မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် အလုပ်သမားများ စုကြေးငွေ ပြန်မရမည်ကို စိုးရိမ်နေ



တရုတ် - မြန်မာနယ်စပ် သျှမ်းပြည် (မြောက်ပိုင်း) မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရှိ ကုန်တင်ကုန်ချ အလုပ်သမား များက ၄င်းတို့နေ့စဉ်ရသည့် ၀င်ငွေထဲမှ ရာခိုင်နှုန်းအလိုက် အချိုးကျ စုဆောင်းထားသည့် ရံပုံငွေများ ပြန်မရမည်ကို စိုးရိမ်နေကြောင်း သိရသည်။

မူစယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်တွင် ကုန်တင်ကုန်ချ အလုပ်သမား ၈၀၀ ကျော်ခန့်ရှိပြီး နေ့စဉ်စုဆောင်းထားသည့် ရံပုံငွေ စုစုပေါင်း ကျပ်သိန်းပေါင်း တစ်သောင်းကျော်ခန့်ရှိပြီ ဖြစ်သော်လည်း အလုပ်သမားခေါင်းဆောင်နှင့် ငွေထိန်းသူ များက ငွေစာရင်းမပြသဖြင့် စိုးရိမ်မှု ဖြစ်ပေါ်နေကြောင်း အလုပ်သမားအသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“အလုပ်သမားခေါင်းက ဦးပေါ်တင်ပေါ့နော်၊ အလုပ်သမားတွေ နေ့စဉ်ရတဲ့ဝင်ငွေထဲကနေ ရာခိုင်နှုန်းနဲ့ ဖြတ်ပြီး ရံပုံငွေအ တွက် စုကြေးထည့်ရတာပေါ့၊ အလုပ်သမားခေါင်းနဲ့ ငွေထိန်းကပဲ ဒီငွေတွေကို ကိုင်ထားတယ်၊ ဘယ်လောက်ရှိပြီ ဆိုတာ လည်း စာရင်းက မပြဘူး ဒီငွေထဲကပဲ သိဏ်ဆောက်တာရှိတယ်၊ သိဏ်ဆောက်တဲ့ ငွေစာရင်းရှင်းတန်းလည်း မပြဘူး ကိုယ်ကျိုးအတွက်သုံးနေတာတွေရှိတော့ အလုပ်သမားတွေက မကျေမနပ်ဖြစ်နေကြတယ်” ဟု ဆိုသည်။

ယခင်က နယ်စပ်ကုန်သွယ်ရေး ကောင်းစဉ်က အလုပ်သမားတစ်ဦး တစ်နေ့ ကျပ် ၈,၀၀၀ မှ ၁၀,၀၀၀ ကြား ၀င်ငွေရရှိ သော်လည်း ယခုအခါ ကုန်ကား အဝင်အထွက်နည်းပါးသွား သဖြင့် အလုပ်သမား တစ်ဦး၏ တစ်ရက်ဝင်ငွေမှာ ကျပ် ၅,၀၀၀ ၀န်းကျင်ခန့်သာ ရရှိတော့ကြောင်း သိရသည်။

“အရင် နေ့တွက်ခက ၈,၀၀၀ ၊ ၁၀,၀၀၀ ပေါ့နော် နေ့စဉ်ရတယ် အခုက ၃,၀၀၀ နဲ့ ၅,၀၀၀ ကြားအဲလောက်ပဲရတော့တယ် ကားနည်းသွားတာလည်းပါတယ် ဒီကြားထဲ အလုပ်သမားထဲမှာ မပါပဲ လူကြီးတွေစာရင်း ထည့်ထားတဲ့သူက ၆၀ ကျော် လောက်ရှိတယ် သူတို့ကိုလည်း ကိုယ်ရတဲ့ အထဲက နေ့တွက်ခ ပုံမှန်ပေးနေရတယ်” ဟု သူက ဆက်ပြောသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates