အူကြောင်ကြောင် နယ်စပ်ကုန်သွယ်ရေး
သို့-သျှမ်းသံတော်ဆင့်
နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်အခွန်ဆောင်ခြင်းကိုဘယ်လိုဘယ်ပုံဘယ်နည်းနှင့်ဖြင့် အခွန် ဆောင်နိုင်ကြောင်း အများပြည်သူ အများကုန်သည် သိစေရန် သိသာရန် ထပ်မံပို့ချပေးစေ လိုပါ သည်၊ ထပ်မံဟောပြောပေးစေလိုပါသည်။
သူများနိုင်ငံမှာ အခွန်ဆောင်ရင် ၁၅ မိနစ်နဲ့ပြီးတယ်။ ကျနော်တို့နိုင်ငံမှာတော့ တကယ်တမ်း အခွန် ဆောင် တော့ တစ်ရက်တောင်မပြီးပြတ်နိုင်ဆိုတာ မဖြစ်သင့်။ ၀န်ထမ်းမလောက်ငမှုကြောင့်ဆိုပါကလဲ ထပ်မံခေါ်ယူဖို့ တိုက်တွန်းလိုပါသည်။ နယ်စပ်ဆိုသည်မှာ မည်သည့်နယ်စပ်မဆို တဖက်ကမ်းတဖက် နိုင်ငံ နှင့်ယှဉ်လျှင် ကျနော် တို့ နိုင်ငံဟာ ရွာပါ၊ ဟာသရွာပါ၊ လက်ညိုးထိုးပြီး အရယ်ခံရတဲ့ ရွာပါ၊ ဆိုတော့ ကောင်းကောင်း လုပ်သင့် ပါသည်။ ကောင်းကောင်းမွမ်းမံပြင်ဆင် သင့်ပါသည်။ နယ်စပ်ကရတဲ့ငွေတွေ ဘယ်ရောက် ကုန်လဲ၊ ဘာလုပ် လိုက်သလဲ ၊ စာရင်းရှင်းတမ်းလဲမရှိ။ ဒါဟာ ပြည်သူပြည်သား တွေကို တမင်သက်သက် အနိုင်ကျင့်တဲ့ပုံစံဖြစ် နေတယ်။ ဒါမျိုး မဖြစ်သင့်ပေ။
ကျန်ုပ်တို့ နိုင်ငံတိုးတက်သင့်သလောက်မတိုးတက်ပဲ အရမ်း နောက်ကျနေပါပြီ။ အခွန်ဆောင်သည့် ပုံစံ အသေးစိပ် လက်ကမ်းစာဆောင်ထုတ်ဝေပေးပါ၊ ဟောပြောပေးပါ၊ ဟောပြောသည့်အတိုင်း ဆောင်ရွက် နိုင် အောင် တာဝန်ရှိလူကြီးလည်း ပြေလည်အောင် လုပ်ပါ ။ လာဘ်ထိုးမှတို့- ဘယ်သူဘယ်ဝါမှတို့- ပါတနာမှ တို့ အဲဒီအချက်တွေ အင်မတန် အောက်တန်းကျပါတယ်၊ နယ်စပ်တရုတ်ပြည် ရွှေလီမှာဆိုရင် အရေတွက်နည်း သောကုန်စည်များကို တရုတ်ဒိုင်နာကားတစ်စီးလျှင် ၄၅ ယွမ်မှ ၆၀ ယွမ်အထိ ကောက်ခံပါသည်၊ ကြာချိန် ၁၅ မိနစ်သာ။
မြန်မာပြည် နယ်စပ်ကုန်သွယ်ရေးစည်းမျည်း စည်းကမ်းကိုအရမ်းမြှင့်တင်မထားပါနှင့်။ ပညာတတ် ၀န် ထမ်းနည်းလို့ပါ။ အဆင့်မြင့် လာဘ်ယူမှုပညာတော့တတ်မြောက်ကြပါတယ်၊ ရိုးရိုးရှင်းရှင်းလွယ်လွယ် ကူကူပဲ ရေး ဆွဲသတ်မှတ်ပါ၊ ကျနော်တို့အခွန်သာဆောင်နေရတာပါ။ တကယ်တော့ ကျနော်တို့အတွက် အကျိုး မရှိပါဘူး။ ဖြစ်နိုင်တဲ့ဥပဒေ သာချမှတ်ပါ၊ ဥပဒေကသာ အဆင့်မြင့်ပြီး တကယ့်လက်တွေ့ မှာ ကျတော့ တလွဲ ကြီးတွေ တွေ့နေရပါတယ်။ အစိုးရပိုင်းကလည်း ပညာရှိတွေဘဲ။ သူများနိုင်ငံအဖို့ ဟာသ မဖြစ်စေချင်။ အစမ်းသပ်ခံ နိုင်ငံ လည်းမဖြစ်စေချင်၊ တကယ်လက်တွေ့ကျတဲ့ စည်းမျဉ်းကို သတ်မှတ်၊ ယခုဆို ခက်ခဲလွန်းလို့ လုယက်မှု လူသတ်မှုတွေ တနေ့တခြား တိုးပွားနေပြီ၊ ပြည်သူတွေရဲ့ အသက် အိုးအိမ် ခြိမ်းချောက်လာနေပြီ။
နိုင်ငံတော် အခွန်အခ ရလိုလျှင် အများပြည်သူဖိတ်ကြားပြီး ပညာပေးပါ၊ဟောပြောပွဲကျင်းပပေးပါ၊ သက် ဆိုင်ရာ အေးဂျဲန့် တွေသာ တံခါးပိတ် ဟောပြောအသိပေးခေါ်ယူပြီး ကျန်ကုန်သည်များ မသိရှိ နားမလည် မဖြစ်သင့်၊ စည်းမျဉ်းစည်းကမ်းချမှတ်ပြီးရင်ပြီးရော မဖြစ်သင့် ။ နယ်စပ်ဝန်ထမ်းလဲခေါင်းကိုက်၊ ရေရှည် ဌာန ဆိုင်ရာနှင့် ၀န်ထမ်းများလည်း လုံခြုံမှုမရှိ၊ ဆိုလိုသည်မှာ နယ်စပ်ကုန်သွယ်ရေးစည်းမျဉ်းစည်းကမ်း အလျင်စလို လွယ်ကူ အောင် သက်ဆိုင်ရာက ဖြေရှင်းပါလို့ အနူးအညွတ် ပန်ကြားလိုပါသည်။
ဖော်ပြစာသား ပွင့်လင်းမှာယွင်းက အဓိကမကျပေ၊ အဆင်ပြေ လွယ်ကူ ချောမွေ့ရန်သာ ဖြစ်ပါသည်။
အေးငယ်
Tags: Letter to Editor