အပြစ်မဲ့ ကျောက်ခွဲသမားအား ဒေသခံရဲ လိုက်ရိုက်



အလုပ်လုပ်ကိုင်ရန် အိမ်မှထွက်လာသော ကျောက်ခွဲသမားအား အပြစ်မရှိဘဲ ဒေသခံရဲများက လိုက် ရိုက်သည့်ဖြစ်စဉ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၌ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ ပြောပြချက် အရ သိရှိရသည်။
sai_mong

ရဲ၏ ရိုက်နှက်ခြင်းခံရသူ ကျောက်ခွဲသမား စိုင်းမောင် (Photo: STM)

နမ့်ခမ်းမြို့နယ် မန်ခမ်းကျေးရွာ ရပ်ကွက်(၁)နေ အသက် ၅၀ နှစ်ရှိ စိုင်းမောင်သည် မေလ ၁၉ ရက် နံနက် 7:30 နာရီ၌ ကျောက်ခွဲအလုပ်လုပ်ကိုင်ရန် ဆိုင်ကယ်ဖြင့် အိမ်မှထွက်ခွာလာကြောင်း၊ ကုန်းဆာ ရွာ လွိုင်စဝ်မိဏ်းအဆင်း၌ ဆိုင်ကယ်စီး အမျိုးသား ၂ ဦးက နောက်မှလိုက်လာကြောင်း ဆွေမျိုးတော် စပ်သူတစ်ဦးက ပြောပါသည်။


“စိုင်းမောင် နောက်လိုက်လာတဲ့ ဆိုင်ကယ်စီး ယောက်ျား ၂ ယောက်က လွိုင်စဝ်မိဏ်းအဆင်းလမ်းဘေး က မင်္ဂလာဆောင်ပွဲရှေ့လည်းရောက်ရော အနောက်ကနေ သူ့ကိုတုတ်နဲ့ရိုက်ထည့်တယ်။ သူလဲကျသွား တော့ ဆိုင်ကယ်ပေါ်ကဆင်းပြီး စိုင်းမောင်ကို ထပ်ရိုက်တယ်။”


ထိုအချိန်တွင် ကားတစ်စီးရောက်လာပြီး သေနတ်ကိုင် အမျိုးသား ၃ ဦး ဆင်းလာ၍ စိုင်းမောင်အား ထပ်ရိုက်နှက်ကြောင်း၊ ထို့နောက် စိုင်းမောင်ကို လက်ထိပ်ခတ်ကာ ကားပေါ်တင်၍ ရဲစခန်းသို့ ခေါ် ဆောင်သွားကြောင်း မျက်မြင်ဒေသခံတစ်ဦးကလည်း ပြောပါသည်။


“အစကတော့ ရဲဖြစ်မှန်းမသိကြဘူး။ လက်ထိပ်ခတ်တာမြင်မှ သိတော့တယ်။ တကိုယ်လုံးသွေးတွေ နဲ့ဆိုတော့ သူ့ဆွေမျိုးတွေ လာတွေ့တာတောင် မမှတ်မိဘူး။”


ရဲစခန်း၌ စစ်ဆေးမေးမြန်းရာ အပြစ်မရှိသဖြင့် ပြန်လည်လွှတ်ပေးလာကြောင်း၊ ရဲစခန်း၌ စိုင်းမောင် အား “ငါတို့ခေါ်တာ ဘာကြောင့် မရပ်ပေးသလဲ။ သေနတ်နဲ့ မင်းကို ပစ်သတ်လိုက်လို့ရတယ်” ဟု ပြောဆိုကြောင်း၊ ယခုအခါ စိုင်းမောင်သည် ၎င်း၏နေအိမ်၌ ဆေးကုသလျက်ရှိကြောင်း ဆွေမျိုးတော် စပ်သူများက ဆို၏။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates