အရပ်သားများ၏ အလုပ်အကိုင်နှင့် ၀င်ငွေ စာရင်း ဗန်းမော်မြို့တွင် ကောက်ယူ
ကချင်ပြည်နယ် ဗန်းမော်မြို့၌ အရပ်သားမိသားစုဝင်များ၏ အိမ်ထောင်စုဝင်ဦးရေ ၊ အလုပ်လုပ်ကိုင်သူ ၊ အလုပ်အကိုင်နှင့် ၀င်ငွေ စာရင်းများကို ယခုလ ၇ ရက်နေ့က စတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည် ။
ဗန်းမော်မြို့ အလယ်ရပ်နှင့် ရွေကျောင်းကုန်းရပ်ကွက်များတွင် စတင်ကောက်ယူခဲ့ခြင်း ဖြစ်ပြီး အဆိုပါ စာရင်း ကောက်ယူမှု အခြေအနေကို ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ယခုလို ပြောသည် ။
“ရ ရက်နေ့ မနက် ၉ နာရီလောက်က စကောက်တယ် အဲဒီနေ့ကတော့ တစ်နေကုန်ပဲ အလယ်ရပ်ကွက် ကျောင်းဆရာ ဦးစံမြိုင်ရဲ့ အိမ်မှာ ရပ်ကွက်သားတွေကို ခေါ်လိုက်တာပေါ့နော် ၄ အိမ်ထောင်စုကို တစ်တွဲခေါ်တယ် မိသားစုဝင် ဘယ်နှစ် ယောက်လဲ အလုပ်လုပ်နိုင်တဲ့လူက ဘယ်နှစ်ယောက်လဲ ဘယ်သူတွေက ဘာအလုပ်တွေ လုပ်နေလဲ တစ်ဦးစီဝင်ငွေက ဘယ်လောက်ရှိသလဲ ဆိုပြီး ကောက်ယူသွားတာပေါ့နော်” ဟု အဆိုပါ ရပ်ကွက်သားက ဆိုသည် ။
၎င်းစာရင်းကို ဋ္ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအာဏာပိုင်များ ပူးပေါင်းကောက်ယူခြင်း ဖြစ်ပြီး အိမ်ခွန် ၊ မြေခွန်စာရင်းများပါ စစ်ဆေးကြည့်ရူ့သွားကြောင်း စာရင်း ကောက်ယူမှုနှင့်ပတ်သက်၍ အာဏာပိုင်များဘက်မှ ရှင်းလင်း ပြောကြားခြင်း မရှိကြောင်း သိရသည် ။
ထိုသို့ အရပ်သားများထံမှ ၀င်ငွေစာရင်းများ ကောက်ယူနေသော်လည်း အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား များကို ထုတ်ဖေါ်ကြေငြာရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့် အဆိုကို အတည်မပြုကြောင်း လွတ်တော်မှ ယခုလ ၈ ရက်နေ့က ကြေငြာခဲ့သည် ။
သျှမ်းသံတော်ဆင့်
၁၀ ၊ ၈ ၊ ၂၀၁၂
Tags: Human Right, News