ပထမအကြိမ် ပါဠိဘာသာ ဟောပြောပွဲ တောင်ကြီးမြို့တွင်ပြုလုပ်



ပါဠိ ဘာသာ စာပေ ဟောပြောပွဲ (ပထမအကြိမ်)  The First International Pali Conference in Shan State  ကို သျှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ဒီဇင်ဘာ ၁၈ ရက် ယနေ့ ဖွင့်လှစ်ကျင်းပသည်။

ပါဠိဘာသာဟောပြောပွဲသို့ရောက်ရှိလာသော အထူးဧည့်သည်တော်များ

ပါဠိဘာသာဟောပြောပွဲ

 ဟောပြောပွဲဖွင့်ပွဲ

ဧည့်သည်တော်များမှ သစ်ပင်စိုက်ပျိုးနေကြစဉ်


ကမ္ဘာ့ဗုဒ္ဓဘာသာ  သာသနာပြုဆရာတော် ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် တက္ကသိုလ်က ဗုဒ္ဓဘာသာ  ကထိက ဒေါက်တာခမ်းမိုင် ဓမ္မသာမိ ရွှေရတု မွေးနေ့ပွဲတော်ဂုဏ်ပြုသောအားဖြင့်   ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်အထိ တောင်ကြီးမြို့ ဝေဠုဝန် ကျောင်း တိုက်တွင်  ပါဠိ ဘာသာ စာပေ ဟောပြောပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး  ဖိတ်ကြားထားသည့် စုစုပေါင်း ၉ နိုင်ငံ တက္ကသိုလ်  ၁၆ ခုမှ အထူးဧည့်သည်တော် ၆၀ ကျော်တက်ရောက်ခဲ့ပါသည်။


“ဒီဇင်ဘာ ၁၇ ရက်နေ့ ၁၂ နာရီခွဲမှာ ရန်ကုန်ကနေ နိုင်ငံခြားသား ဧည့်သည်တော်တွေ ဟဲဟိုးကို ရောက်ရှိပါတယ်။ သီရိလင်္ကာ နိုင်ငံက ဧည့်သည်တော် ၇  ပါး၊  အိန္ဒိယ   ၃ ပါး၊ နီပေါ ၄ ပါး၊ စင်ကာပူ ၃ ပါး ပါဠိ ကွန်ဖရန့်တက် ရောက်ဖို့ ကြွရောက်လာ ခဲ့ပါတယ်။  သြစတေး လျနိုင်ငံက  ၁ ပါး နဲ့ ထိုင်းနိုင်ငံက  ၄၀ ရောက် ရှိခဲ့ပါတယ်။ ဖွင့်ပွဲမှာ ပရိသတ်  ၃၀၀ လောက်ရှိပါတယ် ။  ”  ပွဲတော်သို့ရောက်ရှိနေသော သျှမ်းသံတော်ဆင့်သတင်း ထောက်စိုင်းယွက်ခမ်းကပြောသည်။


ပွဲဖွင့်လှစ်သည့် မနက်ပိုင်းတွင် သျှမ်းပြည်နယ် သံဃာ့ နာယကအဖွဲ့ ဥက္ကဌ ဘဒ္ဒန္ဒ ပညာနန္ဒ ကြွရောက်ခဲ့ပြီး သျှမ်း ပြည် နယ်ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့လည်း ဖွင့်ပွဲတက်ရောက်ခဲ့သည်။ ဖွင့်ပွဲတွင် စဝ်အောင်မြတ် က အဖွင့်အမှာစကားပြောကြားခဲ့သည်။


“၁၈ ရက်နေ့မနက် ၇ နာရီက ၈ နာရီအထိ ဝေဠုဝန်ကျောင်းတိုက်မှာ ဧည့်သည်တော်တွေ သစ်ပင်စိုက်ကြပါတယ်။ သစ်ပင် ၂၅ ပင်ဖြစ် ပါ တယ်။ ချယ်ရီပင် သပြေပင် ကံ့ကော်ပင်တွေ ဖြစ်ပါတယ်။အဲဒီနောက် ပြည်တွင်း ပြည်ပ ထေရဝါဒ သာသနာ တော် ပျံ့ပွါးရေးလုပ်ဆောင်တဲ့ အကြီးအကဲတွေရဲ့သမိုင်းပြခန်းကိုဖွင့်လှစ်ခဲ့ပါတယ်။ ၁၁ နာရီမှာ ဒေါက်တာ ဓမ္မသာမိ ရဲ့ လက်ဦးဆရာတော် ၁၈ ပါးကို ကန်တော့ကြပြီး မွန်းလွဲ ၁ နာရီကနေ ၅ နာရီအထိ စာပေဟောခဲ့တယ်။  ပါဠိဘာသာ နဲ့ဖတ်ကြားသွားခဲ့ တာဖြစ်ပါတယ်။  နားမလည်တဲ့နေရာဆိုရင် အင်္ဂလိပ်ဘာသာနဲ့ ဟောပြောခဲ့ပါတယ်။”


ညနေပိုင်းတွေမှာ တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးတွင် သတိပဌာန်နှင့် သိပ္ပံ ပညာရပ်နှင့်ပတ် သက်သော ဗဟုသုတ ဟောပြောပွဲပြုလုပ်ခဲ့သည်။
 

စာပေဟောပြော ပွဲကို ၁၉ ရက်နေ့တွင် မနက် ၈ နာရီမှ ညနေ ၃ အထိ ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။ ပိတ်ပွဲကိုမူ   တောင်ကြီးမြို့လယ်ဓမ္မာရုံတွင်ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။


စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် သျှမ်းပြည်သံဃာနာယက အဖွဲ့ချုပ်ကနေ ဦးဆောင်ပြီး သျှမ်းစာပေ ယဉ်ကျေးမှု ကော်မတီကမောင်မယ်လူငယ်နှင့် လူမှုရေး အသိုင်းအဝိုင်းမှ လူငယ်များ ကမကထပြု ကျင်းပခဲ့ခြင်း ဖြစ်သည်။


ပါဠိဘာသာဟောပြောပွဲကို လွန်ခဲ့သော ၂ နှစ်က ရန်ကုန်မြို့တွင် ပထမအကြိမ် ကျင်းပခဲ့ပြီး ယခုနှစ်သည် သျှမ်း ပြည် နယ်တွင် ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်ပါသည်။  ရှေ့ဆက် ပါဠိဘာသာဟောပြောပွဲကို သျှမ်းပြည် နယ် ဒေသအသီးသီးတွင်  ၁၀ ကြိမ်ဆက်တိုက်ကျင်းပသွားဖို့ရှိကြောင်း  ဆရာတော် ဒေါက်တာ ဓမ္မသာမိ ကိုယ်တိုင် မိန့်တော်မူခဲ့ဖူးသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates