ပဉ္စမအကြိမ်မြောက် ကျားဖြူပါတီ ညီလာခံ ဗဟိုကော်မတီဝင်သစ်များရွေးချယ်
မတ်လ ၂၀ ရက်နေ့က တောင်ကြီးမြို့ ၊ ဘုရားဖြူရပ် ၊ ကိုးကန့် ကျောင်းတွင် ကျားဖြူပါတီ၏ ပဉ္စမအကြိမ် မြောက်ညီလာခံ ကျင်းပရာ ပါတီ ဥက္ကဋ္ဌ ၊ ဒုဥက္ကဋ္ဌ မပြောင်းလဲသော်လည်း အထွေထွေ အတွင်းရေးမှူး တွဲဖက်အတွင်းရေး နှင့် ဗဟိုကော်မတီဝင်သစ်များအား ရွေးကောက်တင်မြောက် နိုင်ခဲ့ကြောင်း သိရပါသည် ။
ကျားဖြူပါတီ ၏ ပဉ္စမအကြိမ်မြောက်ညီလာခံကို မတ် ၂၀ - ၂၁ ရက်နေ့ အထိ တောင်ကြီးမြို့ ဘုရားဖြူ ရပ်ကွက် ကိုးကန့်ဘုံကျောင်းတွင် ၂ ရက်သာ ကျင်းပရာ ပါတီအကြီးအကဲများကို မဲပေးရွေးချယ်ရာ ကျားဖြူပါတီ ဥက္ကဋ္ဌ အဖြစ် စိုင်းအိုက်ပေါင်း ၊ ဒုဥက္ကဋ္ဌအဖြစ် စိုင်းဆောင်ဆီ တို့ ထောက်ခံမဲ အများဆုံးရရှိပြီး မူလ ရာထူးများ ပြန်လည်ထမ်းရွက် သွားမည်ဟု ဆိုသည် ။
“ ဗဟိုကော်မတီဝင်တွေကို ရွေးချယ်နိုင်ခဲ့တယ်။ ညပိုင်းမှာကျတော့ ကျနော် တို့ ဥက္ကဋ္ဌ၊ဒုဥက္ကဋ္ဌ ကို ဒီမိုကရေ စီကျကျမဲပေးပြီးရွေး ချယ်ခဲ့တယ်။ ရွေးချယ် မှုတွေအတွက် အားလုံးက ကျေနပ်အားရ မှုရှိခဲ့ပါတယ် ။ အထွေ ထွေ အတွင်းရေးမှူးက စိုင်းဖိုးအောင် ၊ တွဲဖက် အတွင်း ရေးမှူး က စိုင်းအောင်မြင့် ခိုင် ပါ ”- ဟု တာချီလိတ်မြို့မှ ကျားဖြူပါတီဝင် စိုင်းသောင်းစိန် ကပြောပြ သည် ။
ကျားဖြူညီလာခံသို့မြို့နယ်ပေါင်း ၅၄ မြို့နယ်မှဗဟိုအလုပ်အမှုဆာင် များ လေ့လာသူများစုစုပေါင်း သုံးရာကျော်တက် ရောက်ကြောင်းသိရသည် ။
" ပါတီအလုပ်အမှုဆောင်အဖွဲ့အဆင့်အားလုံးရဲ့သက်တမ်းဟာ လွှတ်တော် သက်တမ်း နဲ့တူတယ် ၅ နှစ်တစ်ကြိမ်အသစ်ပြန်ရွေးချယ် တင်မြောက် တာဖြစ်တယ် "ဟု တောင်ကြီးမြို့နယ်အတွင်းရေးမှူး နန်းဝါနု ကပြောသည် ။
ဗဟိုကော်မတီဝင်များမှာ - ဗဟိုအကြံပေးအဖွဲ့ အဖြစ် ဦးစောသန်းမြင့်၊ စိုင်းထွေးမောင် ၊ စိုင်းမောင် ရွှေ၊ ဦးဆေကျော်ညွန့် ၊ ဒေါ်သန်းသန်းရွှေ ၊ စဝ်ယွန်းပိုင် ၊ စိုင်းအိုက်အေး ၊ စိုင်းကျော်မြင့် ၊ စိုင်းမိုး ကြည် ၊ စိုင်းဝင်းခိုင် တို့အားရွေးကောက် တင်မြောက်ခဲ့ကြကြောင်း သိရသည် ။
ဗဟိုကော်မတီဝင်များမှာ သျှမ်းပြည်အရှေ့ပိုင်းမှ စိုင်းခမ်းကျန် ၊ စိုင်းသောင်းစိန်နှင့် ဒေါ်နန်းငွေမြ ၊ သျှမ်းပြည်တောင်ပိုင်းမှ စိုင်းနောင့် ၊ စိုင်းခမ်းပန် ၊ စိုင်းရွှေဆိုင်း ၊ စိုင်းဆာအေး ၊ နန်းဝါနု ၊ လုံးစန့်ခမ်း အော တို့ဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်းမှ ဦးစိုင်းဆောင်ဆီ ၊ စိုင်းကျော်အုန်း ၊ စိုင်းဖိုးအောင် ၊ နန်းအွမ် ခမ်း ၊ နန်းခမ်းရင်အောင် ၊ စိုင်းထွန်းလင်း ၊ စိုင်းဆန်ကွယ် ၊ စိုင်းလိတ် ၊ စိုင်းခမ်းကျော် တို့ဖြစ်ပါသည် ။ ရန်ကုန်မှာမူ စိုင်းလှကျော်နှင့် စိုင်းအောင်မြင့်ခိုင် တို့အား ရွေးချယ်ထားကြောင်း သိရပါသည် ။
“ လူထုရဲ့အခက်အခဲ ပြသနာတွေ၊ဖြေရှင်းလို့မပြီးသေးတဲ့ပြသနာတွေကို ကျနော်တို့ကျားဖြူပါတီက ဆက်လက်ကူညီဖြေရှင်းသွားမယ် ။ ” - ဟု စာရင်းစစ် အဖြစ် ရွေးချယ်ခံရသည့် စိုင်းသောင်းစိန်က သျှမ်းသံတော်ဆင့် အားဆက်လက်ပြောပြသည် ။
ပါတီညီလာခံမှ ကျားဖြူပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် သဘောထားကြေငြာ ချက်တို့ကို ထုတ်ပြန်ကြေငြာခဲ့ပါသည် ။
ပါတီညီလာခံနောက်ဆုံးနေ့ မတ် ၂၁ ရက်နေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲပြု လုပ်သွား မည်ဖြစ်ကြောင်းသိရသည် ။
၂၀၁၅ ရွေးကောက်ပွဲတွင် ကျားဖြူပါတီ သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် မဲဆန္ဒနယ်၂၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်သော်လည်း သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ တနေရာသာ အနိုင်ရရှိသည် ။
Tags: News, politic