
ကုန်တင်ကားတန်း
၎င်းလက်နက်ကိုင်များက ကုန်ကားအား ဗုံးခွဲပြီးနောက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ယခုလို ပြောသည် ။
“မနေ့ညပိုင်း ၈ နာရီခွဲလောက်ပေါ့။ ကွတ်ခိုင်မြို့နယ် ဟိုမုံးရွာ တံတားနားမှာ ကုန်ကားတစ်စီးကို အရင် ဗုံးခွဲတာပေါ့နော်။ အဲဒါပြီးမှ မီးရှို့လိုက်တယ်။ သူတို့ တင်လာတာကတော့ ပဲပုတ်စေ့။ နမ့်အွန်မီးသတ်က ဒီနေ့မနက် ၇ နာရီလောက်မှာ ကား မီးငြိမ်းဖို့တဲ့ သွားကြတယ် ” ဟု သူက ဆိုသည် ။
ယခုလ ၁၉ ရက်နေ့ကလည်း ၄င်းနေရာအနီး၌ ကုန်ကားတစ်စီး ဗုံးခွဲခံခဲ့ရသေးရာ ယခု ဒုတိယအကြိမ် ထပ်မံ ကားဗုံးခွဲခံရ ခြင်း ဖြစ်သည် ။
အဆိုပါဖျက်ဆီးခံလိုက်ရသည့် ကုန်ကားပိုင်ရှင်မှာ မန္တလေးမြို့မှ ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ သူများ ထိခိုက်မှု ရှိမရှိ အတိအကျ မသိရပေ ။