သဘာဝသယံဇာတ ထိန်းသိမ်းရေးနှင့် သမိုင်းလေ့လာရေးအတွက် သျှမ်းလူငယ်များပဉ္စမ အကြိမ်တောင်တက်



သဘာဝ သယံဇာတ ထိန်းသိမ်းရေးအတွက်ရည်ရွယ်ကာ သျှမ်းလူငယ်ကွန်ရက် (Tai Youth Networks) မှ ဦးဆောင်ပြီး သျှမ်းပြည်မြောက်ပိုင်း မူစယ်ခရိုင် စယ်လန့်ကျေးရွာအုပ်စု အတွင်းရှိ သျှမ်းဧကရာဇ် သိုခန်ဘွားနန်းစိုက်ရာမြို့က လွယ်တေးမိဏ်းတောင်ကို သျှမ်းလူငယ် များ စုပေါင်းပြီး တက်ရောက်ခဲ့ကြသည်။

လွယ်တေးမိန်းတောင်တက်သည့် လူငယ်များ

သျှမ်းပြည်နယ် အနယ်နယ်အရပ်ရပ်မှ သျှမ်းလူငယ် ၁၅၀၀ ဦးကျော်ခန့် ပူးပေါင်းပြီး ဧပြီလ ၂၅ ရက်နေ့က လွယ်တေးမိဏ်းတောင် တက်ရောက်ကြခြင်းဖြစ်ကြောင်း တောင်တက်လိုက် ပါလှုပ်ရှား သူ နမ့်ခမ်းမြို့ဒေသခံ စိုင်းယီ ကဆိုသည်။


“ကျနော်တို့ မနက် ၉းဝဝ နာရီ ကနေ စတက်တာ ၁၀း၃၀ နာရီ လောက်မှတောင်ထိပ်ကိုရောက် တယ်၊ တောင် ထိပ်ပေါ်မှာ သျှမ်းပြည်အလံ အလေးပြုခြင်းအခမ်းအနား ကို သျှမ်းလူငယ်ကွန် ယက် အဖွဲ့မှ စိုင်းဝမ်းလိုင်း က ဦးဆောင်တယ်။ ပြီးတော့ စယ်လန့်မြို့ဟောင်းသမိုင်း ကို ဆရာကျော်အေး က အကျယ်တဝင့် ပြောပြပေး ခဲ့တယ်၊ နေ့လယ်စာ စားသောက်ပြီး မွန်းတည့် ၁၂းဝဝ နာရီလောက်မှာ ပြန်ဆင်းလာကြပါတယ်” ဟု ၄င်းက သျှမ်းသံတော်ဆင့်အား ပြောသည်။



သျှမ်းလူငယ်ကွန်ယက်ကော်မတီအဖွဲ့ဝင်လူငယ်ခေါင်းဆောင်စိုင်းပက “ စယ်လန့်သဘာဝ သယံဇာတဆီလီကွန်ပြသနာနဲ့ ပတ်သက်ပြီးဒေသခံလူ ငယ်တွေတောင်းဆိုလာ မှုကြောင့် တောင် တက် ရခြင်းဖြစ်ပါ တယ်၊ လူငယ်တွေ ဗဟုသုတအများကြီးရလိမ့်မယ်လို့ မျှော်လင့်ပါ တယ်။ သျှမ်းပြည်ထွက် သဘာ ၀သ ယံဇာတတွေကိုလည်း ထိန်းသိမ်းတတ်အောင် ရည်ရွယ်ပါ တယ်။ ရွှေလီမြစ် ဝှမ်းဒေသ လူထုရဲ့ ဆန္ဒလဲပြည့်ဝလာမှာပါ ”  ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။


တောင်တက်ရခြင်းရည်ရွယ်ချက်မှာ သဘာဝပတ်ဝန်းကျင်လေ့ လာတတ်စေ ရန်၊ တောင်တက် လာ မည့် လူငယ်များအချင်းချင်းရှေ့ဆက်အတူ လက်တွဲဆောင်ရွက်တတ်စေရန်၊ သျှမ်းပြည် ထွက်သဘာဝ သယံဇာတများ စုပေါင်း ကာကွယ်တတ်ရန်နှင့် လူငယ်များအချင်းချင်း သိကျွမ်းဝင် တတ်စေရန်ဖြစ် သည်။


သျှမ်းသမိုင်းနှင့် စာပေပညာရှင် စာရေးဆရာ ဟိန်းကာယန်းက-  ကျန်းမာရေး အတွက်ကြည့် မယ် ဆိုရင် တောင်ပေါ်တက်တာကောင်းပါတယ်။ လူငယ်တွေ စုဝေးပြီး အချင်းချင်းရိုင်းပင်း ကူညီတတ် တာ တွေ့ရတော့ဝမ်းသာ ပါတယ်။ သူတို့ရည်ရွယ်ချက်ဘယ်လိုရှိလဲဆိုတာ တော့ မသိ ပါဘူး။ ဒါပေမယ့်ဒီ လိုတောင်ပေါ်တက်ပြီးလူငယ်တွေအချင်းချင်းစုရုံလောက်နဲ့ ဘာမှတိုး တက်မှု မရှိလာဘူးဆိုရင် ရှေ့ဆက်အလုပ်လုပ်ဖို့ခက်သွားနိုင်တယ်။ အမျိုးသားရေးဟာ နိုင်ငံရေး ပါပဲ။ ပြည်သူလူထုနဲ့ လူငယ်အားလုံး နိုင်ငံရေး ပိုင်းမှာ စိတ်ဝင်စားနားလည်ပြီး နိုင်ငံရေး လုပ်နေသူများကို အားပေး တတ်အောင်စည်းရုံးလှုံ့ဆော်ဖို့ ဒီနေရာမှာ အခွင့် အရေးကြီး တခုဖြစ်ပါတယ်။ လူငယ်များအနေနဲ့ ဒီလိုငယ်ရွယ်နေစဉ်အတွင်းမှာ လုပ်ဆောင်သင့်ပါတယ် - ဟုပြောသည်။


သျှမ်းလူငယ်ကွန်ရက် (Tai Youth Networks) အဖွဲ့ သည်တောင်တက် သည့်နေ့တွင် ကြေငြာ ချက်တစောင်ကိုပါထုတ်ပြန်ခဲ့ပါသည်။ေ ကြငြာချက်တွင် - သျှမ်းလူငယ်ကွန်ရက် (Tai Youth Networks) အဖွဲ့သည် ဒေသအသီးသီးမှ သျှမ်းလူငယ်များအားလက်တွဲခေါ်ဆောင်ကာ သျှမ်းပြည်တွင်း သမိုင်းဝင်မြို့များ သမိုင်းဝင်ပစ္စည်းများအကြောင်းဆက်လက်လေ့လာ သွားမည်။သျှမ်းပြည်တွင်း သဘာဝ သယံဇာတများအား ဖျက်ဆီးမည့် မည်သည့်လုပ်ငန်း မည်သည့် စီမံကိန်းကိုမဆို သျှမ်းလူငယ်ကွန်ရက် (Tai Youth Networks) အဖွဲ့ သည် ဒေသခံလူထုနှင့်ပူးပေါင်းပြီး ကာကွယ်သွားမည်။ သက်ဆိုင်ရာမြို့နယ် အသီး သီးမှ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေး၊ စာပေယဉ်ကျေးမှုအဖွဲ့၊ သမိုင်းပညာရှင်များမှလည်း သဘာဝ သယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းအား တဖက်တလမ်းမှ ကူညီပံ့ ပိုးပေးသွားရန် လည်းတိုက်တွန်းခဲ့ပါသည်။


သျှမ်းလူငယ်ကွန်ရက် (Tai Youth Networks) အဖွဲ့မှ ဦးဆောင်ပြီး ယခု လွယ်တေးမိဏ်း တောင် တက်ခြင်း သည် ပဉ္စမ အကြိမ်ဖြစ်ကြောင်း၊ ပထမအကြိမ် လွယ်လိန်းတောင်၊ ဒုတိယအကြိမ် လွယ်ခေးတောင် ၊တတိယ အကြိမ် လွယ်ဆမ်ဆစ်တောင် နှင့် စတုတ္ထအကြိမ် မှာ လွယ်ဇန့်တောင်တို့ ဖြစ်ကြသည်။


တောင်တက်ပြီးနောက် ဧပြီလ ၂၆ ရက် ယနေ့  တွင် စယ်လန့်ကျေးရွာ ၌ စာပေဟောပြောပွဲ ကျင်းပသွားမည်ဖြစ် ကြောင်း သျှမ်းလူငယ်ကွန်ယက် အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။


စယ်လန့်ကျေးရွာရှိ လွယ်တေးမိဏ်းတောင်သည် အမြင့်ပေ (၃၇၇၄)ပေရှိပြီး သျှမ်းဧကရာဇ် မင်း စဝ်ဆေခန်ဖ ၏ သျှမ်းအင်ပါယာ စစ်ခံတပ်ကြီး တစ်ခု ဖြစ်ကြောင်းစယ် လန့်ကျေးရွာ သည်လည်း၎င်းမင်း၏ နေပြည်တော်မြို့  ဟောင်းတစ်ခုဖြစ်ပြီး သမိုင်းဝင်မြို့ဟောင်း တစ်မြို့  ဖြစ်ကြောင်း ဒေသခံ များထံမှသိရသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates