နမ့်ခမ်းလူသတ်မှုတရားခံ မူစယ်ခရိုင်ရုံးသို့လွှဲပြောင်း



သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ လူသတ်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ပြည်သူ့လွှတ်တော်အမတ် (ပန်းဆေးပြည်သူ့စစ် ခေါင်းဆောင်) ဦးကျော်မြင့်၏တူ မူစယ်ခရိုင်တရားရုံးသို့ လွှဲပြောင်းကာ ရမန်ပြစစ်ဆေးခဲ့ကြောင်း ဒေသခံများပြောပြချက်အရ သိရပါသည်။
li fan
နမ့်ခမ်းဒေသခံစိုင်းအိုက်လိန်အား ဓါးဖြင့်ခုတ်သတ်သော တရားခံ လိဖန်
 
“ကျနော်တို့ ၆ ရက်နေ့တုန်းက နမ့်ခမ်းရဲစခန်းကိုဖုန်းဆက်တယ်။ စခန်းမှူး ရဲအုပ် ကျော်စိုးက တရားခံကို ခရိုင်ပို့လိုက်တာ ဟိုးလွန် ခဲ့တဲ့ ၄ ရက်နေ့ကတည်းကလို့ ပြောတယ်။ ၇ ရက်နေ့တုန်းက နမ့်ခမ်းရဲစခန်းမှာ လူတချို့ သွားတွေ့ခွင့်တောင်းတော့ မရှိတော့ဘူး။ အချုပ်ခန်းစောင့်ရဲက အချုပ်ခန်းကို Webcam နဲ့ တရားခံမရှိကြောင်း ပြတယ်။ တကယ်လဲမတွေ့ရဘူး” ဟု နမ့်ခမ်းဒေသခံတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

မတ်ခ်ျလဆန်းပိုင်းက လူသတ်တရားခံ လီဖန် ဆိုသူအား နမ့်ခမ်းမြို့နယ်ရဲစခန်းက မူစယ်ခရိုင်ရုံးသို့ လွှဲအပ်လိုက်ပြီးဖြစ် ကြောင်း၊ လာမည့် မတ်ခ်ျ ၁၄ ရက်နေ့၌ ထပ်မံရုံးချိန်းထားကြောင်း၊ တရားခံဘက်က လားရှိုးမှရှေ့နေတဦးအား ငှားရမ်းထား ကြောင်း တရားလိုဘက်မှ မိသားစုဝင်များက ပြောပါသည်။
police with camera စောင့်ကြည့်သူများအား မောင်းထုတ်သည့် မူစယ်က ရဲ

“ ၇ ရက်နေ့တုန်းက မူစယ်ခရိုင်တရားရုံးမှာ ရမန်ပြစစ်ဆေးတယ်။ ခရိုင်တရားသူကြီး ဦးသန်းထွေးက စစ်ဆေးတာ။ ၅ မိနစ် တောင်မကြာဘူး။ ရောက်တာနဲ့မြန်မြန်စစ်၊ ရုံးချိန်းပေးပြီး ရဲစခန်းကိုမြန်မြန်ပြန်ပို့လိုက်တာ။ စောင့်ကြည့်သူ၊ ဓါတ်ပုံရိုက်တဲ့သူ တွေကို ရဲတွေက မောင်းထုတ်တယ်။ တခြားရဲတွေကလဲ လာကြည့်တဲ့လူအုပ်ကြီးကို ဓါတ်ပုံရိုက်ယူတယ်။ အဲဒီရဲတွေက-  လူတွေ ကြောက် သွားအောင် ခြိမ်းခြောက်လိုက်တဲ့သဘောဘဲ - လို့ နမ့်ခမ်းစခန်းမှူးကျော်စိုးကို ပြောတယ်တဲ့။  တရားခံကိုတော့ ခေါင်း စွပ်ထားလို့ မျက်နှာမမြင်ရဘူး။ တရားခံအစစ်ဟုတ်ကော ဟုတ် ရဲ့လားလို့တောင် ပြောနေကြတယ်” - ဟု အသတ်ခံရသူ၏ သူငယ်ချင်းဖြစ်သော အိုက်စိုင်း က သျှမ်းသံတော်ဆင့်အား ပြောပြသည်။
muse police မူစယ်တရားရုံးသို့ စုရုံးရောက်ရှိလာသည့် နမ့်ခမ်းဒေသခံများအား ရဲများက ဓါတ်ပုံရိုက် ခြိမ်းခြောက်

ဖေဖော်ဝါရီလ ၆ ရက်နေ့က သျှမ်းပြည်နယ်နေ့ ပွဲခင်းအသွားလမ်း၌ နမ့်ခမ်းဒေသခံ စိုင်းအိုက်လိန်နှင့်အဖွဲ့အား  ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် (ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင်) ဦးကျော်မြင့်ခေါ် လီယုံချိန် ၏တူ လီဖန် (ခ) မောင်ရဲအောင်ထွေး နှင့်အဖွဲ့က ဓါးဖြင့် ဝင်ခုတ်ရာ ကျားဖြူပါတီ ဉက္ကဌ၊ သျှမ်းပြည်အစိုးရ သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး စိုင်းအိုက်ပေါင်း၏ မြေးတော်သူ စိုင်းအိုက်လိန် မှာ သေဆုံးသွားပြီး ၎င်း၏သူငယ်ချင်းစိုင်းလှိုင်းပန်မှာလည်း ဓါးဒဏ်ရာအပြင်းအထန်ရရှိကြောင်း၊ ဆိုင်ကယ်မောင်းပေးသူ အိုက်ဆမ် ဆိုသူအားလည်း မူစယ်မှုခင်းရဲက ယခင်အပတ်အတွင်း ထပ်မံဖမ်းဆီးထားကြောင်း၊ ၎င်းအဖွဲ့ ၃ ဦးအား ထပ်မံဖမ်း ဆီးရန် မူစယ်တရားရုံးက ဖမ်းဝရမ်း ထပ်ထုတ်ထားကြောင်း ရှေ့နေများ အသိုင်းအဝိုင်းမှ သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates