နိုင်ငံရေးဆွေးနွေးရေးအတွက် ပြည်သူလူထုများနှင့် RCSS/SSA ထပ်မံတွေ့ဆုံရန်စီစဉ်နေ



အစိုးရနှင့်နိုင်ငံရေးဆွေးနွေးရေးအတွက် ဒေသခံပြည်သူလူထုများအား သျှမ်းပြည်တပ်မတော်မှ ထပ်မံတွေ့ဆုံရန်ရှိကြောင်း RCSS/SSA သတင်းရပ်ကွက်ကဆိုပါသည်။

Baung Khurယမန်နှစ် အောက်တိုဘာလ တာချီလိတ်တွေ့ဆုံပွဲက တွေ့ရသော ဗိုလ်မှူးချုပ်ပေါင်ခေး

“ လာမယ့်လ ထဲမှာ လူထုနဲ့ထပ်တွေ့မယ် ။ ဗိုလ်မှူးချုပ်ပေါင်ခေးကဘဲ ဦးဆောင်မှာပါ။ ဒီတခါတွေ့ဆုံတာ စတုတ္ထအကြိမ် ပေါ့ဗျာ။   အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးဖို့အတွက် နိုင်ငံရေးဆွေးနွေးရေးမူဘောင်အကြောင်း ထပ်မံဆွေးနွေး အကြံဉာဏ်ယူဖို့ပေါ့ဗျာ” ဟု RCSS မှ အရာရှိ တဦးကပြောသည်။

၂၀၁၂ ဂျန္နဝါရီလ အစိုးရနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးသဘောတူပြီးနောက်ပိုင်း တွင် RCSS/SSA မှ လူထုနှင့် ပထမ အကြိမ်တွေ့ဆုံနိုင်ခဲ့ပြီး၊ ဒုတိယအကြိမ်ကိုမူ မေလ ၁၉ ရက်နောက်ပိုင်း ဦးအောင်မင်းနှင့် ကျိုင်းတုံ၌ဆွေးနွေးပြီး နောက်ပိုင်း တွင် ဖြစ်သည်။ တတိယအကြိမ်ကို ၂၀၁၂ အောက်တိုဘာလ ၂၈ တာချီလိတ်မြို့၌ UNODC ၊ CCDAC တို့နှင့် တွေ့ဆုံပြီး နောက်ပိုင်းတွင် လူထုအား တွေ့ဆုံခဲ့သည်။ 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဌာနချုပ် လွယ်တိုင်းလျဲန်း၌ ယခုလ ၂၃ ရက်နေ့က ကျင်းပသော ဗဟိုဦးစီးဦး ဆောင်ကော်မတီအစည်းအဝေးပြီးနောက်ပိုင်း လူထုနှင့်ထပ်မံတွေ့ဆုံရန် စီစဉ်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ  WGEC မှ ရေးဆွဲသည့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင်မူကြမ်း နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates