ဒေါက်တာ စိုင်းအောင်ထွန်းအား အန္ဒိယ နိုင်ငံ မှ ငြိမ်းချမ်းရေး သံတမန်ဆု ချီးမြင့်



အန္ဒိယ နိုင်ငံအခြေစိုက် The world peace movement trust, India မှ  မြန်မာ့သမိုင်းပညာရှင် ဒေါက်တာ စိုင်းအောင်ထွန်းအား ငြိမ်းချမ်းရေး သံတမန် ဆုချီးမြင့်သည့် ဂုဏ်ပြုအခမ်းအနားတရပ် အား ရန်ကုန်မြို့ရွှေတိဂုံဘုရားအနီး ရှိ M3 restaurants  hall  ၌ ယနေ့ မတ်ခ်ျ ၅ ရက်၌ ကျင်းပသည်ဟု သိရသည် ။


ဂုဏ်ပြုအခန်းအနား၌  ဆရာ စိုင်းအောင်ထွန်းက “ ကျနော်ဟာ သာမန်မိသားစု ကနေ မွေးဖွားလာ တယ် ။ ကျောင်းသား ဘ၀တုန်းက စော်ဘွားထောက်ပံ့မှု စရိတ်တော် ငွေ ၂၀ ကျပ် ၊ သျှမ်းပြည် အစိုးရ ထောက်ပံ့စရိတ် ငွေ ၆၀ ကျပ် နဲ့ ကျောင်းတက်လာတယ်။ ပုံမှန်ကြိုးစားခဲ့တယ် ။ ရွေးစရာ လမ်းတွေ အခွင့်အလှမ်းတွေ များပေမယ့် ကျနော် က ဒီလမ်းပဲ ရွေးလာခဲ့တယ် ” - ဟု ပြောသည် ။


ယနေ့အခမ်းအနားတွင် ဆရာစိုင်းအောင်ထွန်းနှင့်အတူ ကရင်အမျိုးသား ဆရာဦးထွန်းအောင်ချိန် လည်း ငြိမ်းချမ်းရေးသံသမန်ဆု ရရှိခဲ့ပါသည် ။


ဆရာစိုင်းအောင်ထွန်း ချီးခြင်းခံရသည့်အခန်းအနားသို့ SSPP/SSA နာယက ဗိုလ်ချုပ်ကြီးဆေထဲင် အပြင် တပည့်တပန်းများ ဖြစ်ကြသည့် လွယ်ဟိန်းကုမ္ပဏီ ပိုင်ရှင် မြန်မာ့စတော့ရှယ်ယာ ဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်း ၊ ငြိမ်းချမ်း ရေးအထောက်အကူပြု ပြည်ထောင်စု အင်စတီကျု ဒါရိုက်တာ ဦးခွန်စိုင်း ၊ ဒေါက်တာ စိုင်းဆန်အိုက် ၊ ဗိုလ်ချုပ်ကိုင်ဖ ၊ သျှမ်းစာပေ ပညာရှင် ဆရာဟင်းကာယန်း ၊ သမိုင်းဆရာ စိုင်းစင့် တို့လည်း တက်ရောက်ကြသည် ။


“ ကျနော်က  ၁၉၆၆  ကနေ ၁၉၆၉  အထိ ဆရာကြီးရဲ့ တပည့်ပေါ့ ။ စာပေတတ်ဖို့ ၊ သျှမ်းစာတတ်ဖို့ ၊ အမျိုးဘာသာ သာသာနာချစ်တတ်ဖို့ ဆရာကြီးကနေဘဲ လမ်းညွှန်သွန်သင်ခဲ့တာ ။ ဆရာကြီးကို ဂုဏ်ယူမိပါတယ် ” - ဟု အခမ်းအနားတက်ရောက်သည့် တပည့်တဦးဖြစ်သူ ဦးခွန်စိုင်း ကပြောသည် ။


သီပေါသား ဆရာစိုင်းအောင်ထွန်းသည်  ၁၉၃၂ တွင်မွေးဖွားသည် ။ ၁၉၅၇ ခု ရန်ကုန်တက္ကသိုလ် တွင် သမိုင်းဘာသာ ဘီအေဂုဏ်ထူးတန်းအောင်မြင်ပြီး သမိုင်းနည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်သည် ။ ၁၉၆၀ အမေရိကန် ကော်လိုလာဒို ဒင်မာတက္ကသိုလ်တွင် အမ်အေဘွဲ့အပြင် ပြည်တွင်းပြည်ပမှ ဘွဲ့ထူး ဂုဏ်ထူးအများအပြားဆွတ်ခူးရရှိခဲ့သည် ။ ရန်ကုန်တက္က သိုလ် မန္တလေးတက္ကသိုလ် ၊ တောင်ကြီး ၊ မကွေး ၊ မြစ်ကြီးနားတို့တွင် ကထိက တာဝန်ထမ်းဆောင်ပြီး မြစ်ကြီးနားကောလိပ် ၊ နိုင်ငံခြားဘာသာသိပ္ပံ ၊ ကျောင်းအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့ဖူးသည် ။ နိုင်ငံ တော်ကောင်စီဝင် ၊ မြန်မာ့သမိုင်းပညာရှင် ဒုတိယ ဥက္ကဌ စသည့်တာဝန်များလည်း ထမ်းရွက်ခဲ့ဖူးသည် ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates