ကချင်ပြည်နယ်တွင် မူးယစ်ဆေးသုံးစွဲသူ ပေါများသဖြင့် နေ့ခင်းကြောင်တောင် သူခိုးကင်းစောင့်နေရ သျှမ်းသံတော်ဆင့်



ကချင်ပြည်နယ် ဗန်းမော်မြို့နယ် သဖန်းပင်ရွာတွင် မူးယစ်ဆေးဝါးသုံးစွဲသူ လွန်စွာများပြားလာရာ ရွာအတွင်း ခိုးဝှက်မှုများနေ့စဉ်ဖြစ်ပွား နေသဖြင့် ဆယ်အိမ်အလှည့်ကျစနစ်ဖြင့် နေ့ခင်းကြောင်တောင် သူခိုးကင်းစောင့်နေရကြောင်း သိရသည်။
002-
ရွာမှဖမ်းဆီးမိသည့် ဘိန်းစားသူခိုးများအား နီးစပ်ရာ ရဲစခန်းလက်သို့ အပ်နှံသော်လည်း ရဲကအရေးမယူဘဲ ငွေယူပြီးပြန်လွှတ်သဖြင့် ရွာ သားများ စိတ်ပျက်နေကြောင်း သဖန်းပင်ရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဘိန်းစားတွေက အရင်ကထက်ကို ၅ ဆ ၆ ဆမကဘူး များလာတယ်။ ရွာထဲမှာ ကျွဲခိုး၊ နွားခိုး၊ ပစ္စည်းခိုး၊ နေ့တိုင်းဖြစ်နေတယ်။ ဆယ်အိမ် တစ်စုကို အလှည့်ကျစနစ်နဲ့ ဆယ်အိမ်ခေါင်းတွေကိုယ်တိုင် သူခိုးစောင့်ဖမ်းနေရတယ်” ဟု ၄င်းရွာသားက ဆိုသည်။

၎င်းရွာသည် ဗန်းမော်မြို့အထက်ဘက် ဧရာဝတီမြစ်အရှေ့ဘက်ကမ်းတွင် တည်ရှိပြီး ဖမ်းဆီးမိသည့် ဘိန်းစားများအား မြစ်အနောက်ဘက် ကမ်းရှိ မြစေတီကျေးရွာ ရဲစခန်းသို့ အပ်နှံသော်လည်း ရဲက ငွေယူပြီး ပြန်လွတ်ကြောင်း သူက ဆက်ပြောသည်။

“သဖန်းပင်ရွာ တစ်ဘက်ကမ်း မြစေတီရွာမှာ ရဲစခန်းရှိတယ်၊ သူခိုး ဖမ်းမိလို့သွားအပ်လည်း ရဲက ငွေနဲ့လာရွေးခိုင်းပြီး ပြန်လွှတ်ပေးတယ်၊ ရွာထဲမှာလည်း ဘိန်းရောင်းတဲ့သူ ၅ ဦး ၆ ဦးရှိတယ်၊ အဲဒါလည်း အရေးမယူဘူး” ဟု ဆိုသည်။

သဖန်းပင်ရွာရှိ လူငယ် အများစုမှာ ဘိန်းဖြူ သုံးစွဲနေပြီး ရွာအတွင်းလွယ်ကူစွာ ၀ယ်ယူရရှိနေကြောင်းလည်းသိရသည်။

အလားတူ သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌လည်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖေါက်ကားမှု သုံးစွဲမှုများ ယခင်ထက် များပြားလာရာ နမ့်ခမ်းမြို့နယ်အတွင်း ကျေးရွာနှင့် ရပ်ကွက်တချို့တွင် ခိုးယူမှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates