ပညာရေးဝန်ထမ်းများ၏ချေပချက်



သို့/ အယ်ဒီတာ
သျှမ်းသံတော်ဆင့်

လဲချားမြို့နယ် ပညာရေးမှူးဦးဆောင်၍ ကျောင်းအုပ်စုခေါင်းဆောင်များ လက်တွေ့ကွင်းဆင်းစစ်ဆေး ရေး အဖွဲ့ဝင်ကျောင်းအုပ်များ (၅)ဦးခန့်ဖြင့် ကျေးရွာအရောက် ကွင်းဆင်းစစ်ဆေး၍ ကျောင်းသား မိဘများ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များအားလုံး ၀မ်းမြောက်ဝမ်းသာဖြစ်ကြပါသည်။ ပညာရေးလုပ်ငန်းနှင့်ကျောင်းလုပ်ငန်းအကြောင်းကိုလည်း ပိုမိုနားလည်လာကြပါသည်။


ကျောင်းနှင့်ကျောင်းသားများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုးအားပေးကူညီ လာကြပါသည်။ လဲချားမြို့နယ်တွင် ယခင်ပညာရေးမှူး အဆက်ဆက်သီးသန့် နေထိုင်စရာနေအိမ်မရှိ၍ အမက(၁)၏ အခန်းကျဉ်းတစ်ခုတွင်နေထိုင်ခဲ့ကြရပါသည်။ ပညာရေးမိသားစုဝင်များ စိတ်မကောင်းကြပါ။ သို့ဖြစ်ပါ၍ ပညာရေးဌာန၏အကြီးအကဲ အဆက်ဆက်အတွက် အထိုက်အလျောက် သပ်သပ်ယပ်ယပ် သန့်သန့်ပြန့်ပြန့် နေနိုင်ရန် မြို့နယ်ပညာရေးရုံးတွင် အခန်းကန့် အိမ်ခန်းဆောက်လုပ်ပေးရန် မြို့နယ်ပညာရေးအမှုဆောင်အစည်းအဝေးကျောင်းအုပ်ကြီးများအစည်းအဝေးဆုံးဖြတ်ချက်ဖြင့်ဝိုင်းဝန်းလှူဒါန်းဆောက် လုပ်နေခြင်းဖြစ်ပါသည်။ စေတနာထက်သန်သော ပြင်ပအလှူရှင်နှင့်ကျောင်းအကျိုး တော်ဆောင် အဖွဲ့ဝင်များလည်း ကူညီလှူဒါန်းကြပါသည်။ မြို့နယ်ပညာရေးမှူးက ပညာရေးဝန်ထမ်းများ အပေါ်မတရားဖိနှိပ်နေမှုကိုကားမိမိတို့အားလုံးနှင့်ကျောင်းသားမိဘများက တစ်စိုးတစ်စိမျှ မတွေး မမြင်မိပါကြောင်း ပညာရေးဝန်ထမ်းတစ်ဦးဆိုသူအား သိစေအပ်ပါသည်။

ပညာရေးဝန်ထမ်းများ လဲချားမြို့




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates