မုံးဝီးရွာသားများအား ပန်ဆေးပြည်သူ့စစ် သေနတ်ဖေါက် စစ်ဆေး
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ် မိုင်းဝီးရွာအနီး ဂက်စ်ပိုက်လိုင်း လုံခြုံရေးတာဝန်ကျ ပန်ဆေးရွာ ဋ္ဌာနေပြည်သူ့စစ် အဖွဲ့က ပိုက်လိုင်းအနီး ဖြတ်သန်းသွားလာသည့် ရွာသားများအား ကြမ်းတမ်းစွာ စစ်ဆေးနေကြောင်း သိရသည် ။
ယခုလ ၁၃ ရက်နေ့ ညပိုင်း ၇ နာရီခွဲက မိုင်းဝီးရွာ မိုင်းရယ်စု တရုတ်ဂက်စ်ပိုက်လိုင်းဆိုဒ် အနီး လယ်တောမှ ရွာသို့ ပြန် လာသည့် မိုင်းဝီးရွာသားများအား ပြည်သူ့စစ်အဖွဲ့မှ စစ်ဆေးရာတွင် သေနတ်ပစ်ဖေါက်ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း မိုင်းဝီးရွာသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“တရုတ်ဂက်စ် ပိုက်လိုင်းလုံခြုံရေးစောင့် ပန်းဆေးပြည်သူ့စစ်အဖွဲ့က မုံးဝီးရွာသားတွေကို စစ်ဆေးတဲ့အခါ အရမ်းကြမ်းနေ တယ်။ မိုင်းဝီးရွာသားတွေ လယ်တောက ပြန်လာချိန်မှာ သေနတ်တွေ ပစ် ဖေါက်ပြီး ခြိမ်းခြောက်စစ်ဆေးတာ ” ဟု သူက ဆိုသည် ။
ထို့အပြင် မုံးဝီးရွာ အခြေစိုက် အစိုးရစစ်တပ်ကလည်း ယခုလ ၁၆ ရက်နေ့က ကျေးရွာအတွင်း သေနတ်ပစ်ဖေါက်မှုများ ပြု လုပ်ခဲ့ရာ ရွာသားများ ကြောက်လှန့်တကြား ဖြစ်ခဲ့သေးကြောင်း ၄င်းက ဆက်ပြောသည် ။
ယခုအခါ မုံးဝီးရွာ၌ ခလရ ၁၄၄ ၊ ခလရ ၂၉၀ နှင့် ခမရ ၅၆၇ တပ်ရင်း ၃ ရင်း ပူးပေါင်း အခြေချထားကြောင်း သိရသည် ။
Tags: Human Right

