RCSS/SSA ခေါင်းဆောင် နှင့် စိန်ကျော့ပြည်သူ့စစ်ခေါင်းဆောင် တွေ့ဆုံ
မတ်လ ၁၈ ရက် ယနေ့မနက်ပိုင်းက သျှမ်းပြည်မြောက်ပိုင်းသို့ရောက်ရှိနေသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်နှင့် ယခင် သျှမ်းတပ်မတော် မြောက်ပိုင်းခေါင်းဆောင်ဟောင်း (ယခု စိန်ကျော့ ပြည်သူစစ်အဖွဲ့ခေါင်းဆောင် ) ဦးလွယ်မောင်းတို့ တွေ့ဆုံခဲ့ကြခြင်းဖြစ်သည် ။
ဒု ဗိုလ်ချုပ်ကြီးယွက်စစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအကြောင်း ၊ ရှေ့ဆက်လုပ်ငန်းစဉ်များအကြောင်း ဆွေးနွေးခဲ့ကြောင်း ဒေသတွင်းလူငယ်များပြောပြချက်အရသိရသည် ။ ထို့အပြင် ဒေသတွင်းလူထုများနှင့် လည်းတွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်းလည်း ဆိုပါသည် ။
စိန်ကျော့ပြည်သူ့စစ်မှာ ယခင်က သျှမ်းပြည်တပ်မတော် မြောက်ပိုင်း၏ ဌာနချုပ် ဖြစ်ခဲ့ပြီး ၊ မိန်းခေး တပ်မဟာ ၃ ၊ ကာလိတပ်မဟာ ရ တို့နှင့်အတူ ၂၀၁၀ ခုနစ်က ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းခဲ့ခြင်းဖြစ် ပါသည် ။
ဒု - ဗိုလ်ချုပ်ကြီးယွက်စစ်သည် မတ်လဆန်းပိုင်းက တောင်ကြီးမြို့တွင်ကျင်းပသော သျှမ်းပြည်ညီညွတ်ရေး ကော်မတီအစည်းအဝေးတက်ရောက်မှုအပြီး သျှမ်းပြည်တောင်ပိုင်း ကျိုင်းတောင်း လင်းခေး မောက်မယ် မိုးနဲ နမ်စန် ခိုလမ် ကွန်ဟိန်း ကာလိ လားရှိုး မြို့နယ်များသို့ရောက်ရှိကာ ဒေသခံလူထုနှင့် တွေ့ဆုံဆွေး နွေးကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ရှင်းလင်းပြခဲ့ကြောင်းသိရပါသည် ။
သျှမ်းတပ်မတော် မြောက်ပိုင်း နှင့် ထိုင်းနယ်စပ် အခြေစိုက် သျှမ်းပြည်တပ်မတော် RCSS/SSA တို့ ပူးပေါင်းကြရန် ရဟန်းသံဃာတော်များ နှင့် သျှမ်းလူထုတို့ လက်မှတ်ရေးထိုးတောင်းဆိုမှုများရှိခဲ့ပြီး လက်နက်ကိုင် အဖွဲ့အချင်းချင်းဆွေးနွေးမှုများလည်းရှိလာ ခဲ့ပါသည် ။
Tags: General, News