သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မုံးဝီးရွာရှိ ဆင်းရဲသား ကျောင်းသားများကို သက်ညှာရန် ကျောင်းအုပ်ဆရာမကြီးထံ ပန်ကြား
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု အထက်တန်းကျောင်းသို့ ယခုနှစ် မေလပိုင်းက ပြောင်းရွေ့ ရောက်ရှိလာသော ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးသည် လွန်ခဲ့သည့် ၄ ရက်ခန့်က ကျောင်းသူ၊ ကျောင်းသားများအား ကွန်ပြူတာ ၀ယ်ယူရန် စည်းရုံးပြောဆိုနေပါသည်။
၎င်းရောင်းချမည့် ကွန်ပြူတာ တစ်လုံး၏တန်ဖိုးမှာ ကျပ် ၁ သိန်းခွဲခန့်ရှိကြောင်း သိရပြီး လတ်တလော ကျောင်းသားများထံမှ ငွေကြေးကောက်ခံခြင်း မရှိသေးပါ။
အဆိုပါကွန်ပြူတာအား ငွေကြေးတတ်နိုင်သည့် မိဘများအနေဖြင့် ၀ယ်ယူပေးနိုင်သော်လည်း ကျေးရွာအတွင်းရှိ ကလေး ၄ ၊ ၅ ယောက်ရှိသော မရှိ ဆင်းရဲသားများအနေဖြင့် ၀ယ်ယူရန်အခက်အခဲရှိပါသည်။
ယခုလ ၅ ရက်နေ့ကလည်း ကျောင်းသားတိုင်း ဗလာစာအုပ်တစ်ဒါဇင် မယူမနေရစနစ်ဖြင့် ရောင်းချခဲ့ရာတွင် စာအုပ်တစ် ဒါဇင်၏ လက်ရှိပြင်ပပေါက်ဈေးမှာ ကျပ် ၂၀၀၀ သာရှိသော်လည်း ကျောင်းမှ တစ်ဒါဇင် ကျပ် ၂၂၀၀ ဖြင့် ရောင်းချခဲ့ပါသည်။
သို့ဖြစ်ပါ၍ မရှိဆင်းရဲသော ကလေးမိဘများ အနေဖြင့် ကလေးများ ပညာရေး ကိစ္စအတွက် လွန်စွာ ပူပန်နေရပြီး ပညာ ရေး ကိစ္စအတွက် သက်ဆိုင်ရာ ကျောင်းကသာ တာဝန်ယူပေးစေလိုကြောင်း ကျောင်းသားမိဘများ ကိုယ်စားတင်ပြအပ်ပါသည်။
Tags: Letter to Editor

