ထိုင်းရဲများဖမ်းမိသည့်လက်နက် မိမိတို့နှင့်မသက်ဆိုင်ဟု RCSS/SSA ခေါင်းဆောင်ပြော



မြန်မာဘက်ကမ်းကိုပို့မည်ဟု ယူဆရသော ထိုင်းအာဏာပိုင်များမှ ဖမ်းဆီးမိလက်နက်များမှာ မိမိတို့နှင့်မသက်ဆိုင် ကြောင်း သျှမ်းပြည်တပ်မတော်ခေါင်းဆောင် က ငြင်းဆိုခဲ့ပါသည်။

thai-burma-border-weapon-b305ချင်းရိုင်း၌ ထိုင်းအာဏာပိုင်များဖမ်းမိသော လက်နက်ပစ္စည်းများ

“ အဲဒီလက်နက်တွေဟာ ကျနော်တို့အတွက်မဟုတ်ဘူး။ ကျနော်တို့နဲ့မဆိုင်ဘူး။ အဲဒီကုန်သည်နဲ့လည်း ကျနော်မသိဘူး” ဟု သျှမ်းပြည်တပ်မတော်ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က သျှမ်းသံတော်ဆင့်အားပြောပြသည်။

ဂျွန်လ ၂၅ ရက် ညနေ ၅ နာရီခွဲ က ထိုင်းနိုင်ငံမယ်ဆိုင်မြို့ ပုံဖာရပ်ကွက်နေ မစ္စတာဆဝမ်ကျိုင်ကယောက်၏ နေအိမ်၌ မယ်ဆိုင် မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့ ကဝင်ရောက်ရှာဖွေရာ အာပီဂျီ လောင်ချာ (၁၂) လက်၊ အေကေ (၄၇) မောင်းပြန်ရိုင် ဖယ်(၁၇) လက်၊ အမ် (၇၉) လောင်ချာ (၁၂) လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် (၆) လက်၊ အာပီဂျီ ဗုံးသီး (၉)လုံး သိမ်းဆည်းရမိ ခဲ့သည်။ အဆိုပါ လက်နက်များကို မြန်မာဖက်ခြမ်းပို့ပေးရန်ဖြစ်ကြောင်း ဆဝမ် ကပြောကြားခဲ့သဖြင့် ထိုင်းမီဒီယာတချို့က သျှမ်းပြည်တပ်မတော်ထံပို့မည့်လက်နက်များဖြစ်ကြောင်း ရေးသားခဲ့သည့်အပေါ် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က တုန့်ပြန်ဖြေရှင်းခြင်းဖြစ်ပါသည်။

ဆဝမ်အိမ်၌ရဲများဝင်ရောက်ရှာဖွေပြီးနောက်ပိုင်း ၎င်းနှင့်စပ်ဆိုင်သည့် စိုင်းခမ်း ခေါ် မစ္စတာပရတ်ယား ခွန်ခမ်းအိမ်သို့ ထပ်မံ ဝင်ရောက်ရှာဖွေရာတွင် စိုင်းခမ်းနှင့် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ တွဲရိုက်ထားသော ဓါတ်ပုံကိုတွေ့ရှိသဖြင့် ၎င်းတို့ ရင်းနှီး သည့်မိတ်ဆွေများဖြစ်နိုင်ကြောင်း၊ ထို့ကြောင့်လက်နက်များမှာ သျှမ်းပြည်တပ်မတော်သို့ ပို့မည့် လက်နက်များ ဖြစ်ကြောင်း ရေးသားပြောဆိုခဲ့ကြသည်။

“ ဥက္ကဌကြီး ယွက်စစ်က သျှမ်းပြည်လူထုအတွက် တိုက်ပွဲဝင်နေတဲ့ ခေါင်းဆောင်တဦး ဆိုတော့ ဘယ်သူမဆို သူနဲ့ဓါတ်ပုံ တွဲရိုက်ကြမှာ ဘဲ။ ဓါတ်ပုံတွဲရိုက်တိုင်း ရင်းနှီးတဲ့မိတ်ဆွေလို့လဲ မဆိုနိုင်ဘူးလေ။ ကျနော်တောင်မှ ထိုင်းဝန်ကြီးချုပ် ယင့်လတ် နဲ့ဓါတ်ပုံတွဲ ရိုက်ထားတာဘဲ။ ကျနော်တို့လဲ ရင်နှီးတဲ့လူတွေမှမဟုတ်တာ။ သူ အခုနေများ ကျနော့်ကိုတွေ့ရင် မှတ်မိချင်မှမှတ်မိမယ် လေ။ အဲလိုမျိုးပေါ့” ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦးကလည်းပြောသည်။

တရားခံ ဆဝမ်၏ ပြောစကားအရ အဆိုပါလက်နက်များကို မယ်ဆိုင်- တာချီလိတ်အရှေ့ဘက်ခြမ်းရှိ နမ့်ဆိုင်ချောင်းကူးဆိပ် မှ မြန်မာဘက်ခြမ်းသို့ ပို့မည်ဟုဆိုသော်လည်း သျှမ်းပြည်တပ်မတော် RCSS/SSA ၏ တပ်များသည် ထိုအပိုင်းသို့ သွားရောက်လှုပ်ရှားခြင်းမရှိ။ တာချီလိတ်- မယ်ဆိုင် အနောက်ဘက်ခြမ်း မယ်ဖှာ့လုံ နှင့်မျက်နှာချင်းဆိုင်၌သာ သျှမ်းတပ် များလှုပ်ရှားကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောပြသည်။

“ဒီလက်နက်တွေ သျှမ်းတပ်အတွက်တော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီလို အသေးစားကုန်သည်တွေဟာ သျှမ်းတပ် ကိုသိပ်မကြိုက်ကြဘူး။ သျှမ်းတပ်ကမှာရင်ပစ္စည်းများတယ်။ ဒီလောက်လေးမဟုတ်ဘူး။ ပစ္စည်းမှာရင်ဈေးအရမ်းဆစ်တယ်။ အခုဖမ်းမိလက်နက်တွေဟာ တာချီလိတ်အရှေ့ခြမ်းမှာလှုပ်ရှားတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ကိုပို့ဖို့ဖြစ်နိုင်တယ်။ ဒီကုန်သည်တွေ ဟာ ပြည်သူ့စစ်တပ်ဖွဲ့ကိုပိုပြီးကြိုက်တယ်။ ပြည်သူ့စစ်တွေက ပစ္စည်းမှာရင်ဈေးမဆစ်ဘူး။ ငွေကိုဖေါဖေါသီသီသုံးနိုင်တယ်” ဟုလည်း သျှမ်းပြည်အရှေ့ပိုင်းမှ ကုန်သည်တဦးကလည်း ပြောပြသည်။

အသက်( ၄၈ )နှစ်ရှိ ဆဝမ် ကျိုင်ကယောက်ထံမှ ဖမ်းဆီးရမိသော အဆိုပါလက်နက်များတန်ဖိုးမှာ ဘတ်ငွေ ( ၅ ) သန်းခန့် ရှိသည်ဟု ထိုင်းရဲများကပြောသည်။ မြန်မာနယ်စပ် မယ်ဆိုင်မြို့ရှိ ပြောင်းဖူးခြံသို့သယ်ယူရန် မိမိနေအိမ်အတွင်း သိမ်း ဆည်းထားရာတွင် သယ်ဆောင်ခ တစ်ခေါက်လျှင်ဘတ် ၁၀,၀၀၀ ရရှိကြောင်းနှင့် တစ်ခေါက်သာသယ်ယူဖူးကြောင်း ဆဝမ် ကပြောသည်ဟု ထိုင်းရဲများက ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates