၂၀၁၅ ရွေးကောက်ပွဲကနေ ကမ္ဘာ့အလယ်မှာ သိက္ခာရှိတဲ့အစိုးရ တစ်ရပ်ဖြစ်ဖို့



ဂျန္နဝါရီလ ၂၆ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေး နဲ့ သျှမ်းပြည်နယ်အစိုးရအဖွဲ့၊ သျှမ်းပြည်နယ် ခရိုင်မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ဌာနဆိုင်ရာများ ၊လူမှုအဖွဲ့အစည်းများ၊ ၊ ပြည်သူလူထုများ တွေ့ ဆုံပွဲအခမ်းအနားကို တောင်ကြီးမြို့ ၊မြို့တော်ခန်းမမှာ ကျင်းပခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတသော ဥပဒေနှင့်အညီ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မ ရှင်ဥက္ကဌဦးတင်အေး ကပြောပါတယ်။ မဲခိုး မဲလိမ်ပြီးတက်လာတဲ့အစိုးရဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် ရကြောင်း ၄င်း လက်ထက်မှာမဖြစ်စေလိုကြောင်း၊ ကမ္ဘာ့အလယ်မှာ သိက္ခာရှိတဲ့အစိုးရ တစ်ရပ်ဖြစ်ရမယ် လို့  တွေ့ဆုံပွဲမှာ ပြောကြားခဲ့ပါတယ်။

ယင်းတွေ့ဆုံပွဲ အပြီးတွင်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌဦးတင်အေး၊ SNLD ပါတီမှ သျှမ်းတောင် အတွင်းရေးမှူး ဦးစိုင်းလင်းမြတ် နှင့် ပြည်ထောင်စု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ဒုဥက္ကဌ ဦးခွန်မျိုးမြင့် တို့ကို သျှမ်းသံတော်ဆင့်က သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌဦးတင်အေး

( ဦးတင်အေး နှင့် အင်တာဗျုး)
မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြည်ပကနေစောင့်ကြည့်လေ့လာတဲ့အဖွဲ့ဘယ်နှစ်ဖွဲ့လောက် ကိုခွင့်ပြု ထားပါသလဲ။
ဖြေ ။ ။ ပြည်ပကတော့သိက္ခာရှိတဲ့အဖွဲ့ဆိုရင်ခွင့်ပြုထားပါတယ်။ အခုလက်ရှိ Long Time Observers အနေနဲ့ နှစ်ဖွဲ့ရှိမယ် ။(ကာတာ) အဖွဲ့ရောက်နေပါပြီ၊ EU ကတော့ MOU ထုတ်ဖို့ရှိတယ် ။MOU ထုတ်ပြီးရင် သူတို့အဖွဲ့လည်း လာလိမ့်မယ်။ Short Time Observers အနေနဲ့မလွဲမသွေလာကြမှာတွေကတော့ အာဆီယံတိုင်းပြည်တွေကနေ လာမှာဖြစ်တယ်။ အာဆီယံတိုင်းပြည်တွေကလဲ သူတို့နိုင်ငံရွေးကောက်ပွဲတွေမှာ လေ့လာဖို့ဖိတ်တယ်လေ။ အတိအကျ ကတော့ပြောလို့မရသေးဘူး ။

မေး ။ ။ ရွေးကောက်ပွဲကော်မရှင်အသီးသီးမှာ လူဟောင်းတွေပဲ ပြန်ခန့်ထားတယ်လို့သိရပါတယ်။ အဲ့ဒီလူဟောင်းတွေ ကိုပြည်သူလူထုက မကြိုက်ရင် ၊ ကန့်ကွက်ရင် လူသစ်လဲပေးဖို့ အစီအစဉ်ရှိပါသလား။
ဖြေ ။ ။ တိုင်းဒေသကြီးကော်မရှင်ကရွေးထားပြီးသား ကျနော်တို့အနနဲ့ ဆုံးဖြတ်လို့မရဘူး။ လဝက ၊ပြည်ထဲရေးတွေက ဆုံးဖြတ်တာဖြစ်တယ်။ ပယ်ထားတဲ့ လူစာရင်းထဲမှာ ထောင်ကျဖူးတဲ့လူ၊ နိုင်ငံရေးမကင်းတဲ့လူ၊ ကွာရှင်းခြင်းမရှိပဲ မိန်းမသုံး ယောက်လောက်ယူထားတဲ့လူအဲ့လိုလူမျိုးတွေကို တော့ပယ်ထားတယ်။သက်ဆိုင်ရာတိုင်းဒေသကြီးကရွေးတယ် ပြည်ထဲရေး နဲ့မြို့နယ်လဝက ကအတည်ပြုပေးတယ်။

မေး ။ ။ ၂၀၁၅ မှာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်လာဖို့ ဥက္ကဌအနေနဲ့ဘယ်လောက်အာမခံချက်ပေး နိုင်သလဲ။
ဖြေ ။ ။ ကျနော့ ဖက်က ရာနှုန်းပြည့် အာမခံချက်ပေးနိုင်ပါတယ်။ပေးနိုင်တယ်ဆိုတာ ကျနော်တစ်ယောက်တည်းပဲ ။ အားလုံးက ဥပဒေနဲ့အညီဖြစ်ရမယ်လို့ ကျနော်ပြောထားတယ်။ ဥပဒေ နဲ့ မညီဘူးဆိုရင်ကန့်ကွက်ပါ။ ကော်မရှင်က မညီဘူးဆိုရင်လည်းပြောပါ။ ဘယ်လောက်လွတ်လပ်ပြီးတရားမျှတမလည်းဆိုရင် ဘယ်လောက်ဥပဒေလိုက်နာမှုရှိ သလဲဆိုတဲ့အပေါ်မှာပဲမှုတည်တယ်။


ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ဒုဥက္ကဌ ဦးခွန်မျိုးမြင့်

(ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (ပအမဖ) ဒုဥက္ကဌ ဦးခွန်မျိုးမြင့် အင်တာဗျူး)

မေး ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေ ပြုလုပ်တဲ့တွေ့ဆုံပွဲအပေါ်ဘယ်လိုမြင်သလဲ။
ဖြေ ။ ။ ကောင်းပါတယ် သူတို့ဒီလိုလာပေးတဲ့အတွက် ကျနော်တို့အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်။ ရှင်းရှင်း လင်းလင်းမသိသေးတာတွေလည်းခု သိခွင့်ရတယ်ပေါ့ တိုင်ရမယ့်ကိစ္စတွေ ကျနော်တို့ သိချင်တဲ့ကိစ္စတွေ အတွက် အားရသင့်သလောက်တော့ အားရပါတယ်။

မေး ။ ။ ခုလာမယ့်ရွေးကောက်ပွဲအပေါ် ဘယ်လိုနားလည်ထားလဲ ။
ဖြေ ။ ။ ခုလက်ရှိနားလည်ထားတာက နိုင်သူအကုန်ယူစနစ်လို့ တော့သိထားပါတယ်။

မေး ။ ။ လာမယ့်ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်ထားပြီးပြီလဲ ။
ဖြေ ။ ။ ပြင်ဆင်ထားတာရှိပါတယ် ။ ကျနော်တို့ပအိုဝ်းတွေရှိတဲ့ နေရာတွေအကုန်လုံးဝင်ပြိုင်မယ် လို့တော့စဉ်းစားထား တယ်။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီးတရားမျှတာတဲ့ ရွေးကောက်ပွဲကြီး ဖြစ်လာလိမ့်မယ်လို့ ယုံကြည်လား။
ဖြေ ။ ။ အတတ်နိုင်ဆုံးတော့ အရင်ကထက်ပိုကောင်းလာမယ်လို့ ယုံကြည်ထားတယ်။ ကျနော်တို့ကလည်း လွတ်လပ် ပြီးတရားမျှတတဲ့ပုံစံပဲဖြစ်ချင်ပါတယ်။


SNLD သျှမ်းတောင် အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်

(SNLD သျှမ်းတောင် အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်နှင့် အင်တာဗျူး)

မေး ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကနေ ပြုလုပ်တဲ့တွေ့ဆုံပွဲအပေါ်ဘယ်လိုမြင်သလဲ။
ဖြေ ။ ။ ကောင်းပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌကတော့  Fair & Square  ဖြစ်အောင်လုပ်ပေးမယ်လို့ပြောတယ်ပေါ့ ။

မေး ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပေါ်ပါတီအနေနဲ့ဘယ်လောက်အထိယုံကြည်မှုရှိသလဲ။
ဖြေ ။ ။ International watch တွေလည်းရှိမယ် ၊ CSO တွေလည်းဝိုင်းပြီးတော့လုပ်ကြမယ်ဆိုတော့ ၊ တကယ်လက်တွေ့ဖြစ်လာမှပဲ စောင့်ကြည့်ရမယ်။ ဒါပေမဲ့ဒီနေ့ တွေ့ဆုံပွဲလေးကမဆိုးပါဘူး။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates