NLD အစိုးရနှင့် ငြိမ်းချမ်းရေးနိုင်ငံရေးဆွေးနွေးရန် ၀ တပ်ဖွဲ့မှ ကော်မတီ ဖွဲ့စည်းထား



ရွးကောက်ပွဲ အနိုင်ရ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့်  ငြိမ်းချမ်းရေး ၊ နိုင်ငံရေး ဆွေးနွေးနိုင်ရန်အတွက် UWSA ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ ကော်မတီတရပ်ကို ဖွဲ့စည်းထားကြောင်း ၀ တပ်ဖွဲ့ တာဝန်ရှိသူမှ ပြောသည် ။


နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးတွင် လက်မှတ်ရေးထိုးခြင်းမရှိသေးဘဲ အစိုးရသစ် လက်ထက် မှသာ ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးမည်ဟူသည့် မူဝါဒကို ကိုင်စွဲထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် ၀ တပ်ဖွဲ့လည်း ပါဝင်ပြီး ကော်မတီ တရပ်ဖွဲ့ စည်းနိုင်ရန်အတွက် လွန်ခဲ့သည့်အပတ်အတွင်း ၀ ဌာနချုပ် ပန်ဆန်း (ပန်ခမ်း) တွင် ဗဟိုကော်မတီ အစည်းဝေးတရပ်ကို ကျင်းပခဲ့ကြောင်း ၀ ပြည်သွေးစည်းညီညွတ်ရေးပါတီမှ အမည်မဖော်လိုသူ အရာရှိတဦးက ပြောသည် ။


အစည်းဝေးက အရင်အပတ်တွေကတည်းက ပြီးသွားပြီ ။ ကော်မတီ တရပ်ဖွဲ့ထားတယ် ။ NLD က ဦးဆောငမယ့် အစိုးရအဖွဲ့နဲ့ ဆွေးနွေးနိုင်အောင်လို့ပါ - ဟု အဆိုပါ တာဝန်ရှိသူ က ပြောသည် ။


အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သော ၀ တပ်ဖွဲ့အနေဖြင့် ၂၀၁၀ မတိုင် ခင်က ပြည်တွင်းမှ အဓိက နိုင်ငံရေး အတိုက်အခံ အင်အားစုများနှင့် ထိတွေ့ ဆက် ဆံမှု မရှိ သလောက် နည်းပါးခဲ့သော်လည်း ၂၀၁၂  နောက်ပိုင်းမှစ၍ တိုင်းရင်းသား အတိုက် အခံ အင်အားစု များအပါဝင် ၊ ဒီမိုကရေစီ အင်အားစုများနှင့်ပါ ဆက်ဆံရေးတိုးမြင့် လာခဲ့ သည် ။


ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အများအပြားတက်ရောက်ခဲ့သော တိုင်းရင်း သား  ညီလာခံကိုလည်း ၀ ဌာနချုပ် ပန်ဆန်းတွင်  နှစ်ကြိမ်တိုင်တိုင်ကျင်းပခဲ့ဖူးသည် ။


ဒေါ်အောင်ဆန်းစုကြည်ကို ၀ ဒေသသို့ အလည်လာရောက်ရန် ဖိတ်ခေါ်လိုသည်ဟု ၀ တပ်ဖွဲ့ ထိပ်တန်းခေါင်းဆောင်များက ထုတ်ဖော်ပြောဆို ထားသည်ဟုလည်း ကြားသိရပါသည် ။


ပြီးခဲ့သည့် ရွေးကောက်ပွဲ ကာလကလည်း မိုင်းတုံမြို့နယ်တွင် ၀ လူမျိုးများ၏ ဆန္ဒမဲဖြင့်  NLD ပါတီမှာ အနိုင်ရရှိခဲ့သည် ။


UWSA အနေဖြင့် အခြားတိုင်းရင်းသားများ၏ တိုင်းရင်းသားအခွင့်ရေးရရန် ကြိုးပမ်းမှုများ ကို ထောက်ခံအားပေးမှာဖြစ်ပြီး ၊ တိုင်းရင်းသားအင်အားစုများမှလည်း ၀ ပြည်သူများ တောင်းဆိုနေသည့် ၀ ပြည်နယ်အဖြစ် တရားဝင် သတ်မှတ်ပေးရေးအတွက် ထောက်ခံကြ ရန် ၀ ခေါင်းဆောင် ဦးပေါက်ယူချန်းက တိုက်တွန်းပြောဆို ခဲ့ဖူးသည် ။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates