မသေခင်က အရှင်လတ်လတ်ဖြင့် အစိုးရ ပေါ်လစီနှင့်အတူပါသွားပြီ
သို့
အယ်ဒီတာခင်ဗျား
ကျွန်တော်သည်သျှမ်းပြည်တောင်ပိုင်းလင်းခေးခရိုင်မှ အ/လ/ဒ ဗင်ကားဟောင်းပိုင်ရှင် တစ်ဦးဖြစ် ပါသည်။
ယခုအစိုးရအသစ်လက်ထက်တွင်ကားဟောင်းနှင့်ကားသစ်လဲလှယ်ခွင့်ပေါ်လစီရကောင်းကွက်များ လည်းရှိပါသည်။သို့သော်လည်းကျနော့်တွင်ရှိသောကားဟောင်း ၃ စီးမှာယခင်ဝယ်ခဲ့သောနှုန်းထား မှာတစ်စီးလျှင် ၁၄၅ သိန်း ပေါက်ခဲ့ပြီးယခုအစိုးရသတ်မှတ်ပေးလိုက်သော ကာလတန်ဖိုးအရ ၅၅ သိန်းသာတန်ပါတော့သည်။ ထို့အတွက် ကြောင့်ဥစ္စာပစ္စည်းများသည် သေလျှင်မည်သည့် အရာမှ ပါသွားမည်မဟုတ်သော်လည်း ယခုအခါဆယ်စုနှစ်တိုင် ကြမ်းတမ်းသောဘဝကိုရုန်းကန်ပြီး စုဆောင်းခဲ့ သောဥစ္စာပစ္စည်းများမှာ "မသေခင်ကပင် အရှင်လတ်လတ်ဖြင့် အစိုးရ ပေါ်လစီနှင့်အတူပါ သွားပါပြီ ခင်ဗျား" ထို့ကြောင့် ပြည်သူ့ကိုသနားငဲ့ညာ မျှတသောပေါ်လစီဖြစ်စေလိုပါသည်။
ကျေးဇူးတင်စွာဖြင့်
လင်းခေးခရိုင်မှကားပိုင်ရှင်ရွာသားလေး
လင်းခေးခရိုင်မှကားပိုင်ရှင်ရွာသားလေး
Tags: Letter to Editor

