နိုင်ငံတကာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှု ဆန့်ကျင်ရေးနေ့ ၂၆ ဂျွန် ၂၀၁၂



သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာရေးအဖွဲ့၏ ဂျွန်လ ၂၆ ရက် ၂၀၁၂ တွင် နောက်ဆုံး အကြိမ်ထွက်ရှိမည့် မူးယစ်ဆေးဝါးဆိုင်ရာအစီရင်ခံစာ၌ Win- Win Solution (သူနိုင် ကိုယ်နိုင် ဖြေရှင်းမည့်နည်းလမ်း) ပါရှိအကြံပြုထားပါသည်။

Presentationယမန်နှစ်က ကျင်းပသော Shan Drug Watch ၏ ၂၀၁၁ အစီရင်ခံစာ presentation

အဆိုပါအစီရင်ခံစာ၌ ယမန်နှစ်က သျှမ်းပြည်အတွင်းဖြစ်ပွါးခဲ့သော မူးယစ်ဆေးဝါးနှင့်ပတ်သက် သည့်အချက်အလက်များဖြစ်သည့် -
၁- ရွှေတြိဂံဒေသ မူးယစ်ရာဇာ နော်ခမ်းအား လာအိုအာဏာပိုင်များ ဖမ်းဆီးမိခြင်း။
၂- ၂၀၁၁- ၂၀၁၂ သျှမ်းပြည်အတွင်း မူးယစ်ဆေးဝါး အထွက်နှုန်းတိုးလာခြင်း- စသည်တို့အပြင် (ရှေးယခင်ကတည်းက အကြံပြုခဲ့သည်) ကျင့်သုံးသင့်သော မူးယစ်ဆေးဝါးပြဿနာ ဖြေရှင်းရေးနည်းလမ်းလည်းပါရှိမည်ဖြစ်သည်။

Shan Drug Watch ၏ Newsletter အသစ်တွင် သျှမ်းပြည်အရေး သိရှိနားလည်သည့်ပုဂ္ဂိုလ်များ၏ သုံးသပ်ချက်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

Opium Warlords (လော်ရှင်းဟန် အကြောင်း) Heroin Wars (ခွန်ဆာအကြောင်း) များရုပ်ရှင် မှတ်တမ်း ဖြင့် နာမည်ကြီးသည့် Adrian Cowell ( 1934-2011) က သျှမ်းပြည်တွင်းမူးယစ်ဆေးဝါးပြဿနာနှင့်ပတ်သက်၍ “ မူးယစ်ရာဇာများ တယောက်ပြီးတယောက် လာ၊ တယောက်ပြီးတယောက်ထွက်သွားသော်လည်း မူးယစ်ဆေးဝါး များမှာ ထာဝရတည်ရှိနေဆဲ” “ Drug lords may come and Drug lords may go, but the drugs will go on forever.” ဟု ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော သမ္မတဖြစ်သူ ညောင်ရွှေစော်ဘွားစဝ်ရွှေသိုက်၏ သားတဦးဖြစ်သော သျှမ်းအမျိုးသာခေါင်းဆောင် စဝ်ဇန့်ယောင်ဟွေ့( 1939-2004) ကမူ - ရှေးယခင်ကတည်းက ကျင့် သုံးလာသည့် သျှမ်းပြည်တွင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနည်းလမ်းမှာ“ မီးခိုးသာငြိမ်းအောင် လုပ်နေပြီး မီးညွှန့်ကျိုးအောင် မသတ်” ဟူသော နည်းလမ်းအတိုင်းဖြစ်နေကြောင်း သုံးသပ်ပြောဆို ခဲ့သည်။

Shan Drug Watch အစီရင်ခံစာ ရေးသားသူ ဦးခွန်စိုင်းမှာ သျှမ်းပြည်တွင်းမူးယစ်ဆေးဝါးအရေးကို နှစ် ၃၀ ကျော်လေ့လာမှတ်သားပြုစုခဲ့သူတဦးဖြစ်သည်။ ၎င်းက“ မူးယစ်ဆေးဝါးပြဿနာရဲ့အရင်း အမြစ်ဟာ နိုင်ငံရေးပြဿနာဖြစ်တယ်။ နိုင်ငံရေးပြဿနာ ဝင်မလာခင်တုန်းက မူးယစ်ဆေးပြဿနာ ဆိုတာလဲ မရှိခဲ့ဘူး။

ဦးခင်ညွန့်ခေါင်းဆောင်တဲ့ မြန်မာနိုင်ငံထောက်လှမ်းရေးတပ်ဖွဲ့ မပြိုကွဲခင်တုန်းက ထောက်လှမ်းရေး အရာရှိတဦးက တာချီလိတ် ပြည်သူ့စစ်ခေါင်းဆောင်တဦးကို ဘယ်လိုပြောလဲဆိုတော့- မူးယစ်ဆေးဝါး သုံးစွဲသူတဦးဟာ ဘီဘီစီသတင်းနားထောင်သူတဦးလောက် အပြစ်မကြီးဘူးလို့ ပြောခဲ့ဖူးပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအစိုးရ သမ္မတဦးသိန်းစိန် ဦးဆောင်ပြီးလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းစဉ်ကို အဖက်ဖက်ကနေ ပွင့်လင်းစွာ လက်တွဲပူးပေါင်း ပါဝင်လုပ်ဆောင်မယ် ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးမှုကနေ သဘောတူညီမှု ရရှိလာမယ်။ နိုင်ငံရေး သဘောတူညီမှုဟာ မူးယစ်ဆေးဝါး ပြဿနာဖြေရှင်းရေးကို တဖက်တလမ်းကနေ ကူညီပံ့ပိုးပေးလိမ့်မယ်လို့ ယုံကြည် ပါတယ်” ဟု ပြောပါသည်။

၂၀၁၂ ဂျွန် ၂၆ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ ထုတ် သျှမ်းပြည်မူးယစ်ဆေးဝါးစောင့်ကြည့်လေ့လာ ရေးအဖွဲ့ Shan Drug Watch မှ သျှမ်းပြည်ပြည်၏ မူးယစ်ဆေးဝါးအခြေအနေအား နှစ်စဉ်နှစ်တိုင်း စစ်တမ်းကောက်၍ နှစ်စဉ်နှစ်တိုင်း အစီရင်ခံစာ ထုတ်ပြန်လေ့ရှိသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates