ပရိယတ္တိသဒ္ဓမ္မပါလ သင်ရိုးညွှန်းတမ်း ပြန်လည်မွမ်းမံခြင်းအစည်းအဝေး ပင်လုံတွင်ကျင်းပ



သျှမ်းပြည်နယ်လုံးဆိုင်ရာ ပရိယတ္တိ သဒ္ဓမ္မပါလ စာသင်သံဃာတော်များ အတွက် သင်ရိုးညွှန်း တမ်း ပြန်လည် ပြုပြင်မွမ်းမံဖို့ သံဃာတော်များ ဆွေးနွေး ပွဲ တရပ်ကို သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ တွင် ကျင်းပခဲ့သည် ။

ပရိယတ္တိ သဒ္ဓမ္မပါလ သင်ရိုးညွှန်း
တမ်း ပြန်လည်မွမ်းမံခြင်း အစည်း အဝေး

မေလ ၁၈ ရက်နှင့် ၁၉ ရက်နေ့တို့တွင် ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည်နယ်လုံး ဆိုင်ရာ ပရိယတ္တိစာသင်တိုက်မှ သင်ရိုးညွှန်းတမ်း ၊ ကျိုင်း တုံမြို့ ဓမ္မောတိယကျောင်းတိုက်မှ သင်ရိုး ညွှန်း တမ်း ၊ မူစယ်မြို့ကျောင်းခမ်းကျောင်းတိုက်မှ သင်ရိုးညွှန်းတမ်း ၊ အစိုးရ၏ သာမဏေကျော် ၊ ပထမ ပြန်သင် ရိုး ညွှန်းတမ်း ၊ ထိုင်းနိုင်ငံ သံဃာတော်များအဖွဲ့၏ သင်ရိုးညွှန်း တမ်းတို့အား စုပေါင်း၍ ဆွေးနွေးသုံးသပ်ကာ သင့်တော်ရာ ကိုရွေး ချယ် ပြဌာန်း မည်ဖြစ်ကြောင်း အစည်းအဝေးသို့ကြွ ရောက်တော်မူသည့် ဆရာတော်များက မိန့်ကြားတော်မူသည် ။


“ စာသင်သံဃာတော် တွေအတွက် သင့်တော်ရာကို ရွေးချယ်ပြီးတော့ ပြ ဌာန်းသွားမယ် ။ နိုင်ငံ တကာအဆင့်မှီအောင်၊ တောင်ကြီးက ဗုဒ္ဓတက္ကသိုလ် ဝင်နိုင်အောင် သင်ရိုးညွှန်းတမ်းတွေပြောင်း လဲမယ် ။ သံဃာတော်တွေကို အရည်အချင်းတိုးမြင့်ပေးဖို့နဲ့ ဗုဒ္ဓသာသနာ တော်ပျံ့ပွါးရေး လုပ်ငန်း အတွက် ၊ ကျယ်ကျယ်ပြန့်ပြန့်သိစေဖို့ရည်ရွယ်တယ် လို့ဆရာတော်ဘုရား များ က ဆွေးနွေး တော် မူတယ် ။” - ဟု အစည်းဝေးဖြစ်မြောက်ရေးတွင် ပံ့ပိုးကူညီသည့် စိုင်းခမ်းမွန်း က ပြန်လည်ပြောပြ သည် ။


အဆိုပါတွေ့ဆုံအစည်းအဝေးသို့ သျှမ်းပြည်တောင်ပိုင်း ပင်လုံမြို့တွင် သျှမ်းပြည်နယ် လုံးဆိုင်ရာ သံဃာ့နာယကအဖွဲ့ဥက္ကဌ လွယ်လင်ဓါတ် တော်ကျောင်း တိုက်ဆရာတော် ဒေါက်တာပညာနန္ဒနှင့် အောက်စဖို့ ဗုဒ္ဓ ဝိဟာရေ ကျာင်းတိုက် ဆရာတော် ဒေါက်တာ ဓမ္မသာမိ တို့ အပါအဝင် အနယ်နယ် အရပ်ရပ်မှ သံဃာတော် ၁၀၀ ကျော် ကြွရောက်သည် ။


ပင်လုံမြို့ရှိ ပရိယတ္တိစာသင်တိုက်သည် သျှမ်းပြည်နယ်လုံးဆိုင်ရာစာတိုက်၏ ဗဟိုစာသင်တိုက် ဖြစ်ပါသည် ။  




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates