တပ်မတော် စစ်ဗိုလ် က စစ်ဘေးရှောင် ကူညီရေးအဖွဲ့များအား ၃ နာရီကြာ တားဆီးစစ်ဆေး



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် အတွင်းရှိ စစ်ဘေးရှောင်းလူထုအား သွားရောက်ကူညီပံ့ပိုးမည့် စေတနာရှင်အဖွဲ့အား တံတားစောင့်အစိုးရ တာဝန်ကျ တပ်မတော် စစ်ဗိုလ်က သုံးနာရီကျော်ကြာ တာဆီးခဲ့ကြောင်း သိရသည် ။



နိုဝင်ဘာလ ၂၃ ရက်က စစ်ပြေး ဒုက္ခသည်များအား အဝတ်အစားနှင့် စာသောက်ဖွယ်ရာများ သွားရောက် ကူညီထောက်ပံ့ပေးမည့် ကမ္ဘောဇ နှင့် နမ့်ခုံးပရဟိတအဖွဲ့ များကို လဲချားမြို့ မတ်လန်းရွာ နမ့်တိန်းတံတား စောင့် တာဝန်ကျ အမှတ် ၆၄ တပ်ရင်းမှ ဗိုလ်ကြီးအောင်ကျော်မိုး ဦးဆောင်သည့် အဖွဲ့မှ တားဆီးခဲ့ခြင်းဖြစ်ကြောင်း အလှူရှင်များအဖွဲ့ တွင် ပါဝင်ကူညီသူ လူငယ် စိုင်းစိုင်းက ပြောသည် ။


“ ကျနော်တို့ ပစ္စည်းတင်တဲ့ကားကြီး ၅ စီးကိုတားတာ ။ တားပြီးစစ်ဆေးတယ် ။ ၈ နာရီမှာစတားထားတယ် ။ ၁၁ နာရီမှကားထွက်ရတယ် ။ လဲချားက လူငယ် နဲ့ဘုန်းဘုန်းတွေလာပြီးပြောပေးမှ ပြန်လွတ်ပေးတယ်လေ ။ ဖြစ်ချင်တော့ လဲချားမှာ ဖုန်းလိုင်းက တနေကုန်ပိတ်တယ်အဲ့နေ့ ” - ဟုလည်း ပါဝင်သူ စိုင်းခမ်းက ပြောသည် ။


အဆိုပါ ပရဟိတ ကားတန်းများသည် နေ့လည် ၁၁ နာရီမှ ဆက်လက်ခရီး ထွက်ခဲ့ကြရသည်ဟု သိရသည် ။


နမ့်တိန်းချောင်းကူးသည့် မတ်လန်းတံတားမှာ လဲချားမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာတွင်တည်ရှိပြီး ယခင်အပတ်က ကလေး ၂ ယောက်သေဆုံးသည့် ဗုံးကွဲမှုဖြစ်ပွါးသည့် နေရာဖြစ်သည် ။


ဗုံးကွဲမှုဖြစ်ပွားသည့်နောက်ပိုင်း အစိုးရတပ်မတော်မှ လုံခြုံရေး တိုးမြင့်ချထား ကာ ည ၆ နာရီမှ နံနက် ၆ နာရီအထိ ဖြတ်သန်းသွားလာခွင့်လည်း မပြုတော့ပေ ။


နိုဝင်ဘာလ ၈ ရက်ရွေးကောက်ပွဲပြီးနောက်ပိုင်း သျှမ်းပြည်အလယ်ပိုင်းသို့ အစိုးရတပ်မတော်မှ အားဖြည့်ကာ သျှမ်းပြည်တပ်မတော် SSPP/SSA အား ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ကျေးသီး ၊ ၀မ့်ဟိုင်းဘက်မှ ဒေသခံများ ထပ်မံစစ်ဘေးရှောင်ရာ လဲချားမြို့ ၊ နမ့်စန်မြို့ ၊ တောင်ကြီးမြို့နှင့်မြောက်ပိုင်း လားရှိုးမြို့အထိ ရောက်ရှိခို လှုံခဲ့ကြရသည် ။ လဲချားမြို့တွင် စစ်ဘေးရှောင် ရ၀၀ ကျော် ရှိနေသည်ဟုသိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates