ကြိုးစားမှုကလွဲရင်…… ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ အမှတ်တရ စကား



sai-nood
ပြည်ထောင်စုဆိုပေမယ့် ကနေ့ခေတ်အခြေအနေဟာ စည်းလုံးညီညွတ်မှု မရှိသေးပါဘူး။ ပြည်ထောင်စု အတုကြီးဖြစ်နေလို့ပါဘဲ။ ကျနော်တို့က ပြည်ထောင်စုဆိုရင် အစစ်အမှန်ကိုမှလိုချင်တာ။ တန်းတူညီမျှ သော အခွင့်အရေးတွေရှိစေချင်တယ်။ သျှမ်းပြည်နယ်ကလဲ သူရသင့်တာကို ရစေချင်သလို တခြား ပြည်နယ်တွေလဲ အဲလိုဘဲ သူတို့ရသင့်တာကိုရစေချင်တယ်။ အဓိကကတော့ တိုင်းရင်းသားတွေ ကိုယ် ပိုင်ဆုံးဖြတ်ခွင့်ရစေချင်တယ်။  ရဖို့အတွက် ကျနော်တို့ ကြိုးစားသင့်တယ်။ အခုမရသေး ပေမယ့် ကြိုးစားရင် မကြာခင်မှာရလာလိမ့်မယ်လို့ယုံကြည်တယ်။ ဖြစ်နိုင်ရင်တော့ သျှမ်းပြည်တွင်း မှာ နေထိုင်တဲ့ သျှမ်းပြည်သားအားလုံး တန်းတူညီမျှမှုရဖို့ လက်တွဲကြိုးပမ်းစေချင်ပါတယ်။ တခြားတိုင်း ရင်း သားတွေရောဘဲ။ လူတိုင်းလူတိုင်း ကြိုးစားရပါမယ်။ အားသွန်ခွန်စိုက် ကြိုးစားရပါမယ်။ ကြိုးစားမှု မရှိရင် ဘာကိုမှ အလွယ်တကူ မရနိုင်ပါဘူး ။ တန်းတူညီမျှမှုကို လိုချင်ရင်တော့ ကြိုးစားမှုကလွဲလို့  တခြားဘယ်နည်းလမ်းမှမရှိဘူး။

စိုင်းနွတ် ခေါ် စိုင်းညွန့်လွင်




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates