ကချင်စစ်ပွဲရပ်ဆိုင်းရေး မြန်မာအစိုးရကို ဖိအားပေးရန် တရုတ် နိုင်ငံသား ကချင်လူမျိုး ၃၀၀၀ ကျော်ဆန္ဒပြ



KIO အား မြန်မာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အပေါ် ဆန့်ကျင်သည့်အနေဖြင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်အတွင်းရှိ ကချင်လူမျိုးများကလိုင်ဇာတစ်ဘက်ကမ်း တရုတ်ဘက်ခြမ်း နားပန်မြို့တွင်ဆန္ဒပြနေကြောင်း သိရသည်။

“တရုတ်ကို တရုတ်ပြည်က ကချင်တွေ လိုင်ဇာနားအထိဆင်းပြီး ဆန္ဒပြနေပြီ၊ အားလုံး ၃၀၀၀ ကျော်လောက်ရှိတယ်၊ သူတို့တောင်းဆိုတာက တရုတ်ကနေ မြန်မာအစိုးရကို စစ်ရပ်ရေးဖိအားပေးဖို့ ပြနေတာ။ လိုင်ဇာ အထိ ဆင်းမယ်တဲ့” - ဟု ဒေသအတွင်းရှိ သျှမ်းနီအမျိုးသားတဦးကပြောပါသည်။

ယနေ့နေလည် ၁၂ နာရီခန့်မှ ယခုသတင်းရေးသားနေချိန်အထိ ရင်ကျန်းနှင့် မန်စီနယ်ဘက်မှ ဆင်းလာသော ကချင် တိုင်းရင်းသား ၃၀၀၀ ကျော်ခန့်က ယခုစစ်ပွဲအားရပ်ဆိုင်းပေးရေး တရုတ်အစိုးရမှ မြန်မာအစိုးရအား ဖိအားပေးရေး ဆန္ဒပြနေကြောင်း လိုင်ဇာဒေသခံများက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ကချင်လူမျိုး တွေအရမ်းနစ်နာနေပြီပေါ့၊ လော်စပီကာတွေနဲ့အော်နေတယ်၊ တရုတ်ဝန်ထမ်းတွေလည်းပါတယ်၊ ဗမာ ပြည်ဘက်က ကချင်တွေကို အားပေးတဲ့ သဘောပေါ့ ၊ စစ်ပွဲရှိနေတဲ့နေရာအထိသွားတာပေါ့ လိုင်ဇာဘက်ကို” ဟု အဆိုပါဒေသခံကပြောပါသည်။

ယနေ့မနက်ပိုင်းအထိ ကချင်လွတ်လပ်ရေးဌာနချုပ်အနီး လိုင်ဇာတောင်ကုန်းပေါ်အား မြန်မာအစိုးရတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းလည်း ကျောင်းသားတပ်မတော်ရဲဘော်ဟောင်းတဦးကပြောပါသည်။





 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates