နမ့်ခမ်းမြို့ ကျောင်းသူ/သားများ ကျောင်း၌ မပျော်



သက်ဆိုင်ရာလူကြီးမင်းများ သိစေလိုပါသည်။

နမ့်ခမ်းမြို့အထကတွင် အဌမတန်းအတန်းခွဲများကိုသင်ကြားနေသော ဆရာမဒေါ်မြထွေးရီဦးဆောင်သည့်
ဆရာ/ဆရာမများသည် အတန်းထဲရှိကလေးများကို မိမိတို့ထံကျူရှင်မတက်သောကြောင့် အမျိုးမျိုးသော
အနှောက်အယှက်များပေးနေကြပါသည်။ ကျွန်တော်တို့၏သားသမီးများမှာ ကျောင်းတွင်လုံးဝမပျော်တော့
ဘဲ ကျောင်းပြောင်းပေးရန်သာ ပြောနေကြသဖြင့် မိဘများအနေဖြင့်စိတ်မကောင်းဖြစ်ရပါသည်။ ထိုသို့သော
ဆရာသမားမပီသသည့်လုပ်ရပ်များ ရပ်တန့်ပေးစေလိုပါသည်။ သက်ဆိုင်ရာတာဝန်ရှိသူ အထက်အရာရှိများ
သိရှိပြီး ထိထိရောက်ရောက်အရေးယူပေးနိုင်ပါရန် ရှမ်းသံတော်ဆင့်မှတစ်ဆင့် ဖေါ်ပြလိုက်ရပါသည်ခင်ဗျား။

ကျောင်းသားမိဘတစ်ဦး
(ကိုယ်တိုင်ကြုံရသူ)




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates