SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက်ခြမ်းတပ်စခန်း များအား မြန်မာ့ တပ်မတော် စတင်တိုက်ခိုက် တိုက်လေယာဉ်ပါအသုံးပြု
သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ပိုင်း ကပ်လျက် တပ်စခန်းများအား အစိုးရ တပ်မတော် ယနေ့မေ ၁၈ ရက်နေ့ နံနက်ပိုင်းမှစ၍ ထိုးစစ်ဆင်မှုများ စတင်နေပြီး တိုက်လေယာဉ် ၂ စီးပါအသုံးပြုကာပစ်ခတ်နေကြောင်း ဒေသအတွင်း သတင်းရပ်ကွက်မှ သိရသည် ။
ယနေ့ သျှမ်းပြည်မြောက်ပိုင်း SSPP/SSA
လှုပ်ရှားနယ်မြေဘက်သို့ ဦးတည်နေသော
အစိုးရတပ်မတော်၏ စစ်ယာဉ်တန်းအား တွေ့စဉ်
|
၂၀၁၆ မေ ၁၈ ရက် နံနက် ၈ နာရီမှစ၍ မြန်မာ့တပ်မတော် တိုက်ခိုက်ရေး အင်းအား ၃၀၀ ခန့်က ဝမ့်ဟိုင်းဌာနချုပ် အနောက်မြောက်ဘက်ခြမ်း ၊ သီပေါမြို့နယ် အနောက် တောင်ဘက်ခြမ်း နမ့်မကျေးရွာအုပ်စု ၊ နားနျို့ကျေးရွာအုပ်စု အတွင်းရှိ သျှမ်းပြည်တိုး တက်ရေးပါတီ သျှမ်းပြည် တပ်မတော် SSPP/SSA ဌာနချုပ် လုံခြုံရေးတပ်စခန်းများအား စတင်တိုက်ခိုက်နေကြောင်း ၊ တောင်ယာလုပ်ကိုင် နေသူ အမျိုးသား ၃ ဦး အား လည်း ဖမ်းဆီးသွားကြောင်း ဒေသအတွင်း သတင်းများကပြောသည် ။
“ လက်နက်ကြီးတွေ နဲ့ တောတောင်တွေဘက်ကို နံနက် ၈ နာရီ ကနေ စပြီး ပြစ်ခတ် တယ်။ သျှမ်းတပ် နဲ့ တော့ ၁၀ နာရီလောက်တုန်းက နမ့်မ အုပ်စု ဝမ်လုံ ၊ ပိန်းဆိုင်း ၊ ပါတဲစ်ကျေးရွာ အနီးမှ ရှိတဲ့ ကျနော်တို့ တပ်စ ခန်းတွေကို စတိုက်တာ ၊ တိုက်လေယာဉ်တွေပါသုံးတယ် ။ မိုင်းရယ်စစ်ဗျူဟာမှူး ကိုယ်တိုင်ဦးစီးပြီးတော့တိုက်တယ် ။ တိုက်ရဟတ်ယာဉ် MI 35 ၂ စီးနဲ့ ကျနော်တို့ရဲ့ ဟိုလွယ်နားဆိုင်းဘက်က စခန်းတွေကိုတိုက်တယ် ” - ဟု သီပေါမြို့နယ်အတွင်း လှုပ်ရှားနေသည့် သျှမ်းတပ်မှူးတဦး က ပြောသည် ။
ယခုဖြစ်ပွားသော တိုက်ပွဲသည် တပ်များ ကြိုတင်ဖယ်ရှားစေခိုင်းမှု ၊ သွားလာဖြတ်သန်း ခွင့်တောင်း ဆိုမှု လုံးဝ မရှိကြောင်း ၊ အင်အား အလုံး အရင်ြး ဖင့် ယမန်နေ့က ရောက်ရှိလာပြီး ယနေ့ စတင်တိုက် ခိုက် ခြင်းဖြ စ်ကြောင်း ဌာနချုပ် အရာရှိကြီးတဦးကပြောသည် ။
“ သေနတ်သံကြားတော့ ကြောက်ကြောက်လှန့်လှန့်နဲ့ ရွာကို ပြန်လာကြတာ ။ လမ်းမှာ ဗမာတပ်စစ် ကြောင်းနဲ့ တိုးတော့ ဖမ်းဆီးခံရတယ်။ ရွာသူကြီး စိုင်းအောအောင် အသက် ၃၅ နှစ် ၊ စိုင်းစိ ၂၁ နှစ် ၊ စိုင်းလ အသက် ၃၂ နှစ် ၊ သူတို့ အမျိုးသမီးတွေတော့ ဖမ်းမထားဘူး ။ ဒါပေမယ့် ရွာကို ပြန်ခွင့် မပေး ဘူး ၊ တောင်ယာ ရှိတဲ့ဘက်ကို ပြန်မောင်းထုတ်တယ် ။ သူတို့ ရဲ့ လုံခြုံရေးကို စိတ်ပူရတယ် ” - ဟု နမ့်မ ရွာသား စိုင်းခမ်း ကပြောသည် ။
တိုက်ပွဲများကြောင့် ဝမ့်လုံရွာ ၊ ပိန်းဆိုင်းရွာ ၊ ပါတစ်ရွာ သူရွာသားများ သီပေါမြို့နယ် လားရှိုးမြို့နယ်ဘက်သို့လည်းကောင်း ၊ အနီးအနားရှိ ရွာမ ကြီး များ သို့ လည်း ကောင်း ထွက်ပြေးတိမ်းရှောင်နေကြသည်ဟု ဒေသခံများ က ပြော သည် ။
သုံးသပ်သူများ ပြောဆိုချက်အရ မေလ ဆန်းပိုင်းမှ စ၍ ကျောက်မဲမြို့နယ် အတွင်းရှိ သျှမ်းပြည် တပ်မတော် SSPP/SSA တပ်စခန်းများအား အင်အား သုံးတိုက်ခိုက်မှုတွင် အကျအဆုံးများသော ကြောင့် ၊ မကျေနပ်ပွဲ လာရောက် ဆင်နွဲခြင်းဖြစ်ကြောင်း - ပြောသည် ။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ် ရေးထိုးရန် အဆင့်သင့်မဖြစ်သေးသော် လည်း ၂၀၁၂ ခုနှစ် က ပြည်နယ်အဆင့် ပြည် ထောင်စု အဆင့် ငြိမ်းချမ်းရေး လက်မှတ် ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည် ။
SSPP/SSA သည် ညီညွတ်သောတိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ UNFC ၏ အဖွဲ့ဝင်ဖြစ်ပြီး NCA စာချုပ်လက်မှတ်ရေး ထိုးရန် ငြင်း ဆန်ထားသည့် ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နှင့် လည်းမဟာမိတ်ဖြစ်သည် ။
Tags: News, War