သီပေါမြို့နယ်အတွင်း ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကြောင့် ဒေသခံများလယ်ယာမြေများစွာဆုံးရှုံး
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ၀မ်လုံနမ့်မရွာအတွင်း ငွေရည်ပုလဲ ကုမ္မဏီမှ နှစ်ပေါင်းများ စွာတူးဖော်နေသော ကျောက်မီးသွေးတူးဖော်ရေး စီမံကိန်းမှ ဆိုးကျိုးများစွာခံစားနေရသည်ဟုဆိုကာ နယ်မြေခံလူထုက ဆန့် ကျင်ကန့်ကွက်ခဲ့ ကြောင်း သိရသည် ။
သီပေါမြို့ အရှေ့တောင်ဘက် ၂၃ မိုင်ခန့်အကွာ နားနျု အုပ်စုအတွင်း ဝမ့်လုံ နမ့်မ ရွာ ၃ နေရာတို့တွင် ငွေရည်ပုလဲ ကုမ္မဏီမှ ဆယ်စုနှစ်တခုခန့် ချီ ကျော က်မီးသွေးများ ဝင်ရောက်တူးဖော် သယ်ဆောင်နေ ရာ လက်ရှိ တွင် ဒေသ ခံများမှ ဆိုးရွားစွာ ဆိုးကျိုးခံနေရပြီဖြစ်သဖြင့် ထပ်မံဆန့်ကျင်ကန့်ကွက်ခဲ့ ရခြင်းဖြစ် ကြောင်း ဒေသခံ များကပြောသည် ။
ဝမ့်လုံနမ့်မရွာသားများ ဆွေးနွေးပွဲအပြီး ကျောက်မီးသွေးတူးဖော်ရေး အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်နေစဉ် |
“ ကျနော်တို့ဒီတဝိုက်မှာ ယခင်က လက်ဖက်ခြံ ၊ ဆန်ကြိတ်စက် ၊ ရွာသားတွေ နဲ့ ဘုန်းေ တ်ာကြီးကျောင်း မီးရရှိရေးအတွက် ဒေသခံ ရွာသားများ စုပေါင်းလုပ် အားနဲ့ ပြုလုပ်ထားတဲ့ မီးစက် ကြီးနဲ့ စိမ်းစိမ်းစိုစို လယ်ကွက်တွေ ရှိခဲ့ဖူးပါ တယ် ။ အခုအခါမှာတော့ အဲဒီတောတောင်ရေမြေသဘာဝ အလှ၊ ချောင်းေ ရ မြောင်းရေနဲ့ လယ်ကွက်တွေအစား တွင်းမဲကြီးနဲ့ ပုပ်စော်နံနေတဲ့ အဆိပ်ရေတွေဘဲကျန်တော့တယ် ” ဟု ရပ်မိရပ်ဖ လုံးအေး မှ ပြောသည် ။
ငွေရည်ပုလဲကုမ္မဏီ၏ ကျောက်မီးသွေးစီမံကိန်းကြီးများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ဧပြီလ ၁ ရက် နံနက် ၉ နာရီ မှ ၁၂ နာရီ အထိ ဝမ့်လုံနမ့်မေ ကျး ရွာအခြေပြုပြည်သူလူထုနှင့် ရွာအနီးတစ်ဝိုက်ရှိ လူထုအင်အား ၂၅၀ ခန့်က ဝမ့်လုံနမ့်မကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းတွင်စုဝေးကာ ကျင်းပခဲ့ကြောင်းသိရသည် ။
ကျောက်မီးသွေး တူးဖော်ခြင်းမှရွာသားများရင်ဆိုင်ကြုံတွေ့ခဲ့ရေ သာ ကောင်း ကျိုး ၊ ဆိုးကျိုး များကို ဆွေးနွေးဖလှယ်ခဲ့သည်ဟု အမည်မဖော်လိုသူ နယ်မြေခံပြည်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောပြသည် ။
ထိုဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် နမ့်မဒေသကျောက်မီးသွေးတူးေ ဖ်ာရေးစီမံ ကိန်း ကိုဆန့်ကျင်ကြောင်း ၊ ငွေရည်ပုလဲ ကုမ္မဏီကြီး မိမိတို့ဒေသမှ အမြန်ဆုံး ထွက်သွားစေလိုကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်ဟု သိရသည် ။
“ ကျောက်မီးသွေးတူးတယ်ဆိုတာက မြေမျက်နှာသွင်ပြင်နဲ့ ချောင်းရေမြောင်းရေ စီးဆင်းမှုကို ပြောင်းလဲစေတယ်လေ ။ ဒါကြောင့် ရေကြီးရေ လျှံမှုေ တွဖြစ်ပေါ်တယ် ။ ကွင်းပြင်တွေမှာ မိုင်းခွဲ တူးဖော်တော့ သစ်ပင် သစ်ေ တာ ပြုန်းတီးတယ်။ ဒီတွေက အခြေခံဆုံးရှုံးမှုတွေပေါ့နော် ” - တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် ပညာတတ်လူငယ် အမျိုးသမီး နန်းယိင်းနွံ ကပြောသည် ။
အဆိုပါကျောက်မီးသွေးတွင်းမှ မြေစာပုံကြီးမှ မြေကြီးများနှင့် ဓါတုအ ဆိပ် ဓါတ်များ မိုးရေနှင့်အတူ မြစ်ချောင်းများနှင့် လယ်ကွင်းများအတွင်း စီးဝင် သဖြင့် ရေများညစ်ညမ်းခမ်းခြောက်ကာ လယ်ယာမြေ များ ပြုန်းတီးပျက်စီး ကုန်ေ ကြာင်း ကိုယ်တိုင်သွားရောက်လေ့လာခဲ့သည့် ၎င်းက ပြောပြသည် ။
“ ဒီ ညစ်ညမ်းတဲ့ ရေတွေကို ခပ်ယူသုံးစွဲနေရတာကြောင့် ကျမတို့ရွာမှာ အရင်က မရှိခဲ့ဖူးတဲ့ အဆုတ် ကင်ဆာ ၊ နှလုံးရောဂါ ၊ အသက်ရှူကျပ်ရောဂါ ၊ တီဗွီရောဂါ ၊ ကျောက်ကပ်ရောဂါတွေ ကိုခံစားနေကြရ တယ် ။ လူတွေလဲသေ။ ကျွဲနွားတွေလဲသေပေါ့ ။ အဲလိုဖြစ်နေတာကြာပြီ ” ဟု ရွာသူ နန်းဆိုင် ကပြောသည် ။
မြစ်ချောင်းများ တိမ်ကော မှုကြောင့် ငါး ၊ ပုဇွန် ၊ ဂဏန်းများ လည်း သေကြေ ပျက်စီးကုန် ကြောင်း ဒေသခံ စိုင်းကျော်စိန်ကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည် ။
“ အဲလိုမျိုး ငါးတွေလည်း မမျှားနိုင်၊ လယ်ယာမြေတွေလဲ ပျက်စီးကုန်- စ တာတွေကြုံလာတော့ ၂၀၁၀ ခုနှစ်တုန်းကတကြိမ် ဒေသခံလူထုတွေ စုပေါင်း ပြီး ကျောက်မီးသွေးတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက် ခဲ့တယ် ။ အဲ့ချိန်မှာ ဘဲ ငွေရည်ပုလဲကုမ္မဏီကြီးမှ ၁၂ ဘီး ကားကြီး ၂၅ စီးနဲ့ ညတွင်းချင်း လာပြီးတော့ခိုး တူးတယ် သယ်ထုတ်တယ် ။ ဒါတွေဟာ ကျနော်တို့ဒေသခံ ရွာသားတွေ ကို ကုမ္မဏီကြီးက မထေမဲ့မြင်ပြု တာဘဲလေ ” ဟု အုပ်စု ၄ နားနျု ကျေးရွာအုပ်စု ၂ ဥက္ကဌ စိုင်းကျော်စိန်မှ ပြောသည် ။
နားကွန်ကျေးရွာဒေသရှိ ကျောက်မီးသွေးသိုက်အား ကုမ္မဏီမှ မရပ်နားဘဲ ဆက်လက်တူးဖော် နေမည် ဆိုပါက ထပ်မံဆုံးရှုံးရမည့်လယ်ယာမြေ ဧကေ ပါင်း ၁၀၀ ထက်မနည်းရှိကြောင်း ၊ ထို့ကြောင့် ဝမ်းရေး အတွက် လူထုတရွာ လုံး နေရာပြောင်းရွှေ့ရဖွယ်ရှိကြောင်း ဒေသခံစိုင်းအေးကလည်း ပြောပြသည် ။
နားနျုအုပ်စု ဝမ့်လုံရွာမ ရွာကြီးအတွက် ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက် မီးသွေး တွင်းကြီး ၃ နေရာ တူးဖော်နေရာ - ပိန်းဆိုင်းရွာ ၊ ပန်ငါးရွာ နှင့်နားကွန်ရွာ အနီးတဝိုက်တို့တွင်ဖြစ်ကြောင်း ၊ ဝမ့်လုံရွာမမှ ဒေသခံများပြောပြချက်အရ နားကွန်ရွာ ကျောက်မီးသွေးတွင်းတနေရာတည်းမှ ကုမ္မဏီမှလစဉ်ဝင်ငွေ ကျပ်သိန်းပေါင်း ၂၈၀၀ ခန့်ရှိနေကြောင်း ၊ သို့သော် ဒေသခံလူထုမှာ မည်သည့် အကျိုးကျေးဇူးမျှမခံရဘဲ ဆိုးကျိုးများကိုသာ ခံနေရကြောင်း ဆိုပါသည် ။
ဝမ့်လုံနမ့်မ ရွာတွင်းသို့ ကျောက်မီးသွေးတူးဖော်ရန် ငွေရည်ပုလဲကုမ္မဏီကြီးမှ ၂၀၀၀ ပြည့်နှစ်ကတည်းကစတင်ဝင်ရောက်လာခဲ့ကြောင်းလည်း ဒေသခံများပြောပြချက်အရ သိရပါသည် ။
Tags: Environment, News