွင့်​ထားပါတယ်​။ မြစ်​ကြီးနား၊ ပဲခူး နဲ့ ​နောင်​ခမ်း မှာပါ ။ ဒေသတွင်းလူထုရဲ့လိုအပ်ချက်တွေကိုလည်း လေ့လာရင်းပေါ့  " ဟု သျှမ်းသံ​တော်​ဆင့်​အား ပြောပြသည်​။


ဆွေး​နွေးပွဲပြုလုပ်ရသည့်​ ရည်​ရွယ်​ချက်​မှာ လူ့စွမ်းအားတိုးတက်​ဖွံ့ဖြိုး​ရေးနှင့်​​ဒေသအတွင်းဖွံ့ဖြိုး​ရေးအတွက်​ ပညာ​ရေး ၊ ကျန်းမား​ရေး၊ လူမှု​ရေး၊ စီးပွား​ရေး ၊   လမ်းပန်းဆက်​သွယ်​​ရေး ၊ ​ဒေသအတွင်းထွက်​ကုန်​များ ​ဈေးကွက်​ရရှိ​ရေးနှင့်​ ဘိန်းအစားထိုးသီးနှံ စိုက်​ပျိုး​ရေးအစရှိ ဒေသခံများ၏ လိုအပ်ချက်များကို ရည်ရွယ်​ချက်​တူညီ​သောပုဂ္ဂိုလ်များ အဖွဲ့အစည်းများနှင့်​ ပူး​ပေါင်း​၍ လက်တွေ့ အကောင်အထည်ဖော် ဆောင်​ရွက်​သွားရန်​ ဖြစ်သည်ဟုလည်းသိရှိရပါသည်​။


" ကျနော်တို့ပင်​လုံမြို့မှာလည်း  ​မေတ္တာ​ရေး​ဖောင်း​ဒေးရှင်းဖြစ်​​မြောက်​ပြီး လက်တွေ့အလုပ်လုပ်သွားနိုင်ဖို့အတွက်​  နောင်​ခမ်း​ကျေးရွာမှာသင်တန်းဖွင့်နေတဲ့  ကျွန်းတစ်​​ထောင်​​မြေ​ဖောင်း​ဒေးရှင်းနာယက  ကွန်​ဟိန်းပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ​ဒေါ်နန်းဝါနု နဲ့ သွား​ရောက်​​ဆွေး​နွေးခဲ့ပါသေးတယ်​ " ဟု ပင်​လုံမြို့ရပ်​ကွက်​ ၄ အုပ်​ချုပ်​​ရေးမှူးဖြစ်​​သော လုံးစိုင်းရွက်​တိုင်းက ​ပြောသည်​။ 



"  ဒီ​ဆွေး​နွေးပွဲကို တက်လိုက်ရတဲ့အတွက် ကျမတို့အတွက် ဗဟုသုတကြွယ်​ဝ​စေပါတယ်​ ၊ ကျမတို့  စိုက်ပျိုးရေးအပိုင်းတွေမှာ ဆိုရင်လည်း ဓာတ်​​မြေသြဇာမသုံးဘဲ သဘာဝမြေသြဇာတွေသုံးဖို့ စတာတွေပေါ့နော်။ အခုနောက်ပိုင်း သဘာဝမြေသြဇာတွေကို တော်တော်များများပြန်သုံးလာနေတာတွေ့ရပါတယ်" ဟု ​ဆွေး​နွေးပွဲ တက်​​ရောက်​သူတစ်​ဦးက သျှမ်းသံ​တော်​ဆင့်​ကို​ပြောသည်​။


သျှမ်းပြည်​​တောင်​ပိုင်း ​ကျေးလက်​​ဒေသ ဖွံ့ဖြိုး​ရေးအဖွဲ့ကို ၁၉၉၈ ခုနှစ်​က စတင်​ဖွဲ့စည်းပြီး ၂၀၀၃ ခုနှစ်​ကတည်းကစပြီး ကျေးလက်ဒေသခံ ရွာသူ/သား​များအား စိုက်ပျိုးရေး၊ လူမှုရေး စီးပွါးရေး စသည့် သင်​တန်းများ  ​ပေးသွား​ကြောင်းသိရှိရပါသည်​။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates