၅ ရက်အတွင်း မိုင်းရှူး - မိုင်းနောင် ကားလမ်းမြောက်ဘက်ခြမ်းသို့ SSPP/SSA တပ်များဆုတ်ရမည်



သျှမ်းပြည်တောင်ပိုင်း လွယ်လင်ခရိုင် မိုင်းရှူး - မိုင်းနောင်မြို့ကြား ကားလမ်းတောင် ဘက် ခြမ်းရှိ သျှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းများ အားလုံးမြောက်ဘက်ခြမ်းသို့ ၅ ရက် အတွင်း တပ်ဆုတ်ပေးရမည်ဟု ဆွေးနွေးချက်တွင် ပါရှိသည် ။


နိုဝင်ဘာ ၂၃ - ၂၄ ရက်နေ့ တွင် သျှမ်းပြည်တပ်မတော် SSPP/SSA ဒုဥက္ကဌ ဗိုလ်ချုပ်ခေး တိုင်း ဦးဆောင်သော အဖွဲ့ နှင့် ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့ ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းပါ အချက်ကြီး ၃ ချက် ၊ သဘောတူညီချက် ၆ ချက် ပါရှိသည် ။


အဆိုပါမှတ်တမ်း တွင် အစိုးရတပ်မတော်သည် SSPP/SSA ဝမ်ဟိုင်းဌာနချုပ်အား ထိုးစစ် ဆင်တိုက် ခိုက်ရန် ရည်ရွယ်ချက်မရှိဟု ပါရှိသည် ။ သဘောတူညီချက် ၆ ချက်အနက် - “ တတိယ အချက်တွင် SSPP/SSA တပ်ဖွဲ့ဝင်များအနေဖြင့် မိုင်းနောင် - မိုင်းရှူး ကားလမ်း မြောက်ဘက်ခြမ်းတွင် ရွှေ့ပြောင်း နေထိုင်ရန် နှင့် မိုင်းနောင် - မိုင်းရှူး ကားလမ်းတောင် ဘက်ခြမ်းရှိ ထိပ်တိုက်ရင်ဆိုင်နေသော တပ်မ တော် စစ်ကြောင်းများကိုလည်း ရွှေ့ပြောင်း နေရာချထားရန် ” - ဆိုသည့် အချက်ပါရှိသည် ။


အဆိုပါ ကိစ္စ နှင့် ပတ်သက်၍ သျှမ်းပြည်တပ်မတော် SSPP/SSA ကိုဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ ။


“ ဒီအချက်ကို ကြည့်မယ်ဆိုရင် သျှမ်းတပ်တွေက မိုင်းနောင် - မိုင်းရှူး ကားလမ်းမြောက် ဘက်ခြမ်း ကို ၅ ရက် အတွင်း ပြောင်းရမယ် ။ တောင်ဘက်ခြမ်းမှာ မနေရဘူးလို့ပြောတာ ။ အစိုးရ တပ်က တော့ ထိပ်တိုက် ဖြစ်နေတဲ့ တပ်တွေ နေရပ်ပြန်ပြီး တပ်အသစ် လာနေခိုင်း မယ် - ဆိုတဲ့ သဘောဘဲ - ဟု လားရှိုးမြို့နေ တော်လှန်ရေးသမားဟောင်း (ဦး) ပူလွယ်စိုင်း ဆိုင်က ပြောသည် ။


ယမန်နှစ် ၂၀၁၄ အောက်တိုဘာ ၂ ရက်မှ ၆  ရက်နေ့ အထိ တာဖါဆောင် တံတားတိုက်ပွဲ တွင် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တပ်နှစ်ဘက်စလုံး ရုပ်သိမ်းရမည်ဟု ညွှန်ကြားသော် လည်း ယနေ့တိုင် တာ့ဖါဆောင်တံတားတွင် အစိုးရတပ်မတော် အခြေချ နေထိုင်ဆဲဖြစ် သည် ။


ယခုနှစ် အောက်တိုဘာ ၆ ရက်မှ ယနေ့အထိ အစိုးရတပ်မတော် မှ သျှမ်းပြည်တပ်မတော် အား ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ စစ်ဘေးရှောင် ဒုက္ခသည်ပေါင်း ၁၀၀၀၀ ကျော် နေရပ်မှ ထွက်ခွာက မိုင်းရှူး ၊ လဲချား ၊ ကျေးသီး ၊ မိုင်းရယ် ၊ လားရှိုး ၊ တောင်ကြီး မြို့သို့ တိမ်းရှောင်ခိုလှုံ နေရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates