နိုင်ငံတော် သမ္မတ ဒုတိယ သမ္မတများ နေပြည်တော်၌ ရွေးချယ်သတ်မှတ်



မန်မာနိုင်ငံ ဒုသမ္မတ ၃ ဦးအား သမ္မတအတွက် လွှတ်တော် ၂ ရပ်လုံးမှ ယနေ့ မတ်လ ၁၅ ရက်တွင် မဲပေးဆုံး ဖြတ်ရာ NLD မှ ဦးထင်ကျော်  က မဲအများဆုံးဖြင့် အနိုင်ရရှိကာ မြန်မာ နိုင်ငံ၏ သမ္မတကြီး ဖြစ်လာသည် ။

သမ္မတကြီး ဦးထင်ကျော်
ဒုသမ္မတ ၁ ဦးမြင့်ဆွေ
ဒုသမ္မတ ၂ ဦးဟင်နရီဗင်ထီးယူ
NLD ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထင်ကျော် ၃၆၀ မဲဖြင့်သမ္မတ အဖြစ် အနိုင်ရရှိပြီး တပ်မတော်ကိုယ်စားလှယ် ဦးမြင့်ဆွေမှာ၂၁၃  မဲဖြင့် ဒုသမ္မတ ၁ အဖြစ်အနိုင် ရရှိခဲ့သည် ။ NLD ၏ အမျိုးသားလွှတ်တော် ကိုယ် စား လှယ် ဦးဟင်နရီဗင်ထီးယူ  မှာမူ ရ၉ မဲ ဖြင့် ဒုတိယသမ္မတ ၂ အဖြစ် အနိုင်ရရှိခဲ့ကြသည် ။


ဦးထင်ကျော် မှာမဲအများဆုံးဖြင့် မြန်မာနိုင်ငံ သမ္မတဖြစ်ကြောင်း ပြည်ထောင် စု လွှတ်တော်နာယက ကမွန်းလွဲ ၁ နာရီကျော်တွင် အတည်ပြုကြေငြာခဲ့ သည် ။


ယနေ့ သမ္မတ  ရွေးချယ်ပွဲတွင် ပြည်ထောင်စုလွှတ်တော်မှ အမတ် ၆၅၂ ဦးက မဲပေးခဲ့ကြ ခြင်းဖြစ်သည် ။


ဦးထင်ကျော်ဟာ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ လူယုံေ တာ် ဖြစ်သည်။ ချင်းအမျိုးသား ဦးဟန်နရီမှာမူ တပ်အငြိမ်းစား ဝန်ကြီး ဦးအောင်သောင်းခေတ်က စက်မှု (၁) ညွှန်ကြားရေး ဟောင်းတဦးဖြစ်ပြီး သူရဦးရွှေမန်း နှင့် နီးစပ်သူ တဦးဖြစ်သည်။ တပ်မတော်သား ကိုယ်စားလှယ် ဦးမြင့်ဆွေမှာမူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဟောင်းဖြစ်ကြောင်း သိရပါသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates