သို့- သျှမ်းသံတော်ဆင့် မှတဆင့် အထက်လူကြီးများ သိရှိစေရန်
တာချီလိတ်မြို့နယ် ဟောင်လိတ်ကျေးရွာအုပ်စု မုံးကိုးဝိပသနာ ၃၄၈ ၏မြောက်ဘက်မြို့ရှောင်လမ်း၏ ဘေးတဘက်တချက်နှင့် ဆန်ဆိုင်း ခ ရပ်ကွက် ၀မ့်မိုင်ကျေးရွာ၏အနောက်ဘက်မြို့ရှောင်လမ်း၏ ဘေးတဘက်တချက်တွင် မြို့နယ်သံဃာ့အဖွဲ့၊ ဒေသအာဏာပိုင်နှင့် မြို့နယ်သာသနာရေးဦးစီးဌာနတို့၏ ခွင့်ပြုချက်မရရှိဘဲ အလှူရှင်အချို့နှင့် သံဃာအချို့ပူးပေါင်း၍သာသနာ့မြေ လျှောက်ထားခြင်းမရှိဘဲ ဘုန်းကြီးကျောင်းများဆောက်လုပ်၍ သီတင်းသုံးနေထိုင်လျက်ရှိပါသည်။
အဆိုပါ ဘုန်းကြီးကျောင်းများတွင် သံဃာအချို့မှာ ၀ိနည်းနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းမပြုဘဲ လူအများ အကြည်အညို ပျက်စေရန် သီတင်းသုံးနေထိုင်နေကြသဖြင့် အဆိုပါအခြေအနေကို သာသနာတော်သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို အလေးဂရုပြု၍ အထက်လူကြီးများမှ ကိုင်တွယ်ဖြေရှင်းပေးပါရန် တင်ပြလိုက်ရပါသည်။
တာချီလိတ်သားတဦး
Tags: Letter to Editor

