အပစ်ရပ်သော်လည်း SSA သတင်းအားအစိုးရတပ်လိုက်မေး ဒေသခံများအားဖမ်းဆီးရိုက်နှက်



အပစ်ရပ် ငြိမ်းချမ်းရေးဆွေးနွေးခဲ့ကြပြီးဖြစ်သော်လည်း သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ကျေးလက်ဒေသခံအား သျှမ်းပြည်တပ်မတော်၌ပါဝင်လှုပ်ရှားသည်ဟုဆိုကာ
မြန်မာအစိုးရစစ်တပ်က သတင်းလိုက်လံမေးမြန်းပြီး ဖမ်း ဆီးရိုက်နှက်ခံနေရသေးကြောင်း မြို့ခံများကပြောသည်။

“သားဖြစ်သူက သျှမ်းစစ်သားစုဆောင်းရေးမှာပါလို့ဆိုပြီး အသက် ၆၂ နှစ်ရှိပြီဖြစ်တဲ့ ဖခင်ဖြစ်သူကို ဖမ်းတာလေ။ ဖမ်းပြီး တော့ တပ်မှာသွားမစစ်ဘဲ တောထဲမှာသွားစစ်ဆေးတယ်။ ဘယ်လောက်တောင်ရိုက်ထားမလဲမသိဘူး။ အဘိုးကြီးက သွေး တောင်အန်တယ်။ တကိုယ်လုံးလဲ ရိုက်ထားတဲ့ဒဏ်ရာတွေနဲ့ သေလုမျောပါးဘဲ။ အခု နမ္မတူ ဆေးရုံကနေဆင်းလာပေမယ့် ကျန်းမာရေးပုံမှန်မဟုတ်သေးဘူး” ဟု နမ္မတူဒေသခံ တဦးကပြောသည်။

ယခုလ ၈ ရက်နေ့က လားရှိုးအခြေစိုက် ခလရ ၄၁ လက်အောက်ခံတပ်ဖွဲ့တဖွဲ့က နမ္မတူမြို့နယ် မိုင်းရင်တိုက်နယ် ဝိန်းနန် အုပ်စု ကောင်းတပ်ရွာနေ ဦးလုံးဆန်အေး (အသက် ၆၂ နှစ်) အား ဖမ်းဆီးကာ သျှမ်းစစ်တပ်၏ တပ်သား စုဆောင်းရေး၌ ၎င်း၏ သားဖြစ်သူကပါဝင်နေသည်ဟု ပြောဆိုကာ ရိုက်နှက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

သို့သော် မြန်မာစစ်တပ်မှ စွပ်စွဲသကဲ့သို့ မဟုတ်မှန်ကြောင်း (ဦး)လုံးဆန်အေးက ပြောသကဲ့သို့ ၎င်း၏သားဖြစ်သူနှင့် သူငယ် ချင်းတော်စပ်သည့် သူတဦးက ပြောသည်။

“တကယ်တော့ သျှမ်းတပ်ဖွဲ့က မြန်မာအစိုးရနဲ့ အပစ်ရပ်ပြီးပြီ။ ငြိမ်းချမ်းရေးကို လက်တွဲပြီး ထိန်းသိမ်းသွားမယ်။ ဆောင် ရွက် သွားမယ်လို့ကျနော်တို့နားလည်ထားတယ်။ ဒါပေမယ့် သျှမ်းစစ်သားနဲ့ပတ်သက်တဲ့လူတွေကို ဖမ်းဆီးရိုက်နှက်နေသေး တုန်းဘဲ။ တွေ့တဲ့ ကျေးလက်ရွာသားတိုင်းကိုလဲ SSA သတင်းအမြဲတမ်းလိုက်မေးနေတယ်။ ဗမာစကားမပြောတတ်ရင် ခြေလက်ကပါလာပြီ၊ သေနတ်ဒင်ကပါလာပြီ။ ငြိမ်းချမ်းရေးလို့ပြောပြီး လူထုကဘာကြောင့်ကြားထဲက အဲဒီလိုဒဏ်တွေ ဆိုးကျိုးတွေ ဆက်ခံနေရသေးတာလဲ နားမလည် အောင်ပါဘဲ ” ဟု စိုင်းလှက ဆက်လက်ပြောပြသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့်မြန်မာအစိုးရ၏ စစ်တပ်အကြား ယခုလဆန်း ၆ ရက် က နမ္မတူမြို့နယ် မိုင်းရင်အုပ်စု ၌တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ မြန်မာအစိုးရတပ်မတော်သား ၃ ဦးကျဆုံးရာ ဗိုလ်ကြီးတဦး လည်း ပါဝင်ကြောင်း သျှမ်းပြည်တပ်မတော်ဖက်မှ အတည်ပြုပြောပါသည်။

ယခုလ ၂၂ ရက်က သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့ နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (၃) ဦးသိန်းဇော်တို့ တိုက်ပွဲဆက်လက်မဖြစ်ပွားရေးအတွက် မန္တလေးမြို့၌ တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates