စစ်အုပ်ချုပ်ရေးစနစ်မဟုတ်လို့ဆိုပေမယ့် အနိုင်ကျင့်ခံနေရဆဲ



သို့ - သျှမ်းသံတော်ဆင့်

ဂျူလိုင်လ ၂၂ ရက်က လဲချားအခြေစိုက် ခမရ ၅၁၅ က ဗိုလ်မှူးဝင်းကျော်သူနဲ့ ဗိုလ်မှူးစောမျိုးအောင် ဦးဆောင်တဲ့အဖွဲ့ ဟိုလုံးရွာထဲဝင်လာပြီး ဆိုင်ကယ်တစီးနဲ့ ကြက်တကောင် (၅၀ ကျပ်သားအလေးရှိ) တောင်းယူပြီး ဝမ့်မုံ့ရွာ (မုံးခွန်အုပ်စု၊ မိုင်းကိုင်မြို့နယ်) ဘက် ပြန်ထွက်သွားပါတယ်။

အခုလ ၈ ရက်နေ့မှာလည်း လဲချားအခြေစိုက်တဲ့ ခမရ ၅၁၅ ကဘဲ ဗိုလ်မှူးဇော်မျိုး ဦးဆောင်တဲ့အဖွဲ့ ဟိုလုံးရွာထဲကိုထပ်ဝင်လာပါတယ်။ ဆိုင်ကယ်တစီးထပ်လာတောင်းပြန်တယ်။ အပြန်မှာ ဈေးဆိုင်က စပရိုက် အချိုရေ သံဗူး သုံးဗူး ခိုးယူသွားပါတယ်။ သူတို့တပ်စခန်းဆီသွားတိုင်တော့ တပ်ရင်းမှူးက ဘယ်မှာမှသွားမတိုင်ပါနဲ့တဲ့ ထပ်မဖြစ်စေရပါဘူးတဲ့။

မကြာပါဘူး နောက် ၅ ရက်လောက်အကြာ ဩဂတ်စ် ၁၃ ရက်နေ့မှာ ဒီတပ်ကဘဲ တပ်ရင်းမှူးကိုယ်တိုင် ရွာထဲဝင်လာပြီး ကြက်တပိဿာ တောင်းပြန်တယ်။ သူတို့တပ်ဖွဲ့ထဲက တချို့တဝက်တော့ ရွာက နေပြန်ထွက်သွားတယ်။ တချို့လဲ ရွာထဲမှာ ၂ ညအိပ်ပြီး ကြက်တွေခိုးစား။ ရွာကဆိုင်ကယ်တစီး တောင်းယူပြီး ဝမ့်ပန်ဘက်ထွက်သွားပါတယ်။

ဒီမှာတခုနားမလည်တာက စစ်အစိုးရခေတ်မဟုတ်တော့ဘူးဆိုပေမယ့် ရွာတွေမှာ ဘာကြောင့် စစ်သားတွေရဲ့ အနိုင်ကျင့်မှုကိုခံနေရသေးတာလဲဆိုတာပါဘဲ။

မိုင်းခွန်အုပ်စုသားတဦး




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates