ဗမာအမျိုးသားဖြစ်ရခြင်း၏ အခွင့်ထူး



မြန်မာနိုင်ငံ၏ အာဏာရှင်အစိုးရအဆက်ဆက်  ကြီးစိုးရေးဝါဒ လုပ်နေသည်မှာ ဒီမိုကရေစီ အရေး လှုပ်ရှားနေသူများက မိမိတို့ ဗမာအမျိုးသားများလည်း တိုင်းရင်းသားများကဲ့သို့ ခံစားရကြောင်းယုံကြည်ကြသည်။ အမှန်မှာ တိုင်းရင်းသားများ ကြုံတွေ့ခံစားရပြီး ဗမာအမျိုးသားများမကြုံရသော အဖြစ်များ အများကြီးရှိနေသေးသည်ကို သတိမပြုမိ ခဲ့ကြခြင်းဖြစ် သည်ဟု Journal of Contemporary Asia တွင် Mathew J. Walton ခေါ် ဦးသာနိုး က wages of Burman-ness အမည်ဖြင့် ရေးသားဖော်ပြထားပါသည်။
file-sign
အာဏာရှင်မြန်မာအစိုးရအား ဆန့်ကျင်တိုက်ခိုက်နေကြသော ဒီမိုကရေစီရေးလှုပ်ရှားသူအများစုက သျှမ်း၊ ကရင်၊ ကချင် တို့ကဲ့သို့ ဗမာလူထုလည်း အစိုးရ၏ စစ်တပ်များကဖိနှိပ်ခဲ့သည်။ အခွင့်အရေးများချိုးဖောက်ခဲ့သည်။

ထို့ကြောင့်မိမိတို့ဘ၀တူ သာဖြစ်သောကြောင့် မိမိတို့၏အားလုံး ရည်မှန်းချက်တူထားပြီး ဒီမိုကရေစီတိုက်ပွဲဝင်ရမည်။ ဒီမိုကရေစီရအောင်ယူရမည်ဟု ပြောဆို လေ့ရှိ ကြကြောင်း ၎င်းကပြောသည်။

အစိုးရ၏လူထုအပေါ် ဆက်ဆံရေးမှာ တိုင်းရင်းသား နှင့် ဗမာအမျိုးသားတို့အကြားကွာခြားမှု သိပ်မရှိလှကြောင်း ဒေါ်အောင် ဆန်းစုကြည်ကပင် ယူဆပုံရသည်ဟုလည်း ဆိုထားပါသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၈၉ ကပြောသော မိန့်ခွန်းတခုတွင် - လူမျိုးကွဲပြားခြားနားချက်သည် ကြီးမားသောပြဿနာမဟုတ်။ တိုင်းရင်းသားများအားလုံး၊ ဗမာပြည်သူလူထုအားလုံး လက်တွဲပူးပေါင်းကာ ကြိုးစားပါမှ ဒီမိုကရေစီရနိုင်မည်။ တိုင်းရင်းသား၊ ဗမာဟူ၍ ခွဲခြားနေပါက မိမိတို့လို ချင်သောဒီမိုက ရေစီရနိုင်မည်မဟုတ်၊ ဒီမိုကရေစီအတွက် ကြိုးပမ်းရာ၌ ညီရင်းအကိုမောင်နှမကဲ့သို့၊ မဟာမိတ်ကဲ့သို့ သဘောထားကြပါမှ အောင်မြင် နိုင်မည်ဟု ပြောဆိုခဲ့ သည်။ 

အမေရိကန်နိုင်ငံတွင် လူဖြူတို့သည် လူမဲများထက် အခွင့်ထူးရနေသည်ဟု မိမိကိုယ်မိမိ မထင်သကဲ့သို့    ဗမာလူမျိုး များ လည်းတိုင်းရင်းသားများအပေါ် ခွဲခြား ဆက်ဆံခြင်းမရှိဟု   မြန်မာများလည်း  ယုံကြည်မှုရှိနေကြသည်။

ထိုယုံကြည်မှုများသည် မိမိတို့ လက်တွဲပူးပေါင်းရေး အတွက် အဟန့်အတား တခုဖြစ်လာမည်ဆိုသည်ကိုလည်း သတိ မမူမိ ကြပေ။ 

မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားသည့် တိုင်းရင်းသားမဟုတ်သော အဖွဲ့တို့သည် ၁၉၈၈ အရေးအခင်း ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးစသည်တို့ကို လက်ညှိုးညွှန်ကာ အာဏာရှင်အစိုးရသည် မြန်မာပြည် သူလူထုတခုလုံးကို လူမျိုးမရွေး ဖိနှိပ်သည် ဟုပြောဆိုကြ သည်။ အမှန်ဆိုသော် ဗမာလူထုတို့ မကြုံရသော မြန်မာမှုသွင်းခြင်း ကို တိုင်းရင်းသားများကြုံတွေ့ရသည်။ ဗမာစာ ဗမာယဉ်ကျေးမှုမြင့်တင်ခြင်း ဗမာစာတတ်မြောက် ရေးအတွက် အစိုးရစာသင်ကျောင်းများ နေရာအနှံ့ ဖွင့်ပေးခြင်းတို့ ပြုလုပ်သည်။

တိုင်းရင်းသားနယ်မြေများသို့ ဗုဒ္ဓဘာသာဗမာဘုန်းတော်ကြီးများ စေလွှတ်၍ ယဉ်ကျေးမှုအရ ဝါးမြိုခြင်းပြုလုပ်သည်။

တိုင်းရင်းသားစာပေသင်ကြားပို့ချမှု ပိတ်ပင်သည်။ ရှိရင်းစွဲမြို့ရွာ၊ လမ်းတံတား အပြင် တိုင်းပြည် နာမည်များအား ဗမာအမည်အဖြစ်သို့ ပြောင်းလဲ ရန်အတွက် ၁၉၈၉ မေလတွင်ကော်မရှင်ဖွဲ့စည်း၍ ဂျွန်လတွင် အမိန့်ထုတ်ပြန် ပြင်ဆင်ခေါ်ဆိုသတ်မှတ်ခဲ့သည်။ 

တိုင်းရင်းသားနယ်မြေများအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုပြုခဲ့သည်။ မြေမြုပ်မှိုင်းများအသုံးပြုခြင်း၊ ဒေသခံလူထု၏ ပိုင်ဆိုင်မှုများအား လုယက်သိမ်းဆည်းခြင်း၊ မြို့ရွာများအတွင်း ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြင်ပအကူအညီများ လက်မခံခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း၊ ပေါ်တာဆွဲခြင်း စသည်တို့ပြုခဲ့ကြသည်။

၎င်းအဖြစ်တို့သည် ဗမာလူထုနှင့် မြေပြန့်ဒေသတို့တွင် မကြုံတွေ့ကြရပေ။ ရိုးသားသော ဗမာလူမျိုးတို့အတွက် စာပေ ဖျောက်ဖျက်ခြင်း၊ ယဉ်ကျေးမှု ဖျောက်ဖျက်ခြင်း၊ ဘာသာစကား နှင့် လူမျိုး ဝါးမြိုခြင်းမျိုးအား တိုင်းရင်းသားများကဲ့သို့ မခံစားရပေ။ ထိုအခွင့်ထူးများအား ဒီမိုကရေစီတိုက်ပွဲဝင်မြန်မာများ ဗမာများအားလုံး သိထားသင့်ပေသည်။

လွတ်လပ်ရေးရပြီး သမိုင်းကို ပြန်ကြည့်သော် မိမိကိုယ်ကို ဗမာမဟုတ်ဟုဆိုကတည်းက အာခံသူအဖြစ်မိမိကိုယ်ကို   အမှတ်တံဆိပ်ခတ်ထားပြီးဖြစ်ကြောင်းတွေ့ရသည်။

၁၉၇၉ နိုင်ငံနှင့် တပ်မတော်ခေါင်းဆောင်ဦးနေဝင်းက မိန့်ခွန်းတရပ်တွင် ကရင်၊ ကချင် စသောတိုင်းရင်းသားတို့သည် ကျနော်တို့ ဗမာ လူမျိုး၊ ဗမာနိုင်ငံအပေါ် သစ္စာရှိပါမည်လော ဟူသည်ကိုဆန်းစစ်ရပါမည် ဟုဆိုပါသည်။

ထိုအတွက်ကြောင့် ယနေ့ခေတ်အစိုးရက ငြိမ်းချမ်းရေးတည်ဆောက်နေပါသည်။ အမျိုးသားရင်ကြားစေ့ရေး လုပ်နေပါသည် ဆိုသည်မှာ မျှော်လင့်ချက် ရှိနိုင် မရှိနိုင် မေးခွန်းထုတ်စရာ ရှိလာပါသည်။ စာရေးသူ ဦးသာနိုးက ရှိသည်ဟု မြင်ပါသည်။

  အမေရိကန်နိုင်ငံတွင် လူဖြူ ကြီးစိုးမှု (Whiteness) ကို ဦးဆောင်ဦးရွက် ဆန့်ကျင် လှုပ်ရှားသူမှာ လူဖြူများသာ ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံတွင်လည်း ဗမာဖြစ်မှု (Burman- ness) မှ ကျော်လွန်နိုင်ရေးအတွက် ဦးအောင်မျိုးမင်းနှင့် မောင်ဇာနည်တို့ကဲ့သို့ ဗမာများ ကဦးဆောင်ရမည်ဖြစ်ပါသည်။

ဆောင်းပါးအသေးစိတ်ကို ဖတ်ရှုလိုပါက အောက်ပါလင့်ခ်ကိုဆက်နိုင်ပါသည်။

The "Wages of Burman-ness": Ethnicity and Burman Privilege in Contemporary Myanmar
Journal of Contemporary Asia
Link: http://dx.doi.org/10.1080/00472336.2012.730892
By Matthew J. Walton, Department of Political Science, George Washington University, Washington D.C, USA




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates