အမေရိကန်နိုင်ငံ သမ္မတကြီးအိုဘားမား မြန်မာနိုင်ငံခရီးစဉ်အပေါ် SNLD ဥက္ကဌ ခွန်ထွန်းဦးအမြင်



အမေရိကန်နိုင်ငံ သမ္မတကြီးအိုဘားမား မြန်မာနိုင်ငံကိုလာရောက်လည်ပတ်မှုအပေါ်  အပြုသဘော  ဆောင်ပါတယ်။ ကျနော်တို့ကတိုင်းရင်းသားဆိုတော့လဲ ကျနော်တို့ကတော့ သူပြောတာတော့ လက်ခံရ မှာပေါ့ဗျာ။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဇောင်းပေးပြီးပြောသွားတာကိုး။ ဒီမှာကလဲ လိုနေတဲ့ ကိစ္စဘဲလေ။ နိုင်ငံတော်အစိုးရကလဲ ဒါကိုအရေးယူပြီးတော့ လက်ခံပြီးတော့ ဖြေရှင်းမယ်လို့ ကျနော် ထင်တာဘဲ။ တိုင်းပြည်ပြဿနာကလဲ ဒီဟာနဲ့ဘဲ အချိန်ကုန်နေပြီးတော့ နှစ် ၅၀ လုံးလုံးက ဘယ်မှ မရောက်ဘဲ။  ပြည်တွင်းပဋိပက္ခက သိပ်ဆိုးနေတာကိုး အမျိုးသားပြန်လည်သင့်မြတ်ရေးက လုပ်ကိုလုပ် ရ တော့မှာ နိုင်ငံတော်အစိုးရက။  သူကလည်းပြောနေတယ် တခြားကိစ္စတွေမှာဆိုရင် ကိုယ့်ကိုယ်ကို အားကိုးပါ။ တိုင်းပြည်ရဲ့ကံကြမ္မာ ပြည်တွင်းမှာရှိတဲ့  လူထုကဘဲဆုံးဖြတ်မှာပါ လို့အတိအလင်းပြော သွားတာဘဲ။ ဒါတော့အပိုအလိုအမရှိပါဘူး။ သူပြောသွားတာ အခုဖြစ်နေတဲ့အခြေအနေနဲ့ သဟဇာတ မျှပါတယ်။ သူ့နိုင်ငံထူထောင်တာလဲ ဂျူးတို့  အစ္စလာမ်တို့ ခရိယာန်တို့ရှိတယ်။လူမျိုးတွေလဲ အများ ကြီးရှိတယ်။ ဒီအနှစ် ၂၀၀ အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ရင်းပြင်ရင်းနဲ့ ကောင်းအောင် လုပ် ရမှာဘဲလေ။ ဥပမာသူဟာ တရားသူကြီးကိုခန့်နိုင်တယ်။ ဒါပေမယ့် တရားသူကြီးကို မလွှမ်းမိုးနိုင် ဘူး လေ တဲ့။ သူပြောသွားတယ်လေ။ တရားသူကြီးက ဆုံးဖြတ်ရမှာ သူကဘာမှဝင်မစွက်ဖက်နိုင်ဘူးတဲ့။ မွေးကင်းစ ခလေးရဲ့ရပိုင်ခွင့်နဲ့ သူသမ္မတရပိုင်ခွင့် ဟာအတူတူဘဲတဲ့ သူပြောပြီးပြီဘဲ။ ဒါကတော့ တကယ့် Equality ကို သူက လေးစားတယ်လေ။ 
Obama Speech  at YGN universityရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် သမ္မတ အိုဘားမား မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - Reuters)
 
ကျနော်က သူနဲ့ တမိနစ်ဘဲတွေ့ခွင့်ရလိုက်တဲ့အချိန်မှာပြောလိုက်တယ်။ သမ္မတကြီး - ကျနော်တို့ လိုနေ တာက စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု နဲ့သွားဖို့ အခြေခံဥပဒေ ရေးရတော့မှာ။ စစ်မှန်တဲ့ ဖက် ဒရယ်ပြည်ထောင်စု မပေါ်မချင်း ပြဿနာက အေးမှာမဟုတ်ဘူး။ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင် စု ရပြီဟေ့ ဆိုလို့ရှိရင် တိုင်းရင်းသားဒေသမှာ အေးချမ်းလာမှာပါ။ ဒါကိုတော့ ကျနော် ရဲရဲ ကြီး အာမခံ ပြောရဲ ပါတယ်။ဒါ ရှင်းရှင်းပြောရင် တိုင်းရင်းသားတွေရဲ့လိုလားချက်ဘဲ လို့။ ဒါဖြစ်မြောက် အောင် ကူညီပေးပါ လို့ ပြောလိုက်တယ်။

မစ္စစ် ကလင်တန်ကိုလဲ ကျနော် ဒါဘဲပြန်ပြောတယ်။ General federalism based according to the Panglong agreement ပေါ့။ သူလဲ သဘော ပေါက်ပါတယ်။ အိုကေ အိုကေ လို့ပြောတာဘဲ။ ဒါဘဲ ပြောရတော့မှာပေါ့။ ငြိမ်းချမ်းရေးက လိုနေတာ က တိုင်းရင်းသားအားလုံး၊ လက်နက်ကိုင် တိုင်း ရင်း သား အားလုံး၊ ငြိမ်းချမ်းရေးယူပြီးတဲ့ တိုင်းရင်းသား အားလုံး ၈၀ - ၉၀ အနိုင်ရတိုင်းရင်းသား အားလုံး တသံ တည်းထွက်နေကြတာက ဒါဘဲလေ။ သူပြောနေ တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ  ၃ ပွင့်ဆိုင်  ဆိုင်ပေးမှာပေါ့။ အစိုးရနဲ့ တပ်မတော်ရယ်၊ NLD နဲ့ ဒီမိုကရေစီအင်အားစုရယ် ၊ တိုင်းရင်းသား တွေရယ် တွေ့မှ မျက်နှာစုံညီမှာကိုး။ သူလဲ ဒါကိုစိန်ခေါ်နေပြီဘဲ။

လူတွေကပြောကြတယ်။ စစ်တပ်က နောက်တန်းပြန်မလှည့်သေးသရွေ့နိုင်ငံရေးကိုမယုံရဲဘူးတဲ့။ 
စစ်တပ် မြို့ထဲမရောက်နိုင်အောင် အခု ကျနော်တို့တွေ အင်တိုက်အားတိုက်  ပြင်ဆင်ထားပြီးပါပြီ။ ဦးသိန်းစိန်ကိုရော ဒေါ်စုကိုရော ပံ့ပိုးကြတယ်။  တိုင်းပြည်ရဲ့ကံကြမ္မာဆိုးတယ်ဆိုရင်တော့ ပြန်လာရင် လာပေါ့လေ။ တကယ်တမ်းစစ်တပ်က မြို့ဘက်ပြန်လှည့်လာမယ်ဆိုရင်တော့ ပိုပြီးတော့ ရုပ်ဆိုးသွားမှာ ပေါ့။ နိုင်ငံတကာကလဲ မြန်မာနိုင်ငံကို အသိအမှတ်ပြုတော့မှာမဟုတ်ဘူး။ စစ်တပ်က မြို့ဘက် မလှည့် လာတော့ဘူးလို့ဘယ်သူမှ မပြောနိုင်ဘူးလေ။ ဒါပေမယ့် ပြန်မလှည့်လာအောင်တော့ အားလုံးက ဝိုင်း ထိန်းကြရမှာပေါ့။ ပညာပါပါ လုပ်ရမှာဘဲဗျ။ 

တတိုင်းပြည်လုံးရဲ့ဆန္ဒအရဆိုရင်တော့ သမ္မတကြီးပြောသွားတဲ့အတိုင်းဘဲပေါ့ဗျာ။ အမျိုးသားပြန်လည်သင့်မြတ်ရေး သည်းခံရေး တရားဥပဒေစိုးမိုးရေး ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ အဲ့ဒီအတိုင်းဘဲ ဆက်လုပ်သွားရလိမ့်မယ်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates