မန္တလေး - မူစယ်လမ်းတွင် ကုန်ကားတစီး ထပ်မံ ဗုံးခွဲခံရ



မန္တလေးမြို့မှ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ဘက်သို့ ထွက်ခွာသည့် ကုန်တင်ကားတစ်စီးအား ယမန်နေ့ ည ၈ နာရီ ခွဲ ခန့်က ကွတ်ခိုင်မြို့နယ် ဟိုမုန်းရွာ တံတားအနီးတွင် အမည်မသိလက်နက်ကိုင် အဖွဲ့မှ ဗုံးခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည် ။

Cars_to_northern

ကုန်တင်ကားတန်း

၎င်းလက်နက်ကိုင်များက ကုန်ကားအား ဗုံးခွဲပြီးနောက် မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ယခုလို ပြောသည် ။


“မနေ့ညပိုင်း ၈ နာရီခွဲလောက်ပေါ့။ ကွတ်ခိုင်မြို့နယ် ဟိုမုံးရွာ တံတားနားမှာ ကုန်ကားတစ်စီးကို အရင် ဗုံးခွဲတာပေါ့နော်။ အဲဒါပြီးမှ မီးရှို့လိုက်တယ်။ သူတို့ တင်လာတာကတော့ ပဲပုတ်စေ့။ နမ့်အွန်မီးသတ်က ဒီနေ့မနက် ၇ နာရီလောက်မှာ ကား မီးငြိမ်းဖို့တဲ့ သွားကြတယ် ” ဟု သူက ဆိုသည် ။


ယခုလ ၁၉ ရက်နေ့ကလည်း ၄င်းနေရာအနီး၌ ကုန်ကားတစ်စီး ဗုံးခွဲခံခဲ့ရသေးရာ ယခု ဒုတိယအကြိမ် ထပ်မံ ကားဗုံးခွဲခံရ ခြင်း ဖြစ်သည် ။


အဆိုပါဖျက်ဆီးခံလိုက်ရသည့် ကုန်ကားပိုင်ရှင်မှာ မန္တလေးမြို့မှ ဖြစ်ပြီး ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါ သူများ ထိခိုက်မှု ရှိမရှိ အတိအကျ မသိရပေ ။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates