သျှမ်းပြည်တောင်ပိုင်း၌ အခြေခံမဲဆန္ဒရှင် စာရင်းစတင် ကောက်ယူ



ဒီဇင်ဘာလ  ၂၂ ရက်နေ့မှစ၍ သျှမ်းပြည် တောင်ပိုင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ နှင့် ရပ်ကျေးရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့မှအခြေခံမဲဆန္ဒရှင်စာရင်းများ စတင်ကောက်ယူ နေပြီဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။




သို့သော် ယင်းမဲစာရင်းများအား အတည်ပြုထုတ်ပြန်ကြေညာရန် မဟုတ်သေးကြောင်း ခရိုင်ရွေး ကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဌ ဦးတင်ဦးကပြောသည်။

သျှမ်းပြည်တောင်ပိုင်းအနေဖြင့် တောင်ကြီး၊  ရပ်စောက်၊ကလော၊ ဖယ်ခုံ၊ ညောင်ရွှေ နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်း ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပင်းတယ၊ ရွာငံ စသည့် မြို့နယ် ၁၀ မြို့ နယ် တွင် အခြေခ မဲဆန္ဒရှင စာရင်း ပြုစု သွားမည် ဖြစ်ကြောင်းသိရသည်။

မဲဆန္ဒရှင်စာရင်းပြုစုရာတွင် ၂၀၁၅ နိုဝင်ဘာလတွင် အသက် ၁၈ နှစ်ပြည့်သူများကို မဲဆန္ဒရှင်စာရင်း ထည့်သွင်းသည်ဖြစ်ရာ အခြေခံမဲ ဆန္ဒရှင်စာရင်းဖြစ်သည့်အတွက် ပုံစံ ၆၆/၆  အိမ်ထောင်စုလူဦး ရေစာရင်း ရှိသူဖြစ်ရမည်။ မိမိ၏ ရပ်ကွက်/ ကျေး ရွာအုပ်စုသားသည် မဲစာရင်းပြုစုသည့် အချိန်၌ နိုင်ငံခြားသို့ သွားရောက်နေထိုင်ခြင်း၊ ပြည်တွင်းရှိ အခြားမြို့နယ်သို့ သွား ရောက် အလုပ်လုပ်ကိုင် နေခြင်း ၊စစ်ဘေးရှောင်သူ နှင့် အခြားအကြောင်းအမျိုးမျိုး ကြောင့် တခြားဒေသသို့ ခေတ္တသွား ရောက် နေထိုင်သူများကိုလည်း မဲစာရင်းထည့်သွင်းရမည်ဖြစ်သည်ဟုဆိုပါသည်။

ဒီဇင်ဘာ  ၁၅ ရက်နေ့တွင် ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် IFES ( International Foundation for Election  System ) မှ အခြေခံမဲဆန္ဒရှင်စာရင်းအား ကွန်ပျူတာ အချက်အလက် ထည့်သွင်းခြင်း ဆိုင်ရာသင်တန်း ပို့ချခဲ့သည်။

ကွန်ပျူတာတစ်လုံးတွင် တစ်ရက်လျင် လူဦးရေ (၃၀၀)ခန့်စာရင်းသွင်းနိုင်ရမည်ဖြစ်ပြီး၊ တောင်ကြီး မြို့နယ် အတွက် လေးလခန့် အချိန်ယူရမည်ဖြစ်ကြောင်း  ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဒုညွှန်မှူး ဦးသန်းလွင်မြင့် ကရှင်းပြ သည်။

အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းအား   ရန်ကုန်မြို့(အလုံ)၊ ချင်းပြည်နယ်(တီးတိန်)၊ကချင်ပြည်နယ် (ဝိုင်းမော်)   တို့တွင် ပထမအဆင့်၊ သျှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဒုတိယအဆင့် အနေနှင့် ကောက်ယူခဲ့ခြင်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်း အတာအနေဖြင့် ၂၀၁၅ ခုနှစ် ဂျူလိုင်လတွင် ပြုစုပြီးစီးနိုင်မည်ဟုလျာထားကြောင်းသိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates