လွတ်မြောက်လာသူ SSPP/SSA အမာခံလူအား မြန်မာ့ဗျူဟာမှူး ပစ္စည်းပြန်မပေး



SSPP/SSA ၏အမာခံလူဟု သံသယဖြင့် တလနီးပါးဖမ်းဆီးရိုက်နှက်ခံရသူ  ကျေးလက်ဒေသခံများ ပြန်လည် လွတ်မြောက်လာသော်လည်း မြန်မာ့အစိုးရ တပ်က သိမ်းထားသည့် ပစ္စည်းများ ပြန်မပေးကြောင်း မိသားစု နှင့် နီးစပ်သူများကပြောပါသည်။

“လူကတော့ ၁၇ ရက်နေ့က လွတ်လာပြီလေ။ ရွာပြန်ရောက်တော့ ခမရ ၃၂၄ ဆီမှာ သူ့ပစ္စည်းတွေကို ပြန် သွားတောင်းတယ်။ ဗျူဟာမှူးက ပေးဖို့ ညွှန်ကြားချက်မထုတ်ထားလို့ မပေးနိုင်ဘူးလို့ပြောတယ်”  - ဟု အဖမ်းခံရသူ စိုင်းကျော်အေး မိသားစု နှင့်နီးစပ်သူတဦးက ပြောပါသည်။

SSPP/SSA အမာခံလူဟု သံသယဖြင့် ဩဂုတ်လ ၂၃ ရက်မှ စက်တင်္ဘာ ၁၇ ရက်နေ့အထိ တလနီးပါး ဖမ်းဆီး လားရှိုးအကျဉ်းစခန်း ပို့ဆောင်ကာ အကျဉ်းသားလွှတ်ငြိမ်းချမ်းသာခွင့်နှင့် ပြန်လည် လွတ် မြောက် လာသူ နမ္မတူဒေသခံ စိုင်းကျော်အေး ၏ ကျပ် ၅ သိန်းတန် မော်တော်ဆိုင်ကယ်၊ ကျပ် တသိန်းတန် လက်ပတ်နာရီတလုံးအား ခမရ ၃၂၄ က သိမ်းယူထားရာံ ပြန်လည်တောင်းခံသော်လည်းမရသေးကြောင်း- နီးစပ်သူ တဦးက ပြောပါသည်။

“စိုင်းကျော်အေးက ညီမ သုံးယောက်ရှိတယ်။ ကျောင်းသွားဖို့ ဆိုင်ကယ်လိုအပ်တယ်။ လယ်ယာလုပ်ငန်းခွင် အတွက်လဲသုံးရတယ်။ ပိုက်ဆံသိန်းဂဏန်းစုနိုင်ဖို့မလွယ်ဘူး၊ ဘာဘဲဖြစ်ဖြစ် မိသားစု ဝမ်းရေးအတွက် မရှိ မဖြစ်ဘူးလေ ဆိုင်ကယ်က။ လက်ပတ်နာရီတော့ ထားလိုက်ပါတော့” - အမည်မဖေါ်လိုသူ မိသားစု အသိုင်း အဝိုင်းကပြောပါသည်။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်စံ - မိုင်းမုနှင့် နမ့်တောင်ကုန်းကျေးရွာအုပ်စု မှ ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသူကြီး စိုင်းထွေးညွန့်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာသား စိုင်းအိုက်တင်း တို့အား သျှမ်းပြည် တပ်မတော် SSPP/SSA ၏ အမာခံလူဆိုသည့်စွပ်စွဲချက်ဖြင့် အစိုးရစစ်ကြောင်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates