မကြာမီပို့လွှတ်မည့် ‘ရွှေ’ ဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းရပ်တန့်ရေး ဝန်ကြီးချုပ်ထံ သျှမ်းလယ်သမားများတောင်းဆို



စတင်ပို့လွှတ်တော့မည့် ရွှေဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်းအား ဒေသခံဘ၀အသက်အိုးအိမ်လုံခြုံရေးနှင့် ကျန်းမာရေးအတွက် ရည် ရွယ်၍ ချက်ချင်းရပ်တန့်ပေးရန်သျှမ်းပြည်မြောက်ပိုင်း မှ နစ်နာသူ တောင်သူလယ်သမားများကော်မတီက သျှမ်းပြည်ဝန်ကြီး ချုပ်ထံ ဧပြီလ ၅ ရက်နေ့က တောင်းဆို  လိုက်ပါသည်။

“ပိုက်လိုင်းကြောင့် နစ်နာရတဲ့တောင်သူလယ်သမား တသောင်းကျော်ကိုယ်စား ကျနော်တို့ သျှမ်းပြည်က လယ်သမား ၁၄ ဦးလက်မှတ်ထိုးထားပြီး သျှမ်းပြည်ဝန်ကြီးချုပ်ထံလိပ်မူပြီး ပေးပို့လိုက်တယ်။ လယ်သမားတွေရဲ့နစ်နာမှုတွေကိုလည်းထည့်သွင်း ဖော်ပြထားတယ်။ မိတ္တူကိုတော့ သျှမ်းပြည်နယ်အစိုးရ ဌာနဆိုင်ရာကို ပို့တယ်။“ သျှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြတ်သန်း သွား သော ရွှေဓါတ်ငွေ့ပိုက်လိုင်းနှင့်ပတ်သက်၍ နစ်နာသူတောင်သူလယ်သမားများ ဆန္ဒပြုလွှာတင်ပြခြင်း” ဆိုပြီးတော့ တင်လိုက် တယ်။ ဧပြီလ ၅ ရက် ရက်စွဲနဲ့ပေါ့” ဟု လက်မှတ်ထိုးသည့်သူများ၌ပါဝင်သူတဦးကဆိုပါသည်။
pipeline-map1                                         ဓါတ်ငွေ့ပိုက်လိုင်းအသွားလမ်းပြမြေပုံ

၂၀၁၃  မေလနီးလာသည်နှင့်အမျှ တရုတ်ရေနံပိုက်လိုင်းနှင့် ဓါတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှု ပြီးစီးခါနီးလာကြောင်း၊ ကီလို မီတာ ၈၀၀ ရှိသည့် ၎င်းဓါတ်ငွေ့ပိုက်လိုင်း စတင်ချကတည်းက ဒေသခံလူထုနှင့်လူ့အဖွဲ့အစည်းအသီးသီးတို့မှ အစဉ်အဆက် ကန့်ကွက်လာခဲ့ကြကြောင်း ၎င်းကပြောပါသည်။

“ပိုက်လိုင်းစ ချကတည်းက ခုချိန်ထိ ကျနော်တို့ဒေသခံလူထုနဲ့ တောင်သူလယ်သမားတွေကို ပိုက်လိုင်းရဲ့ အန္တရယ် နဲ့ ဆိုးကျိုးက ဘာတွေရှိနိုင်မလဲ။ ဘယ်လိုအသိပညာမျိုးနဲ့ ကာကွယ်သွားရမလဲဆိုတာ လာဟောပြောတာ ဗဟုသုတလာပေးတာလဲ တခါမှမရှိ ဘူး။  ပိုက်လိုင်းကြောင့် ကျနော်တို့ ဘာကောင်းကျိုးမှ မခံစားရသေးဘူးဗျ။ လျော်ကြေးငွေဆိုတာကလဲ တရားမျှ တမှုမရှိတဲ့ ပမာဏ နဲ့ပေးတယ်။  ခြံပိုင်ရှင်တွေရဲ့ဆန္ဒကို အရေးတယူမေးတာမြန်းတာလဲမရှိဘူး။ ၂၀၁၃ မေလ ဆိုတာ မကြာခင်ရောက် တော့မှာ။ ဂက်စ်တွေ ရေနံတွေ ကုဗသန်းထောင်ချီပို့လွှတ် တော့မယ်။ သူတို့ သွယ်ထားတဲ့ပိုက်လိုင်းက လက်လွတ်စပယ်။ မတော်လို့ ဓါတ်ငွေ့တွေစိမ့်ထွက်မယ် ယိုမယ် ပေါက်ကွဲမယ်ဆိုရင် ဘယ်သူဘဲနစ်နာမလဲ။ အဲဒီအတွက် အလွန်အမင်းစိုးရိမ် နေကြတယ်ခင်ဗျ” - ဟု နမ့်ခမ်း မြို့နေ လယ်သမား တဦးကလည်းပြောသည်။

“ဒါကြောင့် မြောက်ပိုင်းသျှမ်းလယ်သမားများကော်မီတီက  ဒီပိုက်လိုင်း စီမံကိန်းကို အပြင်းအထန် ဆန့်ကျင်ပါတယ်။ ပိုက်လိုင်း ဟာဆိုရင် ကျွန်ုပ်တို့ရဲ့  ဘဝလုံခြုံရေး၊ လူနေမှုဘဝနဲ့ သဘာဝပတ်ဝန်းကျင်တို့ကို ခြိမ်းခြောက်နေပြီး တရုတ်နဲ့ မြန်မာ အစိုးရ တို့ကိုဘဲ အကျိုးပြုတာပါ။ နိုင်ငံတော် ဖွံ့ဖြိုးမှုအတွက် ကျနော်တို့မဆန့်ကျင်ပါဘူး။ ဒါပေမယ့် ဒေသခံတွေအတွက်တော့ တည်မြဲ တဲ့ အကျိုးကျေးဇူးတော့ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်  လူ့အ ဖွဲ့အစည်း ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဒီပိုက် လိုင်းသွယ် တန်းမှု ချက်ချင်း ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ်”- ဟုလည်း ပြောဆိုလိုက်ပါသည်။

အဆိုပါရွှေဂက်စ်ပိုက်လိုင်းစီမံကိန်းသည် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ ပြင်ဦးလွင် ၆ မြို့နယ်ရှိ လယ်မြေ ဧက ၂၀၀၀ ကျော် ၊ သစ်တောနှင့်လယ်ယာမြေတို့ကို ဖြတ်သန်းသွားသဖြင့် ၂၀၁၁ ခုနှစ်မှစ၍ ထိုလမ်း ကြောင်း တလျှောက် လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေ အများအပြား မြေတူးစက်ဖြင့် ထိုးဖျက်ခံရပြီး မြေများစုပုံခြင်း၊ ရေလမ်း ကြောင်းများ ပိတ်ဆို့ခြင်းကြောင့် ပိုက်လိုင်းသတ်မှတ်နယ်မြေ ပေ ၁၀၀ ကိုကျော်၍ ပတ်ဝန်းကျင်အနီးရှိ သီးနှံခြံမြေများ ပျက်စီး ကြရသည် ဟု လယ်သမားများကပြောပါသည်။

ရွှေဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းသည် တရုတ်အမျိုးသားရေနံ ကော်ပိုရေးရှင်း(CNPC) နှင့် မြန်မာ့ရေနံနှင့် ဓါတ်ငွေ့ရောင်းဝယ် ရေး (MOGE) တို့ ပူးတွဲလုပ်ကိုင်သော လုပ်ငန်းဖြစ်သည်။ မြန်မာအစိုးရမှ တရုတ်ပြည်သို့ အနှစ် ၃၀ ကျော်ကြာ ဓါတ်ငွေ့ ရောင်းဝယ်မှု အတွက် အမေရိကန်ဒေါ်လာ၂၉ ဘီလီယံရရှိမည်ဖြစ်သည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates