ဌာနချုပ်ထားရှိရေးသဘောတူညီချက် တပ်မတော်ကဖျက်နေဟု RCSS ပြော



သျှမ်းပြည်အရှေ့ပိုင်း မိုင်းထားမြို့နယ်နှင့် တောင်ပိုင်းရှိ ဟိုမိန်းမြို့နယ်အား RCSS/SSA ဌာန ချုပ်ထားရှိ ရန်၊ တပ်သားမိသားစုများ နေရာချထားရန် အစိုးရနှင့် ငြိမ်းချမ်းရေး ဖော် ဆောင်ရေးဆွေးနွေးစဉ် သဘောတူညီမှုရ ထား သော်လည်း ယနေ့တိုင်အကောင်အထည်ဖော်ခွင့်ကို မြန်မာ့တပ်မတော်က အဟန့်အတားပြုနေသည်ဟု RCSS/SSA ကပြောသည်။

Mong tarမိုင်းတော့ မိုင်းထားနေရာပြမြေပုံ

“ ကျနော်တို့ဘက်ကတော့အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးသဘောတူညီချက်အတိုင်း လိုက်နာမယ်။ နောက်ဆုံးရွေးလမ်းမရှိရင် တော့ မတတ်နိုင်ဘူး။ ဟိုမိန်း၊ မိုင်းထား ကျနော်တို့ကို အစိုးရကပေးထားတယ်ဆိုပေမယ့် စစ်တပ်ကလုံးဝ မပေးချင်ဘူးလေ။ သူတို့ထားမယ့်နေရာမှာဘဲနေရမယ်။  သူတို့လက်ခုပ်ထဲကရေလိုဘဲ ထားချင်တာလေ။ လက်နက်မပါဘဲ။ သွားလာစေချင် တယ်။ ကျနော်တို့က စစ်တပ်ဘဲဗျာ။ လက်နက်မပါလို့ဘယ်ဖြစ်မလဲ။ အဲဒီနေရာကနေ ထွက်မယ်မထွက်မယ် ကျနော်တို့ ဆုံးဖြတ်ရသေးဘူး” ဟု ဗိုလ်မှူးလောင်ဆိုင်ကပြောပါသည်။

သံလွင်အရှေ့ခြင်း မိုင်းတုံမြို့နယ် မိုင်းထားမြို့နယ်ခွဲ ဌာနချုပ်ရုံးဆိုက်ရာစီမံကိန်းဧရိယာအတွင်းရှိ RCSS ၏ လွယ်မွတ်နန်းလျဲန်းစခန်းအား မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တပ်ဆုတ်ပေးရန် တြိဂံတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူးက ညွှန်ကြားလာကြောင်း ပြောခွင့်ရပုဂ္ဂိုလ်က ပြောပြပါ သည်။

“ဆိုလိုတဲ့သဘောက ကျနော်တို့ကို ဌာနချုပ်ရုံး ပေးမဆိုက်တော့ဘူးဆိုတဲ့သဘောဘဲ။ ကျနော်တို့ နေဖူးတဲ့ နေရာဟောင်း တောင်မှ ပေးမနေချင်ဘူးဆိုရင် တခြားနေရာဆိုပိုဆိုးမှာပေါ့။ သူတို့ဘယ်ပေးမှာလဲ။ အခုအပစ်ရပ်ကာလ တနှစ်ကျော်လာပြီ သဘောတူညီချက်လဲ ဘာမှအကောင်အထည်မဖေါ်နိုင်သေးဘူးဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးလောင်ဆိုင်က ဆက်ပြောပါသည်။

ထို့အတူ သျှမ်းပြည်တပ်မတော်၏ ဟိုမိန်းမြို့နယ်အတွင်းရှိ တပ်စခန်းများအား ဖေဖော်ဝါရီလအကုန် စခန်းဆုတ်ပေးရန် မြန်မာစစ်တပ်က ညွှန်ကြားလာသော်လည်း မတ်လဆန်းမှ တပ်ဆုတ်သဖြင့် မြန်မာစစ်တပ်က လက်နက်ကြီးဖြင့် ၂ ရက် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးသည်။

တိုင်းရင်းသားနယ်စပ်များ၌ တိုက်ပွဲများရှိနေသယောင် ဆင်နွဲနေခြင်းဖြင့် မြန်မာစစ်တပ်မှ အင်အားဖြည့်တင်း နိုင်မည်ဖြစ် ကြောင်း၊ အင်အားများ ဖြည့်တင်းခြင်းဖြင့် ၎င်းတို့၏ ဩဇာအာဏာ ကြီးမားအောင် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဤကဲ့သို့ ဆက်၍ပြောပြပါသည်။

“ မနှစ်က မိုးမကျခင်တုန်းက ဟိုမိန်း နဲ့ မိုင်းထားမှာ RCSS/SSA ရဲ့ ဌာနချုပ်ထားရှိဖို့၊ နယ်စပ်မှာ ရှိနေတဲ့ ဒုက္ခသည်တွေကို နေရာချထားပေးဖို့  ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကိုယ်စားလှယ် ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက ပြော ထားတာဘဲ။ စစ်တပ်က ကြီးစိုးချင်လို့ နယ်မြေမငြိမ်မသက်ဖြစ်အောင်ဖန်တီးချင်တယ်။ ဒါကြောင့်အကောင်အထည်ဖေါ်မှုကို စစ်တပ်က အဟန့်အတားပြုနေတယ်” ဟု RCSS လည်းဆိုပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်နှင့် အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီတို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးသဘောတူညီချက်ရထားကြသော်လည်း အပစ်ရပ်သက်တမ်း တလျှောက်၌ တိုက်ပွဲပေါင်း အကြိမ် ၅၀ ထက်မနည်းဖြစ်ပွားခဲ့သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates