နမ့်ခမ်းမြို့တွင် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲ ပထမဆုံးအကြိမ် ကျင်းပ



သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ် မိုခမ်းရပ်ကွက်ရှိဇေယျသုခ ဘုန်းတော်စာသင်ကျောင်း တွင်ပထမဆုံး အ ကြိမ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲ ကို ယနေ့ မနက် ၉းဝဝ နာရီအချိန်တွင် စတင်ဖွင့်လှစ် ကျင်းပခဲ့ ကြောင်း စုံစမ်းသိရှိရသည်။

ss1                    နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

“ကျောင်းသားကျောင်းသူတွေ၊ ဆရာ/ဆရာမ၊ နိုင်ငံရေးပါတီအကြီးအကဲတွေ၊ ပညာရေး မှူးရုံးဝန်ထမ်း တစ်ချို့ အားလုံးပေါင်း အယောက် ၂၀၀ နီးပါးလောက်ရှိကြတယ်၊ တိုင်းဧည့်ကြို အဖွဲ့ကနေ သျှမ်းရိုးရာ ကိန္နရာ  တိုးနယား အက ဖျော်ဖြေတင်ဆက်ပြီး မန္တလေးမြို့က Dreamland Art အဖွဲ့ကလည်း တယောနဲ့ ဖျော် ဖြေတင်ဆက်ကြတယ်” ဟု နမ့်ခမ်းဒေသခံ စိုင်းခမ်းကပြောပြသည်။

ဖွင့်ပွဲ မိန့်ခွန်းကို ကျောင်းအုပ်ဆရာတော် အရှင်ဘဒ္ဒန္တဝိနယာစာရ၊ ပြပွဲဦးဆောင်သူ ဦးစူးစိုးမြင့်သိန်း၊ ပြပွဲတာဝန်ခံ ပန်းချီဆရာ စိုင်းလောဝ်ခေး၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဌစိုင်းထွန်းအေး၊လက်ထောက် မြို့နယ်ပညာရေးမှူးတို့မှပြောကြားကြသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်စိုးလည်း မိန့်ခွန်းပြော မည့် အစီအစဉ်တွင် ပါဝင်သော်လည်း အခမ်းအနားသို့တက်ရောက်ခြင်းမရှိကြောင်း၎င်းကဆိုသည်။
လာရောက်ပြသပေးသောပန်းချီကားများမှာ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊တောင်ကိုးရီးယား၊ ကမ္ဘောဒီးယား၊ ယူကရိန်း၊ဥဇပေကစ္စတန်၊ပိုလန်၊မွန်ကိုးရီးယား၊ဗီယက်နမ်၊ထိုင်း၊အိန္ဒယ၊ထိုင်ဝမ် စသောနိုင်ငံများ၏ က လေးလက်ရာ ပန်းချီကားများဖြစ်ကြသည်။
ss2                       နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

ပန်းချီပြခန်းတွင်အာရှတိုက်မှ ၁၃ နိုင်ငံ ရှိ ကလေး များ၏ပန်းချီကားပေါင်း ၅၀၀ ကျော် ကိုခင်းကျင်းပသ ခဲ့ကြောင်း၊ ပြပွဲသို့ တက်ရောက်လာသော ကလေး ငယ် ၁၀၀ ကျော် ကိုလည်းလွတ်လပ်စွာ ပန်းချီရေး ဆွဲ ခွင့်ပြုခဲ့ ကြောင်း၊ အဆိုပါပန်းချီကားများကို  ရွေးချယ်ပြီး နိုင်ငံတကာပန်းချီပြပွဲ သို့ ပို့ဆောင်ပြ သပေးမည်ဖြစ်ကြောင်း၊ နမ့်ခမ်းမြို့တွင်ပြသပြီးပါက ချောက်နှင့်ရေနံချောင်းရှိမြို့များတွင် ထပ်ပြသရန်စီစဉ်ထားကြောင်း ပန်းချီပြပွဲဦးဆောင်သူ ဦးစူးစိုးမြင့်သိန်းက ဖွင့်ပွဲ မိန့်ခွန်းတွင်ဆိုသည်။

“ပန်းချီပြပွဲ ကို မနက် ၉ နာရီကနေည ရးဝဝ နာရီအထိ နှစ်ရက်ကျင်းပမယ်။ မည်သူမဆို အခမဲ့လာရောက်ကြည့်ရှုလေ့လာနိုင်တယ်၊ လာရောက်ပြသတဲ့ ပန်းချီအဖွဲ့ဟာ ဘယ် NGO အဖွဲ့အစည်းနဲ့လည်းမပတ်သက်ဘူး၊ စေတနာရှင်ပြည်သူလူထု အကူအညီနဲ့ လာရောက်ပြသခဲ့တာဖြစ်ပါတယ်”ဟု ပြခန်းတာဝန်ခံပန်းချီစိုင်းလောဝ်ခေးက မိန့်ခွန်းထဲတွင်ပြောခဲ့သည်။
ss3                     နမ့်ခမ်းမြို့နယ် နိုင်ငံတကာ ကလေးပန်းချီအနုပညာပြပွဲဖွင့်ပွဲအခမ်းအနား

ကမ္ဘပေါ်ရှိ နိုင်ငံပေါင်းစုံမှ ကလေးများလူငယ်များ၏ ပန်းချီအနုပညာ လက်ရာတွေကို မြန်မာ နိုင်ငံရှိကလေးလူငယ်များ ယဉ်ကျေးမှု ဖလှယ်နိုင်ရေးနှင့် အတွေးသစ် အမြင်သစ်များ ဖန်တီးနိုင်ရေးကိုရည် ရွယ်ပြီး ပြုလုပ်သည့်ပြပွဲဖြစ်ကြောင်းသိရှိရသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates