မူးယစ်ဆေး ပေါများနေသည့် အပေါ် သျှမ်းဒေသခံများ စိုးရိမ်
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးကျေးရွာအုပ်စုအတွင်း မူးယစ်ဆေးဝါးလွတ်လပ်စွာ ဖြန့်ဖြူး
ရောင်းချနေပြီး လူအများစု သုံးစွဲနေသည့် အပေါ် ဒေသခံများ စိုးရိမ်နေကြောင်း သိရသည်။
အိမ်ခြေ ၆၀၀ ကျော်ရှိ မုံးဝီးကျေးရွာတွင် အသက် ၁၃ နှစ်အရွယ် လူငယ်များသာမက အမျိုးသမီး တချို့ပါ
မူးယစ်ဆေးဝါး သုံးစွဲနေသော်လည်း ဖမ်းဆီးအရေးယူမှု မရှိကြောင်း ၄င်းရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့
ပြောသည်။
ယာဘအသုံးပြုနေပုံ(ဓါတ်ပုံ-အင်တာနက်)“ရွာထဲမှာ အသက် ၁၃ နှစ်လောက်ကနေ စပြီးတော့မှ လူငယ်တွေ မူးယစ်ဆေးသုံးစွဲနေပြီ အဓိကယာဘဆေးပြား
ပေါ့ တအား လည်းများနေတယ်။ ကလေးမိဘတွေ သားသမီးရှေ့ရေးအတွက် ပူပန်စိုးရိမ်နေရတယ်။ ဋ္ဌာနဆိုင်ရာ
တွေ ရှိပေမဲ့လည်း ဘာမှမလုပ်ပေးနိုင်ဘူး အဲလိုဖြစ်နေတယ် ” ဟု သူကဆိုသည် ။
၎င်းကျေးရွာအတွင်း ယာဘ (ခေါ်) စိတ်ကြွရူးသွပ်ဆေးပြား အညံ့စားတစ်လုံး ကျပ် ၅၀၀ နှင့် အကောင်းစားကျပ်
၁၅၀၀ ပေါက်ဈေးရှိပြီး ဖြန့်ဖြူးရောင်းချသူ များပြားကြောင်း သိရသည်။
“အဓိက ပြောချင်တာကတော့ မိဘပြည်သူတွေ ဘက်က ဒီကိစ္စအပေါ် အများကြီး စိုးရိမ်ပူပန်နေတယ် ကချင် ၊
ပလောင် ၊ သျှမ်းလူမျိုးအားလုံး မူးယစ်ဆေး သုံးစွဲကြတယ်။ မိန်းမတွေပါ မကျန်ဘူး။ ၀န်ထမ်း တွေလည်းသုံး
တယ်။ ဒီဒေသမှာ မူးယစ် ဆေးဝါး ပပျောက်အောင် အရေးတယူ ဆောင်ရွက်ပေး စေချင်တယ်” - ဟု သူက
ဆက်ပြောသည်။
Tags: Drug, News

