တာချီလိတ်မြို့ မှာ လောင်းကစားဝိုင်းသစ်တောင်တိုးလာသေး အယ်ဒီတာခင်ဗျား



သျှမ်းသံတော်ဆင့်မှ တဆင့် ဆိုင်ရာလူကြီးမင်းများသိစေဖို့ ဖေါ်ပြပေးပါရန်။

လွန်ခဲ့တဲ့နှစ်ပါတ်လောက်က တာချီလိတ်မြို့ပေါ်က လောင်းကစားဝိုင်းတစ်ခုနဲ့၊ ကျေးရွာမှာရှိတဲ့ လောင်းကစားဝိုင်းတစ်ခုဖမ်း လိုက်ပါတယ်။

အဲ့ဒီကိစ္စကို ကျနော်စဉ်းစားလို့မရလို့ ခုလိုတင်ပြလိုက်ရပါတယ်။ ရပ်ကွက်အသီးသီးမှာ ဂိမ်းဆိုင်(လောင်းကစား)တွေဖွင့်လိုက်လို့ ၊ ဆော့တဲ့သူတွေ ပြန့်သွားတဲ့အတွက် လူကြီးတွေက အပြင်ဆိုင်တွေ ပိတ်သွားအောင်၊လာကစားတဲ့သူတွေ မသွားအောင်၊ ခြောက်လှန့်လိုက်သလိုပါဘဲ ၊ နှစ်ဆိုင်လောက်ဖမ်းလိုက်တာကို တစ်မြို့လုံးဖမ်းသလိုနဲ့ ဝေေ၀ဆာဆာတင်ပြသွားတာကိုလည်း စိတ်မကောင်းစွာဖတ်လိုက်ရပါတယ်။


ခုဆို ဘယ်မှာဖမ်းတော့လို့လည်း၊ အလူရာ ၊ ရီဂျီးနား၊ မဲခေါင်မြစ်၊ ပါရာဒိုက်တို့အပြင် ခုဆို စီမံချက်နှင့်အညီ လပ်ဗ်ဗွီးဂတ်စ်တဲ့ အသစ်တောင်တိုးလာသေးတယ်၊ ဒါဆို သမ္မတကြီးပြောတဲ့ဆင်း ရဲမွဲတေမှုပပျောက်ရေးအတွက်၊ လောင်းကစားဆိုင်တွေကို အဲ့လိုအကြီးကြီးတွေဘဲ ဖွင့်ပြီးလုပ်ရမလားဆိုတာကို သျှမ်းသံတော်ဆင့်ကတဆင့် တင်ပြလိုက်ရပါတယ်။

စိတ်မကောင်းစွာဖြင့် မြို့နေလူထုအတွက် ၀မ်းနဲမိပါကြောင်းပါခင်ဗျား။

တာချီလိတ်က မိဘတစ်ဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates