WSA ထူထောင်ခြင်း ၅ နှစ်ပြည့် မတရားမှု စုပေါင်းတိုက်ဖျက်ရန်လှုံ့ဆော်
ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ ရင်ဆိုင်ရသည့် မတရားခေါင်းပုံဖြတ်ဖိနှိပ်ခံရမှုများ ဖြေရှင်း တိုက်ဖျက် ရန်၊ ဆုံးရှုံး သောအခွင့်အရေးများအား တောင်းဆိုရန် ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂအဖွဲ့ WSA က အဖွဲ့ထူ ထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနား၌ တိုက်တွန်းလိုက်ပါသည်။
ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂ WSA အဖွဲ့ထူထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနား“ကျနော်တို့အဖွဲ့က စေတနာ့ဝန်ထမ်းတွေလေ၊ လခမရှိကြဘူး၊ စုရပ်အနေနဲ့ ရုံးတခုဖွင့်လှစ်ထားတယ်။ မတရားမှု ရင်ဆိုင်လာရင်၊ တိုင်ကြားဖို့ရှိလာရင်၊ ဥပဒေနဲ့အညီရင်ဆိုင်မယ်။ တောင်း ဆိုမယ်၊ အခွင့်အရေးဆုံးရှုံးတဲ့ ဘ၀တူ အလုပ်သမားတွေအတွက် ရပ်တည်ပေးဖို့ပါပဲ၊ မတရားမှုတွေရင်ဆိုင်ရ ရင်ရဲရဲရင့်ရင့်တိုင်တမ်းကြပါ၊ ကျနော်တို့အဖွဲ့ကို ဆက်သွယ်ပါ” - ဟု ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂအဖွဲ့ WSA ဥက္ကဌ နိုင်းထောင်းခမ်းက ပြောပါသည်။
ဂျူလိုင် ၂၂ ရက် ၌ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂအဖွဲ့ WSA Workers Solidarity Association ထူထောင်ခြင်း ၅ နှစ်ပြည့်အခမ်းအနားအား ချင်းမိုင်မြို့၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါအခမ်းအနား၌ MAP ဖေါင်ဒေးရှင်း၊ သျှမ်းအမျိုး သမီးဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေးကွန်ယက် SWAN ၊ ချင်းမိုင်သျှမ်းလူငယ် အဖွဲ့ နှင့် အခြားအလုပ်သမား အဖွဲ့အစည်းများ စုစုပေါင်း အယောက် ၂၀၀ ခန့်တက်ရောက်ခဲ့ကြပါသည်။
“ကျနော်တို့ဆီ တိုင်တန်းလာတဲ့ အမှုပေါင်း ၈၀ ကျော်တယ်။ အမှုနှစ်ဆယ်ကျော် ရင်ဆိုင်ဖြေရှင်းပေးတယ်။ အခုလဲ ဒီချင်းမိုင်မှာ လူတယောက်အခြေခံလုပ်အားခ ၁ ရက် ၂၅၁ ဘတ် ရစေရမယ်။ အဲလိုမရဘဲနဲ့ ကျနော်တို့ဆီ တိုင်တန်း လာတာရှိရင် တရားဥပဒေနဲ့ အညီ သွားရောက်ရင်ဆိုင်ပေးမယ်။ တောင်းဆို ပေးမယ်” - ဟု ဆက်ပြောပါသည်။
၂၀၀၇ ခုနှစ်က ရွှေ့ပြောင်းအလုပ်သမားများ ၅ ယောက်နှင့်အထက် လူစုလူဝေးမပြုလုပ်ရ၊ ဆိုင်ကယ်၊ကား မောင်း ခြင်းမပြုရ၊ လက်ကိုင်ဖုန်း ဝယ်ယူအသုံးပြုခြင်း မပြုရ ဟူ၍ ထိုင်းအစိုးရကတားမြစ်ရာ ဆိုင်ရာအခွင့်အရေးများ ရရှိရေးအတွက် ရင်ဆိုင်တောင်းဆိုလာရာမှ အလုပ်သမားသမဂ္ဂအဖွဲ့ စဖွဲ့လာခြင်းဖြစ်ကြောင်း ပြောပါသည်။
ရွှေ့ပြောင်းအလုပ်သမားများသမဂ္ဂအဖွဲ့ WSA Workers Solidarity Association သည် လက်ရှိ အသင်း သား ၃၀၀ ကျော်ရှိကြောင်း၊ အသင်းဝင်ကဒ်ပြား နှင့် အထွေထွေရံ ပုံငွေအတွက် ဘတ်ငွေ ၅၀ ကောက်ခံ ကြောင်း၊ အသင်းသား များ သို့မဟုတ် တခြားအလုပ်သမားများ တင်ပြလာသည့် လုပ်ငန်းခွင်ထိခိုက်ဒဏ် ရာရရှိမှုအပေါ် အရေးပေါ် ထောက်ပံ့ မှုများလိုအပ်ပါက MAP ဖေါင်ဒေးရှင်းနှင့် တခြားသော သျှမ်းလူမှုကူညီရေး အဖွဲ့အစည်းများထံ ချိတ်ဆက် တောင်းခံ ကာ အကူအညီပေးကြောင်း ပြောပါသည်။
WSA Workers Solidarity Association နှင့် ဆက်သွယ်လိုပါက ဖုန်း ၀၈၇ ၅၇၆ ၇၄၁၂ အီးမေးလ် workersa.cm@gmail.com အားဆက်သွယ်မေးမြန်းနိုင်ကြောင်းပြောပါသည်။
Tags: News, Social

