လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွား ဓါးခုတ်မှုကြောင့်သေကြေဒဏ်ရာရ



သျှမ်းပြည်မြောက်ပိုင်း  နမ့်ခမ်းမြို့နယ် ပေါက်တိုက်ရပ်ကွက်တွင်  ယမန်နေ့ည ၁၁ နာရီခွဲ ခန့်က ဓါးခုတ်မှုဖြစ်ပွါးရာ လူတစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည် ။
0000- nk killing                                                 သေဆုံးသူ၏သွေးအိုင်

“ကျနော်တို့အိမ်ရှေ့မှာ မနေ့ည  ၁၁ နာရီခွဲလောက်က   ဆိုင်ကယ်တစီးနဲ့ တရုတ်လူငယ်၂ ယောက် သျှမ်းပြည်နယ်နေ့ ပွဲသွားတဲ့ လူငယ်အဖွဲ့တဖွဲ့နောက်  လိုက် သွားပြီး ဓါးနဲ့ခုတ်လိုက်တယ်။   “ ကယ်ပါဦး ကျနော်သေပြီ ” လို့ အော်သံကြား တာနဲ့ အနီးအနားက အိမ်တွေက လူတွေ ထွက်လာကြည့်တယ်။ သွေးအိုင်ထဲမှာ လှဲနေ တဲ့လူငယ်တစ် ယောက်တွေ့ရ တယ်၊ ၂ ယောက်က ဒဏ်ရာရသွားတယ်။ တွေ့တွေ့ချင်း နီးစပ်ရာကားခေါ်ပြီး ဆေးရုံ လိုက်ပို့ ကြတယ် ၊သိပ် တော့မကြာ ဘူး မြို့မပြည်သူ့စစ်နဲ့ လုံခြုံရေး ရဲတွေ  အခင်းဖြစ်ပွား တဲ့ နေရာကို လာစစ်တာတွေ့ရ တယ်” ဟု ပေါက်တိုက်ရပ် ကွက် မျက်မြင်တစ်ဦးကပြောသည်။

ဓါးခုတ်ခံရပြီး နမ့်ခမ်းဆေးရုံ၌သေဆုံးသွားသူမှာ ပေါက်တိုက်ရပ်ကွက်နေ စိုင်းဆမ်(ကောင်လွန်) နန်းဌေး၏သား စိုင်းလိန် အသက် ၂၁ ဖြစ်ကြောင်း၊ ဒဏ်ရာရသော သူ ၂ ယောက်မှာ လဲပေါက် တိုက်ရပ် ကွက်ကလူငယ်ဖြစ် ကြောင်း   ၄င်းက ဆိုသည်။

“သူတို့က အရင်တုန်းက သျှမ်းပြည်နယ်နေ့ပွဲခင်းနားက နမ့်ခမ်းဖောင်တံတားထိပ် မှာ ရန်ဖြစ်ခဲ့ဖူးတယ်လို့ပြော တယ်။ ကျနော်တို့နဲ့ ပေါက်တင်မက အရံမီးသတ်တပ်ဖွဲ့ဝင်တွေကတောင်ဝင်ပြီးဖြေရှင်းပေးခဲ့သေးတယ်၊အဲမှာ ပြီးသွားပြီလို့ထင်နေတာ။ အခဲမကျေသေးလို့ အခု ပြန်လာချတာလေ ”ဟု မြို့မပြည်သူ့စစ်အဖွဲ့ဝင် ဦးစံခိုင်က ပြောကြားကြောင်းပေါက်တိုက်ရပ်ကွက်သူတစ်ဦးကပြောပြသည်။

အခင်းဖြစ်ပွားသောနေရာမှာပေါက်တိုက်ရပ်ကွက် စိုင်းလှရွှေ ဆယ်အိမ်မှူး၏ အိမ်နောက် ဘက် လမ်း၊ လုံစိုင်းအေး ၏အိမ်ရှေ့တွင်ဖြစ် ပြီး ဒဏ်ရာရရှိနေသာလူငယ်၂ဦးမှာလည်း တရုတ်ပြည်ဘက်ခြမ်း ရွှေလီ ဆေးရုံ သို့ ပို့ဆောင်ဆေး ကုသမှုခံယူကြောင်း၊ပြစ်မှု ကျူးလွန်သူမှာ အောင်မေတ္တာရပ်ကွက်နေ တရုတ်လူမျိုး ဖြစ်ကြောင်း ရဲများအသိုင်း အဝိုင်းကဆိုပါသည်။
0001-nk killing                                                 အခင်းဖြစ်ပွါးရာနေရာ

“ပွဲလုပ်တယ်ဆိုတာ ပွဲတာဝန်ရှိသူတွေက လုံခြုံရေးကိုအပြည့်အဝယူပေးရမယ်လေ။ လုံခြုံရေးမပြည့်ဝလို့ အဲလိုဖြစ် တာပေါ့။ ညသန်းခေါင်ကြီး အရက်မှူးတာလား ဆေးကြောင်တာလား မသိတဲ့ လူငယ်တွေ ဆိုင်ကယ်ပရမ်းပတာစီး လမ်းမပေါ်အော်ဟစ် ဆူညံနေတာညတိုင်းပဲ” ဟု နမ့်ခမ်းဒေသခံ ပါ့နန်းခမ်းက ဆိုသည်။

ရဲအသိုင်းအဝိုင်းက သတ်ဖြတ်မှုလက်သည် တရုတ် ၂ ဦးအား ဖမ်းမိပြီဟုဆိုသော်လည်း   သျှမ်းသံ တော်ဆင့် အနေဖြင့် သီးခြားအတည်ပြု ချက် မရရှိသေးပါ ၊ သေဆုံးသွားသော စိုင်းလိန်၏ ရုပ်အလောင်းအား ယနေ့ မွန်းလွဲ ၂ နာရီ  အသုဘ ပို့ဆောင်သင်္ဂြိုဟ်မည် ဖြစ်ကြောင်းသိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates