သျှမ်းမြောက် နမ့်ခမ်းမြို့ ၌ မြန်မာ- တရုတ် ၈ မြို့နယ်ချစ်ကြည်ရေးကြက်တောင်ကစားပွဲကျင်းပ



သျှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ ၌  မြန်မာ - တရုတ် ၈ မြို့နယ် ကြက်တောင်ရိုက်ပြိုင်ပွဲကို  နမ့်ခမ်းဖောင်ကြက်တောင်ကလပ် မှ ဦးစီးကျင်းပခဲ့  ကြောင်းသတင်းရရှိသည်။


`ဒီပွဲက  နှစ်နိုင်ငံချစ် ကြည်ရေးပွဲ ဖြစ်သလို ကျနော်တို့ ကလပ်တည်ထောင်ခြင်း ၁၁ နှစ်ပြည့်တဲ့ အထိမ်း အမှတ်ပွဲလဲဖြစ်တယ်´ဟု နမ့်ခမ်းကြက်တောင်ကလပ် အလုပ်အမှုဆောင်အဖွဲ့ မှတာဝန်ရှိသောသူတစ်ဦး ကပြောသည်။


စက်တင်ဘာလ ၁၇ ရက်နေ့တွင်ကျင်းပသော ချစ်ကြည်ရေးကြက်တောင်ရိုက်ကစားပွဲတွင် တရုတ်နိုင်ငံဘက်မှ ရွှေလီ(မိန်းမောဝ်) ၊ မန့်စိ(မိုင်းခွမ်)၊ ထိန့်ချုံး၊ လုံချွမ်း စသည့်ကြက်တောင်အသင်းတို့ပါဝင်ပြီး  မြန်မာနိုင်ငံဘက်မှ နမ့်ခမ်းမြို့နယ်ကိုယ်စားပြု  နမ့်ခမ်းဖောင်ကြက်တောင်ကလပ်၊ မူစယ်ခရိုင်ကိုယ်စားပြု  ကမ္ဘောဇကြက်တောင်ကလပ် ၊လားရှိုး ၊နှင့် ကွတ်ခိုင် မှကြက်တောင်ကစားသည့်အဖွဲ့များ စုစုပေါင်း အယောက် ၁၀၀ ကျော်ပါဝင်ပါသည်။


နှစ်နိုင်ငံချစ်ကြည်ရေးကြက်တောင်ရိုက်ပွဲသို့  နမ့်ခမ်းမြို့ အထွေထွေအုပ်ချူပ်ရေးမှူး ၊ ရဲမှူးကြီး ၊စည်ပင်ဦးစီးအရာရှိ ၊ မြို့မိမြို့ဖ များ ၊ မြို့နယ်အာကာမှူး နှင့် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှတာဝန်ရှိသူများ  က  တက်ရောက်အားပေးခဲ့ကြသည်။


နှစ်နိုင်ငံချစ်ကြည်ရေးကြက်တောင်ရိုက်ပွဲကို တစ်နှစ် တစ်ကြိမ် အပြန်အလှန်ဖိတ်ခေါ်ကစားကြသည်။ ရည်ရွယ်ချက်မှာ နှစ်နိုင်ငံချစ်ကြည်ရေးခိုင်မာမှုရှိစေရန် ၊နှစ်နိုင်ငံ ကြက်တောင်အားကစားသမားများ ချစ်ကြည်ရင်းနှီးမှုရှိကြရန် နှင့် ကြက်တောင်ကစားခြင်းဖြင့် ကျန်းမာသန်စွမ်းမှုရရှိစေရန် စသည်တို့ဖြစ်ကြကြောင်း နမ့်ခမ်းဖောင်ကလပ် ဥက္ကဌ စိုင်းအုန်းကျော် ကဆိုသည်။


နမ့်ခမ်းဖောင်ကြက်တောင်ကလပ်သည် နမ့်ခမ်းမြို့ ရှိ ဒေသခံ ကြက်တောင်အားကစားဝါသနာရှင်များစုပေါင်းပြီး ၂၀၀၆ ခုနှစ်မှစတင်တည်ထောင်ခဲ့သည့် ကိုယ်ထူကိုယ်ထ ကြက်တောင်ကလပ်တခုဖြစ်ကြောင်း ၄င်းကြက်တောင်ကွင်းမှာ အထက ၁ကျောင်းဝင်း  မိုးလုံလေလုံ အားကစားရုံအတွင်း၌ တည်ရှိထားကြောင်း ဒေသခံများထံမှသိရှိရသည်။


ဆက်ဖတ်ရန်


SNLD ဥက္ကဌ ခွန်ထွန်းဦး ယနေ့ ရ၄ နှစ်ပြည့်



စက်တင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သော SNLD သျှမ်းတိုင်းရင်း သား များဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦး၏ ရ၄ နှစ်ပြည့်မွေးနေ့အား ညနေပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ၉ မိုင် သျှမ်းရွာတွင် အခမ်း အနားကျင်းပမည်ဖြစ်ရာ မွေးနေ့ပွဲတက်ရောက်သူများအား ကံစမ်းမဲ ဖောက်ပေး မည်ဖြစ်ကြောင်း သိရသည်။


SNLD ဥက္ကဌ ခွန်ထွန်းဦး သည် ၁၉၄၃ ခုနှစ်စက်တင်ဘာလ ၁၁ ရက်နေ့ တွင် သိန္နီမြို့တွင် မွေးဖွားသည်။ ဖခင်စဝ်ကြာဇုံသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ အကိုဖြစ်ပါသည်။ တောင်ကြီးမြို့ ကမ္ဘောဇ ကျောင်းမှ တက္ကသိုလ်ဝင်တန်းကို ၁၉၆၄ ခုနှစ်တွင်အောင်မြင်ခဲ့ပါသည်။


၁၉၆၅ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်တွင် ဥပဒေဘာသာရပ် ကိုဒုတိယနှစ် အထိ တက်ရောက်သင်ကြား ခဲ့ပါသည်။ ၁၉၆၇ မှ ၁၉၇၇ အထိ အင်ဒိုနီး ရှား သံရုံးစစ်သံမမှူး၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါ သည်။ ထိုနောက် ဂျပန်နိုင်ငံမှနိုင်ငံတကာသတင်း စာဖြန့်ချီရေးကုမ္ပဏီ (OCS)၏ မြန်မာနိုင်ငံကိုယ်စားလှယ်ဖြစ်သည်။


၁၉၈၈ ခုနှစ်တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တွင်အထွေထွေအတွင်းရေးမှူး အဖြစ်စတင် တာဝန် ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် အဖွဲ့ချုပ်၏ဥက္ကဌအဖြစ် တာဝန် ယူလာသည်မှာ ယနေ့တိုင်ဖြစ်သည်။


၁၉၉၀ ပြည့် မေလ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ ချုပ်ကိုဦးဆောင်၍ မြန်မာပြည်တဝှမ်း သျှမ်းတိုင်းရင်းသားများ စုစည်းနေ ထိုင်ရာဒေသများတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။ မြန်မာ့သမိုင်းတွင် သျှမ်းတိုင်းရင်းသားများ အနေဖြင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင် အများဆုံးနှင့်ဒေသအနှံ့ ပါဝင်ယှဉ်ပြိုင်ပြီး တနိုင်ငံလုံး ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည့် ပါတီ ဖြစ်သည်။


စဝ်ခွန်ထွန်းဦးကိုယ်တိုင်သီပါမဲဆန္ဒနယ်အမှတ် ၁ တွင် ၀င်ရောက်အရွေး ခံခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ရွေးကောက်တင်မြှော က်ခြင်း ခံခဲ့ရသည်။ ၀င်ရောက်ယှဉ်ပြိုင်အရွေးခံသူ သုံးဦး အနက် ထိုစဉ်က သျှမ်းတိုင်းရင်းသားများလောက၌ ထင်ရှားကျော်ကြားသော နိုင်ငံေ တာ်ေ ကာင်စီဝင် အငြိမ်းစား ဖြစ်သူ စိုင်းအောင်ထွန်း နှင့် ဒီမိုကရေစီအရေး ကို တပြည်လုံးတွင် ထောက်ခံမှုရရှိနေသော အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဦးစိုင်းတင့်ဇော် တို့နှင့် ယှဉ်ပြိုင်ရာ စဝ်ခွန်ထွန်းဦးက သျှမ်းလူထု၏ ထောက်ခံမှု ရယူ ပြသနိုင်ခဲ့သည်။


စဝ်ခွန်ထွန်းဦး ဦးဆောင်ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ် ၅ ဦး ရွေး ချယ်တင်မြှောက်ခြင်းခံရသော ကိုယ်စားလှယ် ၅ ဦးတို့သည် နဝတ မှ ကျင်းပသော အမျိုးသားညီလာခံသို့ တက်ရောက်ခဲ့ပြီး သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ သဘောဆန္ဒကိုအနည်း အကျဉ်း သိရှိနား လည်လာခဲ့ရပါသည်။


စဝ်ခွန်ထွန်းဦး၏ ဦးဆောင်မှုဖြင့် ၆၅ နေရာတွင် ယှဉ်ပြိုင်အရွေးခံရန် စာရင်းတင်သွင်းခဲ့ပါသည်။ရွေးကောက်ပွဲမကျင်းပဖြစ်သောနေရာများမှလွဲ၍ ၅၈ နေရာယှဉ်ပြိုင်ခဲ့ရာ ၂၃ နေရာအနိုင်ရရှိခဲ့ပါသည်။ သျှမ်းပြည်တွင် အများဆုံး အနိုင်ရရှိခဲ့သောပါတီဖြစ်ပါသည်။


ဦးခွန်ထွန်းဦးကိုယ်တိုင် သီပေါမဲဆန္ဒနယ်အမှတ် ၁ တွင် ၀င်ရောက်အရွေးခံ ခဲ့ရာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ်ရွေးချယ် တင်မြောက်ခြင်းခံခဲ့ရပါသည်။


၁၉၉၃ နအဖစစ်အစိုးရ၏ အမျိုးသားညီလာခံတွင် တိုင်းရင်းသား ရ ပြည်နယ်အတွက် အခြေခံရပိုင်ခွင့် များ တင်ပြတောင်းဆိုသော်လည်း လစ်လျူရှုပယ်ချခြင်းခံခဲ့ရ၏။ အမျိုးသားညီလာခံလုပ်ထုံး လုပ်နည်း များ တရားမျှ တမှုမရှိကြောင်း နိုင်ငံခြား အသံလွှင့် ဌာနများအား ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆို၏။ နအဖ စစ်အစိုးရချမှတ်ခဲ့သော ဦးတည်ချက် ၆ ရပ် အခြေခံမူ ၁၀၄ ချက်နှင့် လမ်းပြမြေပုံ ရ ဆင့်တို့ကို စဝ်ခွန်ထွန်းဦးက လက်မခံဘဲ အမျိုးသားညီ လာခံမှ ဦးဆောင်နှုတ်ထွက် ခဲ့သည်။


ထို့ကြောင့် သျှမ်းပြည်မျိုးဆက်သစ်ခေါင်းဆောင်များ ဦးဆောင်ကျင်းပသည့် ၂၀၀၅ ဖေဖေါ်ဝါရီ ရ ရက် သျှမ်းပြည် နယ်နေ့ ညစာ စားပွဲအပြီး ဖေဖေါ်ဝါရီလ ၈ ရက်နှင့် ၉ ရက်နေ့များ၌ ဥက္ကဌ စဝ်ခွန်ထွန်းဦး နှင့် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့အား ရန်ကုန်မြို့ နေအိမ်၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။


သျှမ်းပြည် အတိုင်ပင်ခံကောင်စီ ဦးဆောင်ဖွဲ့စည်းရာကနေ ပြည်ထောင် စုဖြိုခွဲ လိုမှု၊ ခွဲထွက်လိုမှု၊ မတရား အသင်းဆက်ဆံမှု အပါအဝင် အခြားအမှုပေါင်း များစွာရှာကြံ၍ ထောင်ဒဏ် ၉၃ နှစ် စီရင်ချက်ချကာ စဝ်ခွန်ထွန်းဦးအား ရာသီဥတုဆိုးဝါးလှသော ကချင်ပြည် ပူတာအိုထောင် သို့ ပို့ဆောင် ချုပ်နှောင် လိုက်သည်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ စီးပွါးရေးပိုင် ဆိုင်မှုများ ကိုလည်း စစ်အစိုးရကသိမ်းယူ ချိတ်ပိတ်ခဲ့ သည်။


၂၀၀၅ ခုနှစ်မှ ၂၀၁၂ ဇန္နီဝါရီ ၁၃ ရက်နေ့ အထိ အင်းစိန်ထောင်၊ ပူတာအိုေ ထာင်၊ မန္တလေးအိုးဘို ထောင်၊ တောင်ငူထောင်တို့၌ အသီးသီး အကျဉ်းချ ခံခဲ့ရသည်။ ဦးသိန်းစိန်အစိုးရ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အဆိုပါ သျှမ်းေ ခါင်းဆောင်များ ၂၀၁၂ ခုနှစ်က ပြန်လည်လွှတ်မြောက် လာပြီး နိုင်ငံရေးလောက အတွင်းတရား ဝင်လှုပ်ရှားနိုင်ရန် SNLD ပါတီ ပြန်လည်မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။


စဝ်ခွန်ထွန်းဦးဦးဆောင်သော SNLD ပါတီသည် ၂၀၁၅ ပါတီစုံရွေးေ ကာက်ပွဲ တွင် လွှတ်တော်အမတ် ၃၉ နေရာဖြင့်အနိုင်ရရှိခဲ့သည်။ ၂၀၁၇ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း သျှမ်းပြည်တွင်း လစ်လပ်မဲ ဆန္ဒနယ် ၉ နေရာရှိရာ SNLD မှ ၆ နေရာအနိုင်ရရှိခဲ့သည်။


စဝ်ခွန်ထွန်းဦးကိုယ်တိုင်မှာလည်း ထောင်မှလွှတ်မြောက်လာပြီးနောက်ပိုင်း SNLD ပါတီဥက္ကဌ ၊ SSJAC ဥက္ကဌ တို့အဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေပြီး CSSU ဥက္ကဌအဖြစ် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တာဝန်ထမ်းေ ဆာင် ခဲ့သည်။


သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ဒီမိုကရေစီအရေး၊ တိုင်းရင်း သားအရေးတို့ကို မမှိတ်မသုန် ဆပ်လက်ဆောင်ရွက် သွားနိုင်စေရန် ဦးခွန်ထွန်းဦးမှ ဆက်လက်တာဝန်ယူဦးဆောင်နေပါသည်။


ဆက်ဖတ်ရန်


ဌာနဆိုင်ရာအင်အား နှစ်ရာကျော်ခန့်မှ ကျူးကျော်နေအိမ်များအားရှင်းလင်းဖယ်ရှား



တာင်ကြီး မြို့နယ် ၊ အေးသာယာမြို့သစ် အမှတ်(၁) ရပ်ကွက် အတွင်းကျူးကျော် နေအိမ်များအား တောင်ကြီးခရိုင်မှ ရဲတပ်ဖွဲ့ ၊ မီးသတ် နှင့် ဌာနဆိုင်ရာ အင်အား ၂၅၀ ခန့်က စုပေါင်းဖယ်ရှားမှုပြုခဲ့သည်။


စက်တင်ဘာလ ရ ရက်နေ့က အေးသာယာမြို့သစ် အမှတ် ၁ ရပ်ကွက် နယ်မြေ (၁/၂/၃) အတွင်းရှိ ကျူးကျော်တဲ ၅၀ ကျော်အနက် လက်ကျန် ၉ လုံးအား ရှင်းလင်း ခဲ့ကြခြင်းဖြစ်ကြောင်း တောင်ကြီးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်အံ့မောင် ကပြောသည်။


"နည်းဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းတရားရုံးကနေပြီး ပြစ်ဒဏ်ချမှတ်ပြီးသားဖြစ်ပါ တယ်။ အဲဒီအတွက် မြေနေရာကနေ ဖယ်ရှားပေးဖို့ပြီးခဲ့တဲ့လက ကျနော်တို့ ဆင့်စာ ထုတ်တယ်။ တစ်အိမ်ချင်း လိုက်ကပ်ပေးခဲ့ပါတယ်။ နေအိမ် ၅၆ လုံးရှိတဲ့အနက် စက် တင် ဘာလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိ နေအိမ် ၄၇ လုံး လာဖျက်ပါတယ်။ ကျန်တဲ့နေအိမ် ၉ လုံး ကမဖျက်သေးလို့ ကျနော်တို့စီမံချက်ပါအတိုင်း ပြည်နယ်အစိုးရ ကို တင်ပြပြီးတော့ ကော်မတီတွေ အဖွဲ့ဝင်တွေ နဲ့အခုလာ ဖျက်တာဖြစ်ပါတယ် " ဟု ၄င်းက မီဒီယာများအား ရှင်းလင်းပြောကြားသည် ။


၁၈၈၉ ခုနှစ် အထက်မြန်မာပြည် မြေပုံတော် စည်းမျဉ်းဥပဒေတွင်ပါရှိသည့်အတိုင်း နည်းဥပဒေ (၁၀) အရ ၊ အခွန်တော်အရာရှိ သည် အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေအား ပြန်လည်ရယူသည့် နည်းဥပဒေပုဒ်မ ပါရှိကြောင်း ဦးကျော်အံ့မောင် ဆက်လက်ရှင်းပြခဲ့ပါသည် ။


အမှတ် (၁) ရပ်ကွက် ၊ နယ်မြေ(၁) ၊ ကံသစ်ဘုန်းကြီးကျောင်း အရှေ့မြောက်ဘက်ရှိ ဘုရားတောင်နှင့် လျှိုရေချောင်းကြား အစိုးရပိုင်မြေပေါ်တွင်အခွင့် အမိန့်မရှိပဲ တရားမဝင်နေအိမ်ဆောက်လုပ်ထား သော မြေပေါ်တွင် လက်ရှိနေထိုင်ခြင်း မပြုရန် ၊ ချက်ချင်းထွက်ခွာ သွားရန် နှင့် ၄င်းမြေပေါ်ရှိ နိုင်ငံပိုင်ပစ္စည်းမှတစ်ပါး အခြားအရပ်ရပ်ပစ္စည်း များကို လဲတပါတည်း ရွှေ့ပြောင်းထုတ်ယူ ရမည့်အကြောင်း ဆင့်စာကို ဂျွန်လ ၁၇ ရက်နေ့ကထုတ် ပြန်ခဲ့သော်လည်း ကျူးကျော်နေအိမ်များမှ ဖယ်ရှားခြင်းမရှိသည့်အတွက် လူအမည် မသိရှိရသည့် နို့တစ်စာထုတ်ဆင့်ထားသော ကျူးကျော်နေ အိမ်များအား စက်တင်ဘာလ ၅ ရက်နေ့ နောက်ဆုံးထားဖယ်ရှားထွန်ခွာသွားရန်နှင့်လိုက်နာရန်ပျက်ကွက် ပါက အင်အားသုံးဖယ်ရှား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အကြောင်းကြားစာ၏ဖော်ပြ ချက်အရသိရှိရ ပါသည် ။


ဆက်ဖတ်ရန်


သျှမ်းပြည်နယ်သည် လူကုန်ကူးမှု အများဆုံးပြည်နယ် စာရင်းဝင်နေဆဲ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးပြော



တတိယ ၅ နှစ်စီမံကိန်း လူကုန်ကူးမှုတိုက်ဖျက်ရေးဆောင်ရွက်နေသော်လည်း သျှမ်းပြည်နယ်သည် လူကုန်ကူးမှု အများဆုံး ပြည်နယ်စာရင်းတွင် ပါဝင်နေကြောင်းသိရသည်။


၂၀၁၇-၂၀၂၁   ခုနှစ် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ တတိယ (၅) နှစ်စီမံကိန်း၏လုပ်ငန်း စီမံချက်များရှင်းလင်းပွဲကို တောင်ကြီးမြို့ ၊ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ၊ အစည်းဝေးခန်းမ ၍ စက်တင်ဘာလ ၁ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ ရာ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး (နေပြည်တော် )မှ ရဲမှူးလှဦးက ပြောသည် ။


သျှမ်းပြည်နယ်သည် ယခုနှစ်အတွင်းလက်ရှိ အချိန်အထိ လူကုန်ကူးမှု  (၄၈) မှု ဖြစ်ပွားခဲ့ပြီး   မူစယ်မှတရုတ်နိုင်ငံအတွင်းရောင်းချခံရမှုအများဆုံးဖြစ်ကြောင်း ၄င်းကပြောသည်။


" တောင်ကြီးမှာ resource  ဖြစ်ပြီး တော့ မူဆယ် မှာအများဆုံးဖြစ်တယ် အများဆုံး လူကုန် ကူးတဲ့နိုင်ငံကတရုတ်နိုင်ငံဖြစ်ပြီးအဓမ္မထိမ်းမြားမှုအများဆုံး ဖြစ်တယ်  " ဟုဆိုသည် ။


သျှမ်းပြည်နယ်ရဲတပ်ဖွဲ့နယ်မြေတွင်  ၂၀၀၇-၂၀၁၁  ပထမ ၅   နှစ်အတွင်း အမှု  ၂၉၁  မှု ၊  ၂၀၁၂ -၂၀၁၆   ဒုတိယ  ၅ နှစ် အမှု  ၂၁၈  မှု ရှိခဲ့ပြီး  ၂၀၁၇ ခုနှစ်တွင် ယခုလက်ရှိ အချိန်အထိ  ၄၈  မှု ဖြစ်ပွားခဲ့သည်။


လူကုန်ကူးရောင်းချခံရသည့်နိုင်ငံများမှာ  တရုတ်နိုင်ငံ ၊ ထိုင်းနိုင်ငံ ၊ မလေးရှားနိုင်ငံ ၊ အင်ဒိုနီးရှားနိုင်ငံ တို့ဖြစ်ကြောင်း ၊ လူကုန်ကူးမှုအမျိုးအစားများမှာ အဓမ္မလက်ထပ် ထိမ်းမြားမှု ၊ ပြည့်တန်ဆာအဖြစ်ခိုင်းစေမှု ၊ လုပ်အား ခေါင်းပုံဖြတ် မှုတို့ဖြစ်ကြောင်း အဆိုပါ လူကုန်ကူးမှုရှင်းလင်းရေး ၅ နှစ်စီမံချက်ရှင်းလင်းပွဲတွင်ပြောဆိုသည်။


တရုတ်နိုင်ငံမှ ပွဲစားများသည် မြန်မာနိုင်ငံ အတွင်းဝင် ရောက်လာ ပြီးပြည်တွင်းရှိ လူပွဲစားများနှင့် ချိတ်ဆက်ဆောင်ရွက်ကြကြောင်း  သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ၊ ရဲမှူးကြီး အောင်အောင်က အဆိုပါ အခမ်းအနားတွင်ရှင်းလင်းပြောကြားသည် ။


" လူကုန်ကူးမှုတားဆီးရေးမှာ အခက်ခဲဆုံးကတော့ ပြည်သူလူထုတွေပူးပေါင်း ပါဝင်အောင်ဟောပြောပွဲတွေလုပ်တဲ့ခါမှာ လူထုက သူတို့ရဲ့စီးပွားရေး ၊ စားဝတ်နေရေး ပြေလည်မှုကို ပိတ်ပင်တယ်လို့ထင်နေတယ်၊  လူထုတွေ အုပ်စုအလိုက်ဟိုဖက်နိုင်ငံမှာ သွားပြီးအလုပ်လုပ်တော့မယ်လို့  သတင်းရတာနဲ့ ကျတော်တို့ ကျနော်တို့အဖွဲ့က တားဆီးပြီး လူကုန်ကူးမှုအကြောင်းတွေပြောပြတဲ့အခါမှာ သူတို့ရဲ့  Human Right ကိုထိပါးတယ်ဆိုတဲ့ Complain  တွေပြန်တက်လာ တယ်။  သူတို့သွားချင်ရာကို ကျနော်တို့ သွားပိတ်လို့မ ရဘူး "  ရဲမှူး လှဦးက လူကုန်ကူးမှုတားဆီးရေးကဏ္ဍ၏ အခက်အခဲများကို မီဒီယာများ သို့ ပြောကြားသည် ။


မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက်  ၂၇၁  မြို့နယ်တွင်လူကုန်ကူးမှုများဖြစ်ပွား ခဲ့ပြီး ၊အများဆုံး မြို့နယ်  ၅၂  မြို့နယ် ၊ အနည်း အကျဉ်းဖြစ်ပွားသည့် မြို့နယ် ၄၂ မြို့နယ် ရှိကြောင်း၊  သျှမ်းပြည်နယ် ၊ ရန်ကုန်တိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး ၊ မွန်ပြည်နယ် ၊ မကွေးတိုင်း ဒေသကြီး ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည်နယ်တို့ တွင် အများဆုံးဖြစ်ပွားခဲ့ကြောင်း၊ ကျူးလွန်ခံရသူ အမျိုးသမီးပါဝင်မှု ၅၇ ရာခိုင်နှုန်းနှင့် ကလေးသူငယ်ပါဝင်မှု ၁၄.၇ ရာခိုင်နှုန်းပါဝင်ကြောင်း  ရဲမှူးလှဦးက ရှင်းလင်းပြောပြခဲ့ပါသည်။


ဆက်ဖတ်ရန်


ရွှေလီမြို့ရောက် မြန်မာအလုပ်သမားများ တရုတ်အာဏာပိုင်များ ပိုက်စိပ်တိုက်စစ်ဆေး



သျှမ်းပြည်မြောက်ပိုင်းမှ တရုတ်နယ်စပ် ရွှေလီဘက်ခြမ်းသို့သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာ နိုင်ငံသားများအား တရုတ်အာဏာပိုင်များက ဆက်တိုက်စစ်ဆေးမှုများပြုလုပ်ကာ အပြင်းအထန် စစ်ဆေး ဖမ်းဆီးမှုများ ပြုနေကြ ကြောင်းသိရသည်။


ယခုနှစ်ဦးပိုင်းမှ ယနေ့ အထိ တရုတ်နိုင်ငံ ရွှေလီဘက်ခြမ်းရောက် မြန်မာနိုင်ငံသားများအား တရုတ်အာဏာ ပိုင်များ ကြပ်မတ်စစ်ဆေးလာသည်ဟုသတင်းများထွက်နေရာ ယခုလပိုင်းတွင် စစ်ဆေးမှု နေ့စဉ် ညစဉ် ပိုလုပ်လာကြောင်း၊ နေထိုင်သည့် တန်းလျားများ၊ နေအိမ်များ၊ ဆိုင်ခန်းများတွင် တရုတ်စစ်တပ်၊ ရဲ၊ မူးယစ် ဒေသခံ အုပ်ချုပ် ရေးအဖွဲ့များ စုပေါင်းကာ ညစဉ် စစ်ဆေးမှု ပြုလုပ်နေကြောင်း၊ မြန်မာနိုင်ငံသား ရာဂဏန်းအားလည်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ အချို့လည်း အလုပ်နှင့် ထောင်ဒဏ် ပစ်ဒဏ်ချမှတ်ခံနေရသည်ဟု သိရသည်။


တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ရန်အတွက် လူတဦးမှာ စာအုပ် ၃ မျိုးကိုင်ဆောင်ထားရပြီး တစုံ တခု လစ်ဟင်းသည်ကို စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးထောင်ချကြောင်း ရွှေလီဘက်တွင်သွား ရောက်အ လုပ်လုပ် နေသည့် စိုင်းခမ်းစိုင်းကပြောသည်။


“ခုတလော စစ်ဆေးမှုတွေဆက်တိုက်လုပ်ပါတယ်။ အစိမ်းရောင်စာအုပ်နေထိုင်ခွင့်စာအုပ်မရှိရင် ဖမ်းပါတယ်။ အစိမ်းရောင်စာအုပ်လုပ်ရင် ၆ လနေထိုင်ခွင့်ရှိပါတယ်။ ၆ လကုန်လို့နောက်ထပ်သက်တမ်းတိုးမယ်ဆိုရင် ၁ နှစ်နေခွင့်ရပါတယ်။ အနီရောင်စာအုပ်ကတော့ မူးယစ်ဆေးဝါးကင်းရှင်းကြောင်း စစ်ဆေးထားတဲ့ စာအုပ် ဖြစ်ပါတယ်။ ကြက်သွေးရောင်စာအုပ်ကတော့ ရ ရက်နေခွင့်စာအုပ်ဖြစ်ပါတယ်။ အဲတာကိုတော့ခုတရုတ်က လက်မခံတော့ပါဘူး။ တရက်ထက်ပိုနေရင် တွေ့တဲ့နေရာဖမ်းပါတယ်။ အဲဒီစာအုပ် ၃ မျိုးလုံးရှိမှ တရုတ်ဘက် ခြမ်း မှာနေထိုင်ခွင့်ရှိပါတယ်။ စာအုပ်တွေဘာတွေမရှိတာ သက်တမ်းမတိုးတာ တခုခုလိုအပ်နေတာကိုဖမ်းမိ ရင် ကျနော်တို့သူငယ်ချင်း တယောက်အဖမ်းခံရဖူးတော့ ဖမ်းမိရင် အာဏာပိုင်တွေပိုင်တဲ့ နားကျပ်လုပ်စက် ရုံမှာ ၆ လ အလုပ်သွား လုပ်ပေးရတယ်။ ပြီးမှ နယ်စပ်ကိုပြန်လာပို့တယ်။ ဆီးစစ်လို့ မူးယစ်ဆေးသုံး တာမိ သွား ရင်တော့ ထောင်ချတယ် ၂ နှစ်။ ၂ နှစ်ပြည့်ရင် နယ်စပ်မှာပြန်လာချပေးတယ်။ ”- ဟု စိုင်းခမ်းစိုင်း က ပြောသည်။


ယခင်က မြန်မာနိုင်ငံ အာဏာပိုင်ဘက်မှ ပြုလုပ်ပေးသည့် ၆ ည ရ ရက်သက်တမ်းရှိ အနီရောင်စာအုပ်ဖြင့် တရုတ်ဘက်သို့သွားနေထိုင်အလုပ်လုပ်နိုင်သော်လည်း လက်ရှိတွင်မူ ၁ ရက်သာသွားရောက်လည်ပတ် ခွင့်ပေးသော်လည်းညအိပ်ခွင့်မပြုကြောင်း၊ တရက်ထက်ပိုလွန်နေထိုင်ပါက ဖမ်းဆီးအရေးယူခြင်းခံရ ကြောင်း မူစယ်သား စိုင်းအိုက်ကမ်ကလည်းပြောသည်။


“မြန်မာဘက်က ရ ရက်စာအုပ်ကိုတော့ လုံးဝ သုံးလို့မရတော့ဘူး။ တကယ်လို့ လူပုံကသိပ်မသန့်ဘူး ဘိန်းစားရုပ်ပေါ်နေရင်တော့ ဘာမှမမေးတော့ဘူး တခါတည်း ကားပေါ်တက်ခိုင်းတာဘဲ။ ရုပ်နဲနဲ သန့်တယ်။ လူငယ်လဲ ဖြစ်တယ်ဆိုရင်တော့ မေးမြန်းပြီး တရက်ခေါက် သွားလည်ခွင့်ပြုတယ်။ အခုကအစိမ်းရောင်စာ အုပ်တွေလုပ်ရအရမ်းခက်တယ်။ တရုတ်ဘက်က ရပ်ကွက်ထောက်ခံစာပါရမယ်။ အိမ်ရှင်အာမခံချက်တွေနဲ့ အလုပ်ရှင် လုပ်ငန်းလိုင်စင် ကော်ပီတွေယူရတယ်။တခုခုမပါရင်မလုပ်ပေးဘူး။ ဆီးစစ် သွေးစစ်တဲ့အခါမှာ အဆုတ်တီဘီ ဘီပိုး စီပိုးရှိရင် အလုပ်လုပ်နေတဲ့ ကုမ္မဏီကို ဒဏ်ရိုက်တယ်။ လုံးဝခွင့်မပေးတာ။” - ဟု ဆိုပါသည်။


မြန်မာဘက်ခြမ်း တွင်အနီရောင် ရ ရက်သက်တမ်းစာအုပ်ပြုလုပ်ပြီး တရုတ်ဘက်ခြမ်းတွင် အဆိုပါစာ အုပ်မှ အချက်အလက်အားတရုတ်ဘာသာပြန်ကာ အစိမ်းရောင်စာအုပ်နှင့် ကျန်းမာရေးစစ်ဆေးသည့် ကြက်သွေး ရောင်စာအုပ် ထပ်မံပြုလုပ်ကြောင်း မှတ်ပုံတင် နှင့် ကိုင်ဆောင်ထားသည့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် အနီတို့ တရုတ်သို့ဘာသာပြန်ခ ယွမ်ငွေ ၆၀ ၊ တရုတ်နိုင်ငံအတွင်း နေထိုင်ဖို့ လက်မှတ်ထုရန် တန်းစီရ သည့်ကောင်တာတွင် ၂၇၅ ယွမ် ၊ သွေး စစ်သည့် စာရွက်စာတမ်းခ ၈ ယွမ် စုစုပေါင်း ယွမ်ငွေ ၃၅၀ ခန့် ကုန်ကျသည်ဟု စိုင်းခမ်းစိုင်း ကပြောသည်။


ရွှေလီဘက်ကူးရန် မူစယ်မြို့ရှိ မြန်မာနယ်စပ်အာဏာပိုင်များအား မူစယ်ဒေသခံများစာအုပ်ပြုလုပ်ရာတွင် တဦးကျပ် ၂၅၀၀ ခန့်ကုန်ကျပြီး အခြားမြို့မှလာသည့်သူများမှာ ကျပ် ၅၀၀၀ မှ ၆၀၀၀ အထိကုန်ကျ ကြောင်း၊ နမ့်ခမ်းမြို့နယ်ဘက်တွင်လည်း နမ့်ခမ်းဒေသခံများဖြစ်ပါက ကျပ် ၃၅၀၀ ၊ တခြားဒေသမှ လာသည့် သူများဖြစ်ပါက ကျပ် ၅၀၀၀ မှ ၆၀၀၀ အထိ ပေးရကြောင်း မူစယ်ဒေသခံ စိုင်းအိုက်ဝမ်းကလည်း ပြောပါသည်။


ဓါတ်ပုံ- ရွှေလီဘက်ခြမ်းတွင်အလုပ်လုပ်နေသောမြန်မာနိုင်ငံသားများအား တရုတ်အာဏာပိုင်များ စစ်ဆေးနေပုံ


ဆက်ဖတ်ရန်


တရုတ်နယ်စပ် မူစယ်၊နမ့်ခမ်းမြို့နယ်တွင် လျှပ်စစ်မီး ၄ ရက်ဖြတ်တောက်မည်ဟု မြို့နယ်လျှပ်စစ်ကြေငြာ ဆိုးခိုးလုယက်မှုများမည်ကို ဒေသခံလူထုစိုးရိမ်



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နှင့် မူစယ်မြို့နယ် တို့တွင်လျှပ်စစ်မီးကြိုးပြန်လည် သွယ်တန်းမည် ဖြစ်သဖြင့် လျှပ်စစ်မီးပေးဝေမှု ၄ ရက်ဖြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဌာနမှကြေငြာသည့်အပေါ် ဆိုးခိုးလုယက်မှုဓါးပြတိုက်မှုများဖြစ်ပေါ်မည်ကို ဒေသခံများစိုးရိမ်နေကြောင်းသိရသည်။


သြဂတ်စ်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့အထိ ၄ ရက်စာ လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း သြဂတ်စ်လ ၂၂ ရက်နေ့က လျှပ်စစ်ဌာနမှ ကြေငြာသည်ဟု မူစယ်ဒေသခံများကပြောသည်။


“ရွှေလီမြစ် အမှတ် ၁ မန့်တပ်ရေအားလျှပ်စစ်က ဓါတ်အားပေးစက် ၆ လုံးနဲ့ Main Transformer  ၆ လုံးကို ပြုပြင်မယ်လို့ မြို့နယ်လျှပ်စစ်ကကြေငြာတယ်။ မီးမရှိတဲ့ကာလအတွင်းမှာ သူခိုးဓါးပြတွေ ပေါမှာကိုစိုးရိမ် နေကြတာ။ အဲလိုမီးပိတ်ရင်အရမ်းသတိထားရတယ်။ အရင်တုန်းကဆိုရင် ကျနော် တို့လူငယ်အဖွဲ့ တွေ အလှည့်ကျ ကင်းလှည့်ရတယ်။ ကိုယ့်ကိုယ်ကိုအားကိုးရတယ်ပေါ့ဗျာ”  - ဟု နမ့်ခမ်းမြို့မှ စိုင်းယီက ပြော သည်။


တရုတ်နယ်စပ် မူစယ်မြို့နှင့်နမ့်ခမ်းမြို့သည်မြေပြန့်ဒေသနှင့်တခြားဒေသမှ လာရောက်နေထိုင် အလုပ်လုပ်ကိုင်နေသည့် လူထုများပြားသည့်အပြင် လက်ရှိတွင် မူးယစ်ဆေးရောင်းဝယ်ဖောက် ကားမှု ဆေးသုံးသူများပေါများ လာမှုကြောင့် ယခုနှစ်များအတွင်း ဆိုးခိုးလုယက်မှုများ များပြား လာသည်ဟု ဒေသခံများ ကဆိုပါသည်။


သို့သော် မူစယ်မြို့နယ်တွင် လျှပ်စစ်မီးပြတ်တောက်နေသည့်ကာလအတွင်း တရုတ်နိုင်ငံမှ လျှပ်စစ် ဓါတ်အားကို Junction River ကုမ္မဏီ ၀ယ်ယူကာ မူစယ်မြို့ပေါ်ရှိ လမ်းမီးများ ဆေးရုံ ဆက်သွယ် ရေး နှင့် ဌာနဆိုင်ရာအချို့အား ဓါတ်အားဖြန့်ဖြူးပေးမည်ဖြစ်ကြောင်းလည်း လျှပ်စစ်ဌာနက ပေးပို့သောစာတွင်ဖော်ပြထားသည်။


မန့်တပ်ရေအားလျှပ်စစ်ဓါတ်အားထုတ်လုပ်ရေးမှထွက်ရှိသောလျှပ်စစ်ဓါတ်အား များအနက် ရ၀ % ကိုတရုတ်နိုင်ငံသို့ ပေးပို့ရောင်းချလိုက်ပြီး ကျန် ၃၀% ကိုမူ ဒေသတွင်းလူထုအား ဖြန့်ဖြူးပေး ကြောင်း သိရသည်။


ဆက်ဖတ်ရန်


မူစယ်ဒေသခံ ၆၀၀ ကျော် အမှိုက်သိမ်းကုမ္မဏီအား ဆန္ဒပြ



သျှမ်းပြည်မြောက်ပိုင်း မူစယ်ဒေသခံ ၆၀၀ ကျော်က အောင်ဂရုဏာ အမှိုက်သိမ်းကုမ္မဏီအား ကျေးရွာအတွင်းအမှိုက်များစွန့်ပစ်ထားသည့်အတွက် ဆန္ဒပြခဲ့ကြကြောင်းသိရသည်။


သြဂတ်စ်လ ၂၀ ရက်နေ့က မူစယ်မြို့တွင်း ကောင်းမူးခမ်း (ကျောင်းစန်း) မှ ၁ မိုင်ကျော်ဝေးသည့် နမ့်ခမ်းသို့အသွားလမ်း အမှိုက်များစွန့်ပစ်ရာ မန့်ဝိန်းရွာ သို့လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။


မူစယ်မြို့သန့်ရှင်းသာယာရေးအတွက် အမှိုက်သိမ်းဖို့ကန်ထရိုက်ဆွဲထားတဲ့ အောင်ဂရုဏာကုမ္မဏီက မန့်ဝိန်းရွာအတွင်း ဘော်လုံးကွင်းမှာ အမှိုက် တွေကို ဒီအတိုင်းပစ်ထားတာ။ မိုးကျရင် ထမင်းစားလို့တောင် မရဘူး အနှံ့ကတအားဆိုးတယ်။ ခြောက်သွေ့ရာသီကျတော့ အမှိုက်တွေ မီးလာရှို့တော့ တအားနံတယ် - ဟု စိုင်းကမ်ကပြောသည်။


မန့်ဝိန်းရပ်ကွက်သားများနှင့်အတူ မူစယ်ဒေသခံများ အားကစားသမားများသည် - ပြည်သူ့ကျန်းမာရေး ဂရုစိုက်ဆောင်ရွက်ပေး ဒို့အရေး၊ မန့်ဝိန်းအားကစားကွင်းဘေး အမှိုက်ပုံရှင်းလင်းပေးရေး ဒို့အရေး၊ အောင်ဂရုဏာအမှိုက်သိမ်းကုမ္မဏီ အလိုမရှိ အစရှိဆိုင်းဘုတ်များကိုင်ဆောင်ကာ စီတန်းလှည့် လည်ခဲ့ကြ သည်။


မူစယ်မြို့ဒေသခံ နန်းအေဝမ်းက - မူစယ်ကအရင်တုန်းက တကယ့်ကိုသာယာလှပတဲ့နယ်စပ်မြို့ပဲ။ အခုနောက်ပိုင်းကျတော့ အမှိုက်တွေကို  လာမကောက်လာမသိမ်းတော့ မြို့အရမ်းရုပ်ဆိုးစေတယ်။ ပိုက်ဆံသာ လစဉ်ပေးရပြီးအမှိုက်ကျတော့လာမကောက်ဘူး။ ကြာကြာမှတခါလာရှင်းတော့ ဟိုတယ်ကြီးရှေ့တို့ ဈေးရှေ့တို့ နာရီစဉ်နားတို့ သွားသွားပုံထားကြတယ် - ဟု ပြောသည်။


စည်ပင်သာယာကြေးအတွက် သာမန်အိမ် တလကျပ် ၁၅၀၀ ၊ အိမ်ထောင်စုကြီးပါက တလ ကျပ် ၂၀၀၀၊ စတိုးဆိုင် တလကျပ် ၃၅၀၀ ၊ လဘက်ရည်ဆိုင် စားသောက်ဆိုင်များအား တလ ကျပ် ၅၀၀၀ မှ ၆၀၀၀ အစရှိ အမှိုက်သိမ်းခကောက်ယူကြောင်း၊ သို့သော်အမှိုက်များကိုမူ တလကျော်ကြာသည့် တိုင်လာမ ကောက်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။


အောင်ဂရုဏာကုမ္မဏီသည် မူစယ်မြို့တွင်အမှိုက်သိမ်းရန်အတွက် ကန်ထရိုက်ဆွဲထားရာ နှစ် ၃၀ အမှိုက်သိမ်းရန်အခွင့်ရထားသည်။ ထိုသို့ သိမ်းပြီးသွားသည့်အမှိုက်များကို စည်းမဲ့ကမ်းမဲ့လွှင့်ပစ် ထားမှုကြောင့် လွန်ခဲ့သည့် ၃-၄ နှစ်ကတည်းက ဒေသခံများငြီးငြူသော်လည်း ယနေ့တိုင်အမှိုက်များ ရှင်းလင်းခြင်းမရှိသည့်အတွက် ယခုကဲ့သို့ ဆန္ဒပြကန့်ကွက်ခြင်းခံခဲ့ရခြင်းဖြစ်သည်။


ဆက်ဖတ်ရန်


လူထုယာမြေပြန်ရရေး ကျေးသီးတွင် တပ်မတော်အပါအဝင်သုံးပွင့်ဆိုင်ဆွေးနွေး



သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ဒေသခံလူထုမှ ပြန်လည်တောင်းဆိုနေသော စစ်တပ် အသိမ်းခံရ သမိုင်းဝင်နမ့်ကုန်းရေကန်နှင့်ရေထွက်ဦးများနှင့်ပတ်သက်ပြီး ခရိုင်သို့တင်ပြနိုင်ရေးအတွက် စစ်တပ်၊ လူထုနှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းများတွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။


ကျေးသီးမြို့နယ် မြေစာရင်းရုံးတွင် လူထုကိုယ်စားပြု ၆ ဦး၊ လူငယ် ၂ ဦး၊ စစ်တပ် ၂ ဦး စည်ပင် ၁ ဦး၊ မြေစာရင်း ၂ ဦး စုစုပေါင်း ၂၀ ဦးနီးပါး တက်ရောက်ခဲ့သည်။

ဩဂတ်စ်လ ၁၂ ရက်က စစ်တပ်၊ လူထုနှင့် မြို့နယ်အုပ်ချုပ်ရေးပိုင်းများတွေ့ဆုံပွဲ
သိမ်းယူမည့်မြေနေရာအား စစ်တပ်မှ ခြံစည်းရိုးခတ်ထားသည်ကိုတွေ့ရစဉ်
စစ်တပ်သိမ်းမည့်မြေအတွင်းပါသွားသည့်သက်တမ်းရင့် သမိုင်းဝင်စေတီတဆူ
ကျနော်တို့ကျေးသီးဒေသခံတွေပြီးခဲ့တဲ့ မေလက တင်ပြတောင်းဆိုထားတဲ့ဟာ ကို ခရိုင်မြေတိုင်းဦးစီး ကသိချင်တယ်။ ကျနော်တို့လူငယ်တွေ ဒေသခံလူထုတွေဘယ်လိုဖြစ်ချင်သလဲ၊ စစ်တပ်ဘက်က ဘယ်လိုဖြစ်ချင်သလဲ ။ ဆန္ဒတွေကိုစစ်တမ်းကောက်ယူပြီးတော့ ခရိုင်မှာသွားတင်ပြမယ်။ ကျနော် တို့ကျေးသီးလူငယ်အဖွဲ့ရယ်၊ ဒေသခံလူထုရယ် စည်ပင်ရယ်ကတော့ သမိုင်းဝင် ရေထွက်ဦး၊ ရေကန်၊ စေတီတွေကိုပြန်ရချင်တယ်။ ဒါတွေဟာကျနော်တို့ ကျေးသီးလူထုရဲ့ အရေးပါဆုံးနေရာတွေဖြစ်တယ်။ စစ်တပ်ပိုင်ထဲပါသွားရင်ဒါတွေကိုကျနော်တို့ပြုစုထိန်းသိမ်းခွင့်ရတော့မှာမဟုတ်ဘူး။ ဒါကြောင့် ဒါတွေကိုလိုချင်ပါတယ်လို့ ကျနော်တို့ထည့်သွင်းဆွေးနွေးသွားတယ်- ဟု ကျေးသီးလူငယ် အဖွဲ့ခေါင်းဆောင်စိုင်းသာလင်းထွန်းကပြောသည်။


စော်ဘွားခေတ်ကတည်းက တည်ရှိခဲ့သော သက်တမ်း ၂၀၀ ကျော်ရှိပြီဖြစ်သည့် သမိုင်းဝင်ေ စတီေ တာ် နှင့် လူထုအသက်သွေးကြော နမ့်ကုံး ရေကန် ခေါ် စော်ဘွားကန် တို့အား အမှတ် ၁၃၁ ခြေလျင်တပ်ရင်းမှ ၂၀၁၇ က  ခြံစည်းရိုးခတ်လိုက်သည့်အပေါ် မေလ ၂၁ ရက်နေ့က ကျေးသီးလူငယ်များ စည်းရုံးလှုံ့ဆော် မှုဖြင့် ကျေးသီးမြို့ ဒေသခံ လူထု ၃၀၀ ကျော် သုဝဏ္ဏဟုန်းခမ်းကျောင်းတိုက်တွင်ေ တွ့ဆုံကာ ပြည်သူ ပိုင်အဖြစ် ပြန်လည်ရရှိရေး တောင်းဆိုရန် ဆွေးနွေး ခဲ့ကြ သည်။


နမ့်စိတ်ဟူး အမည်ရ ရေထွက်ဦး ရ ခု မှ စီးဆင်းလာသည့်ချောင်း ရ သွယ် စုဆုံရာမှဖြစ်ပေါ်လာသော နောင်ကုံးရေကန်သည် ကျေးသီးမြို့ အရှေ့ တောင်အရပ်ရှိ လုံပုရပ်ကွက်တွင်တည်ရှိပြီး ကျေးသီးမြို့ တွင်းဒေသခံလူထု သောက်သုံးရေ အတွက်သာမက လယ်ယာစိုက်ပျိုးရေး အတွက်လည်း မရှိမဖြစ်သည့် ကန်ကြီးဖြစ်သည်။ ကျေးသီးမံစံစော်ဘွားကြီး စဝ်ခွန်ဆန်းလက်ထက် ၁၈၈၉ ခုနှစ်ကတည်းက သောက်တော်သုံးရေကန်အတွက်သာမက  လူထုဝမ်းရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွင်အသုံးပြု ရန် ကန်တော်အဖြစ် စတင်ပြုပြင်မွမ်းမံထိန်းသိမ်းပေးထားခဲ့သည်။ ကျေးသီးမံစံမြို့တွင်းအပါအဝင် ကျေးရွာအုပ်စု ၁၅ ခုက အဆိုပါ ရေကန်ကို ယနေ့တိုင်မှီခိုအားထားနေရသည်။


ဆက်ဖတ်ရန်


ကျားခေါင်းပါတီလွှတ်တော်အမတ်များနှင့် မိုင်းရယ် မြို့နယ် ဌာနဆိုင်ရာများ လက်တွဲကာ ကျေးလက်ဒေသခံများအား ကွင်းဆင်းတွေ့ဆုံ



မြို့ဧရိယာနှင့်ဝေးသော မိုင်းရယ်မြို့နယ်အတွင်းက ကျေးလက်ဒေသများသို့ သျှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်းပါတီ မှ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော်အမတ်များ နှင့် ဒေသ အတွင်း အာဏာပိုင်များနှင့် ပူးပေါင်းပြီး ကွင်းဆင်းကာ လူထုနှင့်တွေ့ဆုံဆွေးနွေး ခဲ့ကြောင်းသိရသည်။


သြဂတ်စ်လ ၈ ရက်မှ ၁၁ ရက်နေ့အထိ ၃ ရက်တာကာလအတွင်း လားရှိုး ခရိုင်အမျိုးသားလွှတ်တော်အမတ် စိုင်းဝမ်းလျန်းခမ်းနှင့် မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ်စိုင်းသီဟကျော်တို့ဦးဆောင်မှုဖြင့် အုပ်ချုပ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဆည်မြောင်းတာတမံဌာန၊စိုက်ပျိုးရေးဌာနအပြင် ဌာနအသီးသီးမှ ပုဂ္ဂိုလ်များပါဝင်သည့်အဖွဲ့ကျေးလက်ဒေသ များသို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ပါသည်။


ပြည်သူ့လွှတ်တော်အမတ်စိုင်းသီဟကျော်ခေါ်စိုင်းဟတ်က - ကျနော်တို့ မှတ်တမ်းကောက်ယူမှုအရ ဒေသခံ တွေအထူးလိုအပ်နေတာကတော့ သောက်သုံးရေ၊စာသင်ကျောင်း၊ ကျေးလက်ဆေး ပေးခန်းတို့ပေါ့။ တချို့နေရာဆိုရင် စာသင်ကျောင်း ကသေးသေးလေး၊ တချို့နေရာက ပျက်စီးယိုယွင်းနေ တယ်။ အမိုးမ လုံ တာတွေ အကာမရှိတာ တွေ လည်းရှိပါတယ်။ အဲတာတွေပြန်လည်တည်ဆောက်ပေးဖို့ပေါ့။ ခိုဆိုင်းအုပ်စု မှာကျတော့ဒေသန္တရ ဆေးပေးခန်းမရှိဘူး။ ဆရာဝန်မရှိဘူး။ - ဟု သျှမ်းသံတော်ဆင့်အား ပြန်လည် ပြောပြသည်။


အဆိုပါဒေသများသည် မိုင်းရယ်မြို့နှင့်အတန်ငယ်ဝေးကွာပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသော ဒေသတွင်ရှိခြင်း ယခင်က စစ်ဘေးစစ်ဒဏ် သင့်ခဲ့ဖူးသည့်ရွာများဖြစ်ခြင်းတို့ကြောင့် တာဝန်ရှိပုဂ္ဂိုလ်များ အရောက် အပေါက်နည်း သည့်ဒေသများဖြစ်သည်ဟုဆိုပါသည်။


ဒီတခါတော့ လွှတ်တော်အမတ်တွေပါသွားတော့ ဒေသခံတွေလည်း ပြောရဲဆိုရဲ တင်ပြရဲတာပေါ့ သူတို့လို အပ်ချက်တွေ။ ဌာနဆိုင်ရာ တာဝန် ရှိတွေပါသွား တဲ့ခါကျတော့ တခါတည်းဖြေရှင်းနိုင်မယ့် အခက်အခဲတွေ ကိုလည်း တခါတည်းဖြေရှင်းပေးတာရှိပါတယ်။ ဥပမာ လယ်ယာမြေ အတွက်ချောင်းရေကနေဆည်တမံဖို့ပြီး လယ်ရှိတဲ့ဆီကိုရေမြောင်းေ ဖာက်သွင်းတာတို့ဘာတို့ပေါ့။ လမ်း၊တံတား သွယ်တာတို့ ပေါ့။- ဟု စိုင်းသီဟကျော်က ပြောဆိုသည်။


လွှတ်တော်အမတ်များ နှင့် မိုင်းရယ်မြို့နယ် ဌာနဆိုင်များကွင်း ဆင်းသည့်ရွာများမှာ ၀မ့်ဖျက်၊ ခိုဆိုင်း၊ နားခို၊ မိုင်းဟ၊ မိုင်းဟိုင်း၊ ၀မ့်ကျူ၊ ၀မ့်ဖိုင်၊ ၀မ့်စန့်၊ ဟိုတိ၊ ပန်လန်း၊ ကုန်းစုံ၊ ဟိုယ၊ နောင်မို၊ ကောင်းမောင်၊ လွယ်ငင်း အစရှိရွာများဖြစ်ကြသည်။


Photo: ဒေသခံလူထုနှင့်တွေ့ဆုံနေသော လွှတ်တော်အမတ်များနှင့်ဌာနဆိုင်ရာများ


ဆက်ဖတ်ရန်


သမိုင်းဝင် ပင်လုံမြို့၌ ခိုးယူမှု ဆက်တိုက်ဖြစ်ပွား၊ ပြည်သူများ လုံခြုံရေးစိုးရိမ်



သျှမ်းပြည်တောင်ပိုင်း သမိုင်းဝင် ပင်လုံမြို့၌ ခိုးယူမှု ဆက်တိုက်ဖြစ်ပွားနေပြီး မြို့တွင်းအပြင် ဆင်ခြေဖုံးရွာများတွင် ဒေသခံလူထုမှ လုံခြုံရေး အထူးစိုးရိမ်နေရကြောင်း သိရှိရသည်။


“ခိုးတာတွေ နှစ်ရက်ခြားတစ်ခါ ဖြစ်နေတယ်။ မနေ့ မွန်းလွှဲပိုင်းက ပိဋိကတ်ကျောင်းကို ဝင်ခိုးတာ ကျပ်သိန်း ၃၀ ပါသွားတယ်။ အဲဒီပိုက်ဆံတွေက စာသင်ကိုယ်ရင်တွေ ဦးဇင်းဆီမှာ လာအပ်ထားတဲ့ ငွေတွေ။ သုံးဖို့လိုအပ်တဲ့အခါ ပြန်လာထုတ်ကြတယ်။ CCTV နဲ့ ရိုက်ထားတာတော့ရှိတယ်။ ရဲတွေ လာကြည့်ပြီး ဓာတ်ပုံရိုက်သွားပြီ။ အခု ပင်လုံမှာ လူပေါင်းစုံဆိုတော့ ဘယ်သူဆိုတာ မသိဘူး” ဟု ပိဋိကတ်ကျောင်းဂေါပကအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။


ဩဂတ်စ်လ ၂ ရက်နေ့ ပိဋိကတ်ကျောင်းတိုက်တွင်လည်းကောင်း၊ ဂျူလိုင်လ ၃၁ ရက်နေ့ ပင်လုံမြို့ ဆင်ခြေဖုံးရွာ ပန်မုံ့ရွာတွင်လည်းကောင်း၊ ဂျူလိုင်လ ၂၈ ရက်နေ့ မွေတော်ကျောင်းတွင် လည်းကောင်း အခိုးခံရမှု ဖြစ်ပွားခဲ့သည်ဟု ပြောပါသည်။


“ဘုန်းကြီးကျောင်းပါမကျန် ခိုးယူနေတယ်ဆိုတော့ လုံခြုံမှုက တော်တော်လေး ပျက်စီးနေပြီ။  မွေတော်ကျောင်းမှာ လာခိုးတုန်းကတော့ ၄ သိန်းကျော် ပါသွားတယ်။ ပန်မုံ့ရွာမှာက ရွှေ ၅ ကျပ်သားနဲ့ ပိုက်ဆံ ၂ သိန်းပါသွားတယ်။ ကျနော်တို့ မသိတဲ့ အသေးအမွှား အခိုးခံရတာတွေလည်း ရှိမှာပဲ” ဟု ၎င်းက ပြောပါသည်။


ပင်လုံမြို့တွင် မူးယစ်ဆေးဝါးပေါများသည့်အလျောက် လူကြီးအပါအဝင် လူငယ်အများစုကလည်း မူးယစ်ဆေးဝါးသားကောင်များ ဖြစ်နေကြကြောင်း၊ ငါးမန်း ကုံးကင်း ဖဲဝိုင်း စသည့် လောင်းကစား ဝိုင်းများလည်း ပေါများကြောင်း ပင်လုံမြို့လူငယ် စိုင်းနောင့်က ပြောပါသည်။


“လူငယ်တွေ တော်တော်များများ ဘိန်းစွဲနေကြပြီ။ အဲဒါကြောင့် ခိုးမှုတွေ တနေ့တခြား များများလာ တယ်။ အိမ်ကို သော့ခတ်ပြီး အပြင်သွားလို့ မရတော့ဘူး။ တယောက်ယောက်ရှိနေမှရတယ်။ လုံခြုံရေးကတော့ တော်တော့ကို ညံ့ဖျင်းနေပြီ။ မြို့အုပ်ချုပ်ရေးမှူး၊ ရဲတွေမှာ တာဝန်ရှိတယ်လေ။ သူတို့အလုပ်မလုပ်ဘူးလား။ နောက် လောင်းကစားဝိုင်းကလည်းများ။ ဒီလိုဖွင့်နိုင်ဖို့ အာဏာပိုင်က ခွင့်မပြုရင်တော့ ဖွင့်နိုင်မှာလားပေါ့။ မေးစရာဖြစ်လာတယ်။”


ထို့အပြင် ပင်လုံမြို့ဈေးအနောက်ဘက်ရှိ ဆိုင်ခန်းတစ်ခန်းသို့ အမျိုးသမီး ၃ ဦး ဝင်ရောက်ကာ ငွေကျပ်ကိုးသိန်းခွဲ ယူဆောင်သွားသည့် ဖြစ်ရပ်လည်း မကြာသေးခင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဒေသခံများ ပြောဆိုချက်အရ ဆိုင်ရှင်အား တို့ဆေးတို့ပြီး ငွေကြေးများ ယူဆောင်သွား ခြင်း ဖြစ်သည်ဟု ဆိုပါသည်။


ဆက်ဖတ်ရန်


သျှမ်းလူငယ်အဖွဲ့ TYO လားရှိုးမြို့နယ်အတွင်းကွင်းဆင်းကာ ကြက်ဝက်တုပ်ကွေး H1N1 ဆိုင်ရာဗဟုသုတပေး



TYO သျှမ်းလူငယ် အဖွဲ့ဝင်များ သျှမ်းပြည်မြောက်ပိုင်းလားရှိုးမြို့နယ်တွင်းရှိ ရပ်ကွက်များအတွင်းနှင့် လမ်မကြီး တလျှောက်၊ မိဘမဲ့ဂေဟာတို့တွင် ကြက်ငှက်တုပ်ကွေး နှင့် ပတ်သက်သည့် ဗဟုသုတနှင့် ကာကွယ်ရန် နည်း လမ်း များကိုရှင်းလင်းပြောပြခဲ့ပြီး Mask (ပါးစပ်အုပ်)များကိုဝေငှပေးခဲ့ကြောင်းသိရသည်။


TYO သျှမ်းလူငယ်များ၏ကွင်းဆင်းပညာပေးမှုတွင် ကြက်ခြေနီအဖွဲ့မှလာရောက်ကူညီမှုပေးခဲ့ကြောင်း၊ လမ်းသွားလမ်းလာများ ဘေးကင်းစေရေးအတွက်လည်း မော်တော်ယာဉ်ထိန်းသိမ်းရေး မှလာရောက် ကူညီပေးကြောင်း TYO အဖွဲ့တာဝန်ရှိသူတဦးကပြောသည်။

လားရှိုးမြို့နယ်အတွင်း ကြက်ငှက်တုပ်ကွေးနှင့်ပတ်သက်သည့် ဗဟုသုတများ TYO အဖွဲ့မှ ကွင်းဆင်းပညာပေးမှုပြုနေစဉ် 


သျှမ်းပြည်မြောက်ပိုင်းမှ TYO အဖွဲ့ခေါင်းဆောင် စိုင်းဟန်က - H1N1 က ကျနော်တို့ဆီကိုမရောက်သေးဘူး ဆိုပေမယ့် -  မရောက်လာနိုင်ဘူးလို့မပြောနိုင်ဘူး။ ကြိုတင်ကာကွယ်တားဆီးနိုင်ဖို့အတွက် ဘယ်လိုနေထိုင်စား သောက် သင့်သလဲ စသဖြင့်ပေါ့။ နောက်ပြီးရောဂါလက္ခဏာတွေ့တာနဲ့ ဆေးရုံဆေးခန်း မြန်မြန်သွားဖို့ပေါ့နော်။ - ဟု သျှမ်းသံတော်ဆင့် အားပြောဆိုသည်။


ကြက်ဝက်တုပ်ကွေးရောဂါပိုး H1N1 ၏ရောဂါလက္ခဏာမှာအဖျားတက်ခြင်း၊ ချောင်းဆိုး၊ နှာခေါင်းယားယံခြင်း၊ လည်ချောင်းနာ၊ နှာရည်ယိုခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ အထက်လှန်အောက်လျှောဖြစ်ခြင်း၊ အသက်ရှူနှုန်းမြန်ခြင်း၊ အသက်ရှူကျပ်ခြင်း၊ နှုတ်ခမ်းများပြာနှမ်းခြင်း စသည်တို့အပြင်တချို့မှာ မေ့မျောသည်အထိ ဖြစ်ရကြောင်း ၎င်းကဆိုပါသည်။


ယခုဂျူလိုင်လ နောက်ဆုံးပတ်အထိ မြန်မာနိုင်ငံတွင် အထူးသဖြင့်ရန်ကုန်တွင် H1N1 ရောဂါပိုးကြောင့်သေဆုံးသူ ၆ ဦးရှိပြီး ရောဂါကူးစက်နေသူ ၃၀ ဦးရှိကြောင်း၊ ရောဂါပိုးဆက်လက်မပျံ့ပွါးအောင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် WHO  ထံမှလည်း ကာကွယ်ဆေးများ တောင်းထားကြောင်း ကျန်းမာရေးဌာနက ကြေငြာထားသည်။


လက်ရှိမြန်မာနိုင်ငံတွင် H1N1 အပြင် H3N2 , H5N1 တို့လည်းပျံ့နှံ့နေသည်ဟုသတင်းများထွက်ပေါ်နေပါသည်။


ဆက်ဖတ်ရန်


ပြစ်မှုစွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ အကျိုးဆောင်ပေးဖို့တောင်ကြီးတွင် Justice Center ရုံးဖွင့်



ပစ်မှု၊ ရာဇ၀တ်မှုများ ဖြင့် စွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ ၊ ခွဲခြား ဆက်ဆံခံရသူများ အတွက် ငွေကြေးအခမဲ့ဥပဒေ အကျိုးဆောင်ပေးခြင်း လုပ်ငန်းဖြစ်သောတရားမျှတမှုစင်တာ(Justice Center) ကို ဂျူလိုင်လ(၂၄) က တောင်ကြီမြို့တွင် ရုံးခွဲတစ်ခုအဖြစ်ဖွင့်လှစ်ခဲ့ပြီး (၃၁) ရက်နေ့အထိ အမှုလာရောက် အပ်နှံသူ (၅) ဦးရှိကြောင်း တရားလွှတ်တော်ရှေ့နေဒေါ်ခင် မိုးမိုးက ပြောပါတယ် ။


"ကျမတို့ဆီကို Center ဆီကို အကူအညီ လာတောင်းသူတွေကို ဒီအတိုင်း ပြန်မလွတ်ပါဘူး ။ တစ်ခြား ကူညီနိုင်မယ့်နည်းလမ်းတွေကိုပါ ကျမတို့ထပ်ပြီး လမ်းညွှန်ပေးသွားမှာဖြစ်ပါတယ် "  လို့၎င်းကပြောပါ တယ်။


တရားမျှတမှု စင်တာရဲ့ ဥပဒေအထောက်အကူပြုဝန်ဆောင်မှုများကတော့ တရားမျှတမှု စင်တာများအနေနဲ့ ပြစ်မှု၊ ရာဇ၀တ်မှုများ စွပ်စွဲခံထားရသော ဆင်းရဲနွမ်းပါးသူများ၊ ခွဲခြားဆက်ဆံခံရသူများအတွက် ငွေကြေး အခမဲ့ ဥပဒေအကျိုးဆောင်ပေးမှာဖြစ်ပြီး အကယ်၍ ပုဂ္ဂိုလ်တစ်ဦးဟာ စင်တာကနေ ပေးအပ်တဲ့ ၀န်ဆောင် မှုကို ခံစားထိုက်ခြင်းမရှိပါက သို့မဟုတ် အချင်းဖြစ် အကြောင်းအရာဟာ တရားမမှု သို့မဟုတ် မိသားစုရေး ရာ နဲ့ ဆက်နွယ်တဲ့ကိစ္စရပ်များဖြစ်ပါက စင်တာအနေနဲ့ အဆိုပါ ပုဂ္ဂိုလ်အား ၄င်း၏အ ခက်အခဲများကို ကူညီ ဖြေရှင်း နိုင်မယ့် ရှေ့နေ သို့မဟုတ် အဖွဲ့အစည်းများ ထံလွှဲပြောင်းပေးမည် ဖြစ်ကြောင်း - သိရပါတယ် ။


မြန်မာနိုင်ငံမှာ တရားမျှတမှုကို လက်လှမ်းမှီမှု ပိုမိုအားကောင်းစေဖို့အတွက် ဥရောပ သမဂ္ဂကနေ ပံ့ပိုးပြီး ဗြိတိသျှကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော My justice အစီအစဉ်ဟာ International Bridges to Justice (IBJ) နဲ့ လက်တွဲပူးပေါင်းပြီး တရားမျှ တမှုစင်တာ ( justice Center) အတွက် (၄) နှစ်သာ စီမံကိန်းတစ်ရပ်ဖြစ်တယ်လို့ ဗြိတိသျှကောင်စီမှ တာဝန်ရှိသူများကရှင်းပြပါတယ် ။


တောင်ကြီးမြို့နယ် တရားမျှတမှုစင်တာ ရုံးခန်းကို YMCA တိုက်တန်း   အခန်း(၆) သစ်တောရပ်ကွက် ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း တွင်ဖွင့်လှစ် ထားပြီး နနံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ အပတ်စဉ် တနင်္လာ နေ့မှ သောကြာနေ့အထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဥပဒေဆိုင်ရာအကူအညီ လိုအပ် နေသည့် မည်သူမဆို တရားမျှတမှုစင်တာသို့ လူကိုယ်တိုင်သော် လည်းကောင်း (+၉၅ ၉၂၅၄၁၇၄၂၁၃) ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။


ဆက်ဖတ်ရန်


ကျေးလက်ထံပိုက်ဆံကောက်ယူပြီး မီးမရသည့် ကိစ္စ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် လွှတ်တော်အစည်းဝေးတွင်မေးမြန်း



သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်း ၃၈ ရွာ မှ ရွာသားများထံ ပိုက်ဆံကောက်ယူပြီး လျှပ်စစ်မီး မရသေးသည့် ကိစ္စအား မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းသီဟ ကျော်က လွှတ်တော်အစည်းအဝေးတွင် မေးမြန်းလိုက်သည်။


ဂျူလိုင်လ ၂၅ ရက်နေ့က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမအစည်းအဝေးတွင် မိုင်းရယ် မြို့နယ် ကျားခေါင်းပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းသီဟကျော်(ခေါ်) စိုင်းဟတ် က အစည်းအဝေးတွင် - ပြီးခဲ့သည့်နှစ်က အစိုးရက မိုင်းရယ်မြို့နယ်အတွင်း ကျေးရွာ ပေါင်း ၄၀ ခန့် အား လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားတပ်ပေးမည်ဟုဆိုကာ ပိုက်ဆံကောက် ယူသွားရာ တစ် နှစ်ကျော်ပြီဖြစ်သော်လည်း အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုမရှိသည့်အပေါ်  မည်သို့ ဆက် လက်ဆောင်ရွက်ပေးမည်ကိုမေးမြန်းခဲ့ရာမှ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးက ထိုသို့ပြန်လည်ဖြေ ကြားခြင်းဖြစ်ကြောင်းသိရသည်။


ပစ္စည်းရောက်လာပြီ။ ပစ္စည်းအရည်အသွေးစစ်ကြည့်ပြီးရင် လာမယ့် ဩဂတ်စ်လမှာ ပြီးအောင် တပ်ဆင်ပေးမယ်ပြောတယ်။   ပြီးမှ ဒေသခံလူထု သုံးစွဲရာမှာလွယ်ကူအောင်လို့ လက်စွဲစာအုပ် လုပ်မယ်။ အဲတာကြောင့်အချိန်က ၉ လကျော်ကြာအချိန်ရတာဖြစ်တယ်လို့ ဝန်ကြီး ဦးလှကျော်က ဖြေဆိုပါတယ်- ဟု စိုင်းသီဟကျော်က သျှမ်းသံတော်ဆင့်အားပြောပြသည်။


လျှပ်စစ်ဓါတ်အားလိုင်းမရသည့်နေရာတွင် လျှပ်စစ်မီးရရှိရေးအတွက် ဆိုလာပြားအား အစိုးရက ထောက်ပံ့ကူညီတပ်ဆင်ပေးမည်ဟုဆိုကာ လွန်ခဲ့သည့် ၂၀၁၆ နှစ်နှောင်းပိုင်းက အစိုးရက ဒေသခံလူထု ၃၈ ရွာထံမှ ဆိုလာပြားတန်ဖိုး၏ ၁၀ ရာခိုင်နှုန်းကို ကောက်ယူခဲ့သည်။


ဥပမာဆိုလာပြားတန်ဖိုး  ၃ သိန်းတန်ကို ၃ သောင်း ကောက်တယ်။ အစိုးရနဲ့ ကမ္ဘာ့ဘဏ်က ကူညီပေးတာ။ ဒါမယ့် ပိုက်ဆံတွေကောက်သွားတာ ၁ နှစ်ရှိတော့မယ်ဆိုတော့ ရွာသားတွေကကျနော့်ကိုအရမ်းမေးတော့ ကျနော်က မေးပေးရတာပါ။ အခုတော့ ပစ္စည်းတွေကရောက်ပါပြီ။ တပ်ဆင်ဖို့ပညာရှင်တွေ မလာသေးလို့ဆိုပြီး အချိန်ကြာနေတာ။ ဗို့အားအလိုက်ဈေးက အနည်းအများရှိတယ်။  -ဟု စိုင်းသီဟကျော်ကပြောသည်။


ဆိုလာပြားတပ်ဆင်မည့် ၃၈ ရွာမှာ - မိုင်းရယ်မြို့နယ် မန့်ဖိုင်အုပ်စုမှ ၆ ရွာ၊ မန့်ကျောင်းအုပ်စုက ၂ ရွာ၊ နားဝါအုပ်စုက ၅ ရွာ၊ လွယ်ငင်း ၁ ရွာ၊ မန့်ပုံအုပ်စုက ၃ ရွာ၊ မိုင်းဟိုင်းအုပ်စုက ၆ ရွာ၊ မိုင်းကောင်အုပ်စုက ၃ ရွာ၊ လုံလျန်းအုပ်စုက ၁ ရွာ၊ မိုင်းဟ မန်မုံက ၃ ရွာ၊ မန်စန့် ၂ ရွာ၊ ဟိုယ ၂ ရွာ ကောင်းနောင် ၁ ရွာ၊ မန့်ကျောင်းပန်ဆင်မ် ၂ ရွာ စသည်တို့ဖြစ်ကြောင်းသိရပါသည်။ မိုင်းရယ်မြို့သည် လားရှိုးခရိုင်အတွင်း တည်ရှိပြီး လားရှိုးမြို့ တောင်ဘက် မိုင် ၆၀ ခန့် ကွာဝေးသည်။


ဆက်ဖတ်ရန်


တပ်မဟာ ၄၆၈ ထိန်းချုပ်နယ်မြေအတွင်း UWSA ၀ တပ်ဖွဲ့ မြို့သစ်တည် လားဟူရွာ တရွာ နှင့် တောင်သုံးလုံးဖြို



သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ အရှေ့မြောက်ဘက်  ကီလိုမီတာ ၁၀၀ ကျော်ရှိ UWSA ၀ တပ်ဖွဲ့ တပ်မဟာ ၄၆၈ အခြေစိုက်ရာ မိုင်းပေါက်မြို့ အရှေ့ဘက်တွင် မြို့သစ်တည်ဆောက်ရန်အတွက်  ကျေးရွာ ပြောင်းရွှေ့ မှုပြုလုပ်နေရကြောင်း စုံစမ်းသိရှိရသည်။


ဂျူလိုင်လဆန်းပိုင်းကအဆိုပါစီမံကိန်းစတင်နေသည်ဖြစ်ရာ  ရွာဖယ်ရှားခြင်း လယ်ယာမြေများ သိမ်းပိုက် မြေဖို့ခြင်းများရှိသဖြင့် ကျေးလက်ရွာသားများအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း   ကျေးရွာအကြီးအကဲ တဦးကပြောသည်။

Photo: မြို့သစ်စီမံကိန်းအတွက် တောင်ဖြို လယ်မြေဖို့မှု ပြုလုပ်နေကြပုံ
“မြို့ပြစီမံကိန်းလုပ်မယ်။ ခုလောလောဆယ်တော့  အိမ်ခြေ ၃၂ လုံးရှိတဲ့ ဂျတော်ခါး  လားဟူ ရွာတရွာကို ၀ အာဏာပိုင်တွေက ပြောင်းရွှေ့ခိုင်းနေတယ်။ ရွာသားတွေရဲ့ လယ်မြေကွက်တွေသိမ်းတယ်။ လက်မှတ် ထိုး ခိုင်းပြီးတော့ကိုသိမ်းသွားတာ။  လွယ်စဝ်မိန်းတောင်အပါအဝင် အနီးအနားက ယာမြေတွေကို   လျော်ကြေး မပေးဘဲ ဇူလိုင်လ ဆန်းပိုင်းက  သိမ်းသွားတယ်။ ရွာသားတွေက မျက်ရည်မျက်ခွက်ဖြစ်နေတယ်ခု။ အခါရွာသားတွေပေါ့။  ”- ဟု ဒေသခံ ဦးအိုက်နပ်က ပြောသည်။


မိုင်းပေါက် အခြေစိုက် ၀ တပ်ရင်းမှူး တဦးဖြစ်သည့် အားဖုန် က ဒေသခံများ ခေတ်မှီနေထိုင် နိုင်ဖို့ မြို့ပြစီမံကိန်းကို မြေဧကပေါင်း ၃၀၀၀ ခန့်  ရှင်းလင်းထားကြောင်း သျှမ်းသံတော်ဆင့်အား ပြောသည်။


လာမည့် နှစ်အတွင်း စတင်နေထိုင်နိုင်ဖို့ အတွက် လက်ရှိတွင် တောတောင်ဖြိုဖျက်ကာ လယ်ယာမြေကွက်အတွင်း မြေဖို့ မှုတွေ များ စတင်လုပ်ဆောင်နေကြောင်းသိရပါသည်။


ဆက်ဖတ်ရန်


JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနား ပထမအကြိမ်ကျင်းက



JMC အဆင့်ဆင့်တွင်ပါဝင်သောအရပ်သားကိုယ်စားလှယ်များတွေ့ဆုံပွဲအခမ်းအနား ပထမဆုံးအကြိမ်ကို ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် ၂ ရက်သာကျင်းပခဲ့ပါသည်။


ငြိမ်းချမ်းရေးစောင့်ကြည့်ရေးအတွက်ဖွဲ့စည်းထားသော JMC မှ ဒေသအဆင့်၊ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် မှ အရပ်သားကိုယ်စားလှယ်များသီးသန့်ဆွေးနွေးပွဲကို ဂျူလိုင်လ ၂၀ နှင့် ၂၁ တွင်ကျင်းပရာ လူအင်အား ၃၀ ခန့်ရှိကြောင်း ဒေသအဆင့် JMC လင်းခေးခရိုင်လင်းခေးမြို့နယ်မှ အရပ်သားကိုယ်စားလှယ် စိုင်းဘဟန်က သျှမ်းသံတော်ဆင့်အားပြောသည်။


အရပ်သားကိုယ်စားလှယ်တွေ စစချင်းတွေ့ဆုံတဲ့ တွေ့ဆုံပွဲဖြစ်တဲ့အတွက် ထွေထွေထူးထူးကြီးဆွေးနွေးပြီးဆုံးဖြတ်ချက်ချတာမျိုးတော့မရှိဘူး။ ဒါပေမယ့် ပဲခူး၊ ထားဝယ်၊ သျှမ်း အစရှိ ဒေသအသီးသီးကလာတဲ့ ကိုယ်စားလှယ်တွေက မိမိတို့ကြုံတွေ့ရတဲ့ ဒေသတွင်းအနေအထားတွေ အခြေအနေတွေကို ရှင်းပြကြတယ်။ ရှေ့ဆက်မှာ လက်တွဲလုပ်ဆောင်ဖို့ဘာတွေရှိမယ်စတာတွေ ဆွေးနွေးကြတယ်။


ဒီတွေ့ဆုံပွဲကနေ ကျနော့အတွက်ရရှိတဲ့ အကျိုးကျေးဇူးတခုကတော့ ကျနော်တို့ဟာ ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့ လူထုကိုကိုယ်စားပြုတဲ့ ကိုယ်စားလှယ် ဖြစ်တဲ့အတွက် ကျနော်တို့ လုပ်ရမယ့်ဟာကိုများများလေ့လာရမယ်။  ငြိမ်းချမ်းရေးအတွက်ဘာလုပ်ရမလဲဆိုတာကို ပိုမိုသိရှိနားလည်လာတယ်။ သိလာတဲ့ဟာကို ဒေသတွင်း လူထုနဲ့ သွားတွေ့ဆုံပြီး ရှင်းလင်းပြသဖို့ အဓိက ဖြစ်တယ်။ တလတခါ လူထုနဲ့တွေ့ဆုံသွားဖို့ရှိပါတယ်။- ဟု လင်းခေးမြို့မှ အရပ်သားကိုယ်စားလှယ် စိုင်းဘဟန်ကပြောသည်။


အရပ်သား၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့နှင့် အစိုးရကိုယ်စားလှယ်တို့ ၃ ဘက် ၃ တန် လက်တွဲကာ အပစ်ရပ်ငြိမ်းချမ်းရေးစောင့်ကြည့်ဖို့အတွက် JMC ကို ပြည်ထောင်စုအဆင့် ၊ ပြည်နယ်အဆင့်၊ ဒေသအဆင့်ဟူ၍ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းက ဖွဲ့းစည်းခဲ့သည်။ သျှမ်းပြည်အတွင်း JMC-S ရုံးကို ရလခ တိုင်းရုံးအခြေစိုက် ခိုလမ်တွင်လည်းကောင်း ၊ JMC-L ရုံးကို လင်းခေးခရိုင်လင်းခေးမြို့နယ်တွင်လည်းကောင်း ဖွင့်လှစ်ထားသည်။ ယမန်နှစ်နှောင်းပိုင်းက ကျင်းပပြုလုပ်သော JMC အစည်းအဝေးအရ JMC-L ရုံးများကို ၁၀ ခုအထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းဆွေးနွေးဆုံးဖြတ် ထားသည်ဟုသိရသည်။


ဆက်ဖတ်ရန်


မီးလောင်ကျွမ်းသော သီပေါ/နမ့်လန်ဈေး ငွေကျပ်သိန်းပေါင်းတသောင်းဖြင့် ပြန်လည်တည်ဆောက်မည်



သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်တွင် မီးလောင်ကျွမ်းသွာသော နမ့်လန်ဈေး အသစ်ပြန် လည်တည် ဆောက်ရေးအတွက် ကျပ်သိန်းပေါင်း တသောင်းခန့် လျာထားကြောင်းသိရသည်။


ဂျူလိုင်လ ၁၃ ရက်နေ့က သီပေါမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒေသခံလူထု ၊ ဒေသတွင်း နိုင်ငံရေးပါတီ အကြီး အကဲများ၊ လူမှုအသင်းအဖွဲ့များ စုစုပေါင်းလူအင်အား ၈၀ ကျော်ပါဝင် သည့်တွေ့ဆုံမှုတရပ်အား စည်ပင်သာယာ ရုံးတွင် ပြုလုပ်ဆွေးနွေးကြသည်။


ယမန်နှစ်က မီးလောင်ကျွမ်းသွားသည့် နမ့်လန်ဈေးကြီးနေရာတွင် ဈေးအသစ်ပြန်လည်ဆောက်လုပ်ရေး၊ ဈေးသစ်ပုံပြ ပုံစံကြမ်းရေးဆွဲရေး၊ သျှမ်းပြည်နယ်အစိုးရထံ တင်ပြရေး၊ ဈေးသစ်တည်ဆောက်ရေးအတွက် ကုမ္မဏီငှားရမ်းရေးအပြင် ဈေးတည်ဆောက်ရန်အတွက် ပျှမ်းမျှကုန်ကျမည့်အသုံးစရိတ် စသည့်အချက်များအား ဆွေးနွေးခဲ့ကြသည်။


နမ့်လန်မြို့ SNLD ပါတီဥက္ကဌ စိုင်းဆာမ်လျန်းက - ကျပ်ငွေသိန်းပေါင်း ၈၀၀၀ မှ ၁၀၀၀၀ အထိလျာထားတယ်။ ဈေးပြန်လည်တည်ဆောက်ရေးအတွက်။ ပထမအကြိမ်အစည်းအဝေးတော့မဟုတ်တော့ပါဘူး။ ၁၈ ကြိမ် မြောက် တွေ့ဆုံဆွေးနွေးမှုဖြစ်ပါတယ်။ ပြောရမယ်ဆိုရင်ဒီတခေါက်တွေ့ဆုံမှုရလဒ်ဟာ တော်တော်လေးကို  အားရကျေနပ်ဖွယ်ရှိတယ်လို့ဆိုရပါမယ်။ ဈေးတည်ဆောက်တာကလည်း တဆင့်ချင်းစီသွားရမယ်ဆိုတော့ အားလုံးပြီးစီးဖို့က နှစ်ကုန်လောက်ဖြစ်မယ်လို့မျှော်မှန်းထားပါတယ် - ဟု ပြောဆိုသည်။


နမ့်လန်မြို့ဈေးကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့က မီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပြီး ဈေးတခုလုံးပြာ ကျဆုံးရှုံးရသဖြင့်ယခုဈေးသစ်ပြန်လည်တည်ဆောက်ရေးအတွက်ဒေသခံများစီစဉ်နေခြင်းဖြစ်သည်။


ဆက်ဖတ်ရန်


သာသနာရေးဝန်ကြီး သူရဦးအောင်ကို ရာထူးမှရပ်နားရန် တောင်ကြီးမြို့တွင် တောင်းဆို



တာင်ကြီးမြို့နယ် အေးသာယာမြို့သစ် ၊ နောင်အင် ဘောလုံးကွင်းတွင်  "သာသနာရေးဝန်ကြီးသူရဦးအောင်ကို အားကန့်ကွက်ရှုတ်ချပွဲ " တရပ်ပြုလုပ်ခဲ့ကြောင်းသိရသည် ။


ဂျူလိုင်လ  ၁၃ ရက်နေ့ နေ့လည်တစ်နာရီခန့် ကပြုလုပ်သည့် အဆိုပါ ကန့်ကွက် ဆန္ဒပြပွဲသို့ အမျိုးဘာသာသာ သနာချစ်မြတ်နိုးသူများအဖွဲ့မှ ရဟန်းရှင်နှင့်လူထုအင်အား ငါးရာကျော်ခန့် တက်ရောက်ခဲ့ပြီး "သာ/ယဉ်ဝန်ကြီးရာထူးမှနုတ်ထွက်ပေးရေး ဒို့အရေး ၊ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေး ဒို့အရေး "စသည့် ကြွေးကြော်သံများ ဖြင့် ကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ သည်ဟုသိရသည် ။


"သာသနာရေး ၀န်ကြီးပြောကြားချက်တွေထဲမှာဗုဒ္ဓဘာသာတရားပွဲတွေ ပိတ်တာတွေရှိပါတယ် ၊ ဗုဒ္ဓ ဘာသာစာပေတွေကို သာသနာရေးဝန်ကြီး ဋ္ဌာနရဲ့ ဆုံးဖြတ်ချက်ကိုရမှ မဟန (နိုင်ငံတော်သံဃာ့မဟာနာယက) ကနေပြီးထုတ်ပြန်ဖို့ဆုံး ဖြတ် မယ်ဆိုတာကို သဘောမကျပါဘူး ၊ ဗုဒ္ဓ ဘာသာနိုင်ငံမှာ ဗုဒ္ဓ ဘာသာတရားပွဲတွေကို လွတ်လွတ်လပ်လပ် ဖြစ်စေချင်ပါတယ် " ဟု ဖယ်ခုံမြို့နယ် မှ ဦးမြတ်ကျော် ကပြောသည် ။


အမျိုးဘာသာသာ သနာချစ်မြတ်နိုးသူများအဖွဲ့မှ အချက် (၆)ချက်ပါရှိသည့် သဘောထားထုတ်ပြန် ကြေငြာချက် ထဲတွင် နိုင်ငံတော် သမ္မတ ၊ နိုင်ငံတော် ၏အတိုင်ပင်ခံပုဂ္ဂို လ်နှင့် အစိုးရလွှတ်တော် ခေါင်းဆောင် များသည် အမျိုးသား ရေးသမားများ၏ ဆန္ဒ ခံစားချက်နှင့်ယုံကြည်ချက်တို့မှ ပေါက်ဖွားလာသည့် လှုပ်ရှား တောင်းဆိုမှုများအပေါ် အလေးထား ထည့်သွင်းစဉ်းစား ဖြေရှင်းပေးရမည် ဟူ ၍ပါရှိသည် ။


တောင်းဆိုချက်များအပေါ်အလေးထား ဖြေရှင်းဆောင်ရွက်ပေးမှု အား (၇)ရက်အတွင်းစောင့်ကြည့်လေ့လာသွားမည်ဖြစ်ပြီး အလေးထား ဖြေရှင်းဆောင်ရွက်ပေးမှုမရှိပါက သပိတ်စခန်းဖွင့်လှစ်၍ အကြမ်းမဖက် အရေးတော်ပုံ တစ်ရပ်ဖော်ဆောင်ကာ နောက်တစ်ဆင့်အရှိန်မြင့် တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း သဘောထားကြေငြာချက်တွင်ထည့်သွင်းထားသည်ကိုလည်း သိရပါသည် ။


ဆက်ဖတ်ရန်


အလုပ်လုပ်ခွင့်လက်မှတ်လျှောက်ထားရန် ထိုင်းအစိုးရ ရက်သတ်မှတ် ထုတ်ပြန်



ထိုင်းနိုင်ငံအတွင်းနေထိုင်အလုပ်လုပ်လျှက်ရှိပြီး နေထိုင်ခွင့် အလုပ် လုပ်ခွင့်လက်မှတ် မရှိသူရွှေ့ပြောင်း အလုပ် သမားများအား ဂျူလိုင်လ ၂၄ ရက်မှ သြဂတ်စ်လ ရ ရက်နေ့အတွင်း မိမိအလုပ်ရှင်နှင့်တကွ အလုပ် လုပ်ခွင့် လက်မှတ်လျှောက်ထားနိုင်ကြောင်းထိုင်းအစိုးရက ကြေငြာ ပါသည်။


ဂျူလိုင်လ ၁၀ ရက်နေ့က အဆိုပါကြေငြာချက်ကို ထိုင်းနိုင်ငံအလုပ်သမား ဝန်ကြီးဌာနက ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။


ကြေငြာချက်တွင် - ၁- အလုပ်လုပ်ခွင့်ကတ်ရှိသော်လည်း အလုပ်ရှင်နှင့် လုပ်ငန်း လွဲမှား နေသူများ၊ ၂- ယာယီပတ်စပို့၊ TD ၊  CI တို့အပြင် ဗီဇာ ရှိသော်လည်း အလုပ်လုပ်ခွင့်လက်မှတ်မရှိသေးသူများ ကြေငြာချက် ထုတ်ပြန်သည့် နေ့မှစပြီး အလုပ်သမားရုံးသို့ တိုက်ရိုက်ဆက်သွယ်နိုင်ပြီး၊ ၃- အလုပ်လုပ်ခွင့်လက်မှတ်မရှိသေးသူများ ဂျူလိုင်လ ၂၄ မှ သြဂတ်စ်လ ရ ရက်နေ့အတွင်း အလုပ်ရှင်နှင့်အတူ အလုပ်သမားရုံးသို့ သွားရောက်ေ လျှာက် ထားပြု လုပ်ရန်နှင့်၊ MOU လမ်းစဉ်ဖြင့် ပတ်စပို့သွားရောက်ပြု လုပ်ပြီးထိုင်းနိုင်ငံသို့ပြန်လာသူများအဖို့ ပုံမှန်အတိုင်း ဥပဒေနှင့် အညီဖြစ်စေရေး လုပ်ဆောင်သွားရန် စသည့်အချက်များပါဝင်သည်။


အလုပ်သမားများအတွက်အခွင့်အရေးအတွက်လှုပ်ရှားသည့်အဖွဲ့ HRDF မှ အရာရှိ စိုင်းပိန်းက- အခုဆိုရင် အလုပ် သမားတွေအတွက်ေ တ်ာတော်ေ လးကို အခွင့်ကောင်းတဲ့အခြေအနေတရပ်လို့ပြောလို့ရပါတယ်။  အလုပ်ရှင် ရှိပေ မယ့်အလုပ်လုပ်ခွင့်မရှိသေးတဲ့သူတွေ အစိုးရပြောထားတဲ့ရက်မှာ ချက်ချင်းသွားလုပ်နိုင်အောင်လို့ အသင့်ပြင် ထားဖို့ လိုပါတယ် - ဟု ပြောဆိုသည်။


မေလက အသစ်ထုတ်ပြန်လိုက်သည့်ထိုင်းအစိုးရ၏ အလုပ်သမား ဆိုင်ရာ ဥပဒေသစ်မှာ - နေထိုင်ခွင့် ၊အလုပ်လုပ် ခွင့်လက်မှတ်မရှိသူများ၊ အလုပ် လုပ်ခွင့်လက်မှတ်ပါ အလုပ်ရှင်အမည်နှင့် လက်တွေ့မိမိလုပ်ကိုင်နေသည့် အလုပ် တူညီမှုမရှိသူများ၊ ဥပဒေနှင့်မညီသည့်လုပ်ငန်း လုပ်ကိုင် နေသူများ ကို စစ်ဆေးတွေ့ရှိပါက အလုပ်သမားအား ဖမ်းဆီးမည်ဖြစ်ပြီး အလုပ်ရှင် အား (အလုပ်သမားတဦးအတွက်) ဒဏ်ငွေ ဘတ် ၄ သိန်းမှ ၈ သိန်းအထိ  ချခံရ မည်ဖြစ်ကြောင်း ပါရှိသဖြင့် ထိုင်းနိုင်ငံအတွင်းရှိ မြန်မာ၊ လောဝ်၊ ကမ္ဘောဒီးယားမှ ရွှေ့ပြောင်းအလုပ်သမားများ သိန်းချီ နေရပ်အသီးသီးပြန် သွားခဲ့ကြသည်။


အလုပ်သမားများနေရပ်ပြန်မှုကြောင့် လုပ်ငန်းထိခိုက်နစ်နာရသော ထိုင်းအလုပ်ရှင်များ ကတောင်းဆိုသဖြင့် အလုပ်သမားများ  ဥပဒေနှင့် ညီဖြစ်စေရေး အလုပ်ရှင်နှင့် အလုပ်သမား များပူးပေါင်းလုပ်ဆောင်ရန် ထိုင်းအစိုးရက ၆ လထပ်မံ အချိန်ဆောင်းပေးခဲ့သည်။ သို့သော် မယ်ဆိုင်-တာချီလိတ်၊ မဲဆောက်-မြဝတီလမ်းတို့တွင် နေ့စဉ်နေရပ်ပြန်အလုပ်သမား ရာနှင့်ချီရှိနေဆဲဖြစ်ပါသည်။


ဆက်ဖတ်ရန်


စစ်ဒဏ်သင့်ဒေသတွင်လယ်သမားတဦး မိုင်းနင်းမိ ဒဏ်ရာပြင်းထန်



သျှမ်းပြည် မြောက်ပိုင်း နမ့်တူမြို့နယ်အတွင်း စစ်ဒဏ်သင့်နေသော လွယ်ပြေးအုပ်စု အတွင်း လယ်ယာ သွားလုပ်သည့် ပန်မန့်ရွာသားတဦးဗုံးနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။


ဂျူလိုင်လ ၁၀ ရက်နေ့ မနက် ၁၀ နာရီခွဲက လွယ်ပြေးအုပ်စုအတွင်း လယ်ယာသွားလုပ်သည့် ပန်မန့်ရွာသား စိုင်းပန်းအောင်သည် ဗုံးနင်းမိခဲ့ခြင်းဖြစ်ပြီး ခြေနှင့် ခါးအောက်ပိုင်းတို့တွင် ဗုံးစ ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဗုံးနင်းမိ ပန်မန့်ရွာသား စိုင်းပန်းအောင်
နမ့်တူမြို့ စစ်ဘေးရှောင်ကူညီရေးကော်မတီ ဒုဥကဌ စိုင်းဘဉာဏ်က -ပြီးခဲ့တဲ့အပတ်က တအာင်းနဲ့ ရှမ်းလက်နက် ကိုင်အဖွဲ့တွေ တိုက်ပွဲဖြစ်တာကြောင့် လွယ်ပြေးအုပ်စုကလူတွေ နမ့်တူကို ထွက်ပြေးကုန်တယ်။ အခု ဗုဗာရုံ ကျောင်းမှာ။ တိုက်ပွဲတွေဆက်မဖြစ်ပေမယ့် တင်းမာနေတဲ့အခြေအနေကြောင့် လွယ်ပြေးဘက် ကို မပြန်ရဲကြသေးဘူး။   ဒါပေမယ့်လယ်ယာက မလုပ်ရင်အချိန်လွန်တော့မယ့်အခြေအနေကြောင့် လည်းဖြစ်ပါလိမ့်မယ် - ဟု ပြောဆိုသည်။


ပေါက်ကွဲသံကြားပြီးနောက်ရွာသွားများသွားကြည့်ရာ ဒဏ်ရာရသောစိုင်းပန်းအောင်အား တွေ့ရှိသဖြင့် နမ့်တူ ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုထားကြောင်း ၊ ခြေထောက်နှင့် နောက်ကျောတို့တွင်ဒဏ်ရာ များရရှိသော်လည်း အသက်အန္တရာယ်အတွက် စိုးရိမ်ရသည့်အနေအထားမရှိကြောင်း၊ ပေါက်ကွဲမှုဖြစ်ပွါးသည့် လွယ်ပြေးအုပ်စုရှိ လယ်ယာမြေမှာ ၄င်းတို့နေထိုင်သည့်ပန်မန့်ရွာနှင့် သိပ်မဝေးကွာကြောင်း စစ်ဘေးရှောင်များပြောပြချက် အရသိရသည်။


လက်ရှိတွင် နမ့်တူမြို့ရပ်ကွက် ၈ ရှိ ဗုဗ္ဗါရုံကျောင်းတိုက်တွင် စစ်ဘေးရှောင် ၄၀၀ ခန့်ရှိနေကြောင်းလည်း စစ်ရှောင်ကူညီရေးကော်မတီကပြောဆိုပါသည်။


ဆက်ဖတ်ရန်


ပြည်ထောင်စု မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း အနုနာယက ကျိုင်းတုံမြို့ ဓမ္မောဒယ မိုးနဲကျောင်းတိုက် ဆရာတော် ခန္ဓာချုပ်ငြိမ်း



ပည်ထောင်စု မြန်မာနိုင်ငံ ရွှေကျင်ဂိုဏ်း အနုနာယက ၊ သျှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့ မဟာနာယက၊ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် သံဃာ့နာယက ဆရာတော် ဘဒ္ဒန္တအာဇေယျ အဘိဓဇ သာသန ကရဓမ္မရာဇဂုရု သာသနဓ္ဇဇသီရီပ၀ရ ဓမ္မစရိယ အဂ္ဂမဟာပဏ္ဌိတ၊ ကျိုင်းတုံမြို့ ပဓာနနာယက ဓမ္မောဒယ ပရိယတ္တိစာတင်တိုက် (မိုးနဲကျောင်းတိုက်) ဆရာတော်သည် ယနေ့ ညနေပိုင်းတွင် ပျံလွန်တော်မူ သည်ဟု သိရှိရသည်။


၂၀၁၇ ဂျူလိုင် ၁၁ ရက် ညနေ ၇ နာရီအချိန် ပျံလွန်တော်မူသည့် သက်တော် ၉၀ ၊ ဝါတော် ၇၀ ရှိ ဘဒ္ဒန္တအာဇေယျသည် သက်ကြီးရောဂါကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်း ဆေးရုံကြီးသို့ အကြိမ်ကြိမ် ပင့်ဆောင်ကုသကြောင်း၊ သက်တော်ကြီးရင့်လာမှုကြောင့် ခံစားနေရသည့် ဝေဒနာမသက်သာဘဲ ချင်းရိုင်းမြို့မှ သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ပြန်လည်ပင့်ဆောင်ကာ ၎င်းကျိမ်းဝတ်သည့် မိုးနဲ ကျောင်းတိုက်အရောက်တွင် ခန္ဓာချုပ်ငြိမ်းသွားခြင်းဖြစ်ကြောင်း ဆရာတော်၏ တပည့်ဒါယိကာ တဦးဖြစ်သည့် ဆရာစိုင်းပင်ခမ်းက သျှမ်းသံတော်ဆင့်သို့ ဤကဲ့သို့ ပြောသည်။


“ဆရာတော်ဘုရားကြီးက သက်ကြီးရောဂါ ပါဘဲ၊ ချင်းရိုင်းမှာ ဆေးလာစစ်တော့ အဆုတ် တခြမ်းမ ကောင်းဘူးပြောတယ်။ ချွဲတွေ တအားထတယ်။ အသက်ရှူ ခက်ခက်လာလို့ ဒီကနေ့ ကျိုင်းတုံ ကို ပြန်ပင့်တာ။  ဒီနေ့ ဘဲ ရောက်တယ်။ ဒီနေ့ ဘဲ ပျံလွန်သွားတာ။ ဒီခရီးက ဘယ်သူမှ မလွန်ဆန်နိုင်ဘူး လေ။ အဓိက ကတော့ ဆရာတော်ဘုရားလမ်းပြထားတဲ့ အတိုင်း ကျန်ရှိတပည့်တပမ်းတွေ လိုက်လျှောက်ဖို့ဘဲ” - ဟု ဆရာ စိုင်းပင်ခမ်း ကပြောသည်။


ဘဒ္ဒန္တအာဇေယျ ခေါ် မိုးနဲကျောင်းတိုက် ဆရာတော်သည် ၁၂၈၉ ခု ၊ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့တွင် ဖွားမြင်သည်။ ဖခမည်းတော် စိုင်းဆန်ဆု၊ မယ်တော် နန်းမို တို့၏ မွေးချင်း ၄ ဦး အနက်သားထွေးဖြစ်သည်။ ငယ်နာမည်မှာ စိုင်းကမ်ဖြစ်သည်။ အသက် ၁၀ နှစ်အရွယ်တွင် ဝတ့်ဖရကျောဝ် ကျောင်းတိုက်၌ သာမဏေ ဝတ်ပြီး သက်တော် ၁၈ နှစ် ကိုယ်ရင်ဘ၀ တွင်ပင် မိုးနဲကျောင်းထိုင် ဆရာတော် အဖြစ် ဒါယိကာများက ဆက်ကပ်အပ်နှင်းတော်မူသည်။


၁၃၁၁ ခု ၁၃၁၈ ခု အထိ လောကုတ္တရာစာပေအားဆည်းပူးကာ ညောင်ရွှေမြို့ ကန်ကြီးကျောင်းတိုက်၌ ဓမ္မစရိယ အောင်တော်မူသည်။ သာသနာနှစ် ၂၅၀၀ ပြည့် တွင် ကျိုင်းတုံမြို့ မိုးနဲကျောင်းတိုက်အား ဓမ္မောဒယ စာသင်တိုက် အဖြစ်ဦးဆောင်ဖွင့်လှစ်ကာ ပရိယတ္တိ စာပေပြန့်ပွားရေးအတွက် နှစ်ပေါင်း ၅၀ ကျော် စာချတော်မူသည်။ သက်ကြီးရောဂါကြောင့် အရေးပေါ် ဆေးဝါး ဆက်ကပ်လှူဒါန်းနိုင်ရန် တြိဂံ တိုင်း စစ်ဌာနချုပ် တပ်ဆရာဝန်ကြီးများ သမားတော်ကြီးများက အနီးကပ်ပြုစုပေးသည်ဟုသိရသည်။


ဝါတွင်းဖြစ်သည့်အားလျော်စွာ မန္တလေးမြို့ ရွှေကျင်ဂိုဏ်းချုပ် ခွင့်ပြုချက်ဖြင့် ဝိနည်းတော်အတိုင်း ကြွင်းကျန်ရုပ်အလောင်းအား မီးသင်္ဂြိုဟ်မည်ဖြစ်သည့်အတွက် အရက်အတိအကျ သတ်မှတ်ကြေငြာပေးသွားမည်ဟု တပည့်တပန်း ဆရာတော်ဘုရားများက မိန့်ကြားတော်မူသည်။


ဆက်ဖတ်ရန်


 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates