SSPP နှင့် အစိုးရ နှစ်ဘက်တပ်အင်အား ၅၀၀၀ ထက်မနည်းအပြိုင်တိုးချနေ



သျှမ်းပြည်မြောက်ပိုင်း နှင့် တောင်ပိုင်းကြားဒေသ တန့်ယန်း နှင့် မိုင်းရှူးမြို့နယ်အတွင်း အစိုးရတပ်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့ တဘက်နှင့်တဘက် တပ်အင်အားထောင်ချီ အပြိုင်တိုးချ ကာ စစ်ရေးတင်းမာနေသည်ဟု ဒေသအတွင်းသတင်းရပ်ကွက်ကပြောပါသည်။

Bur Soldier
“တန့်ယန်း - မိုင်းရှူး ဒေသမှာ သူတို့တပ် နဲ့ ကျနော်တို့တပ်တွေ နှစ်ဘက် စုပေါင်းစစ်အင်အား ၅၀၀၀ နီးပါး အပြန်အလှန်ဖြန့်ကျက် နေရာယူထားတယ်။ စစ်ရေးပြင်ဆင်မှု အကြီးအကျယ်ဆောက်ရွက်နေပါတယ်။ မိမိ တို့ဘက်တော့ ရှောင်လမ်းမရှိတော့တဲ့အတွက် တိုက်ပွဲဝင်သွားရမှာဘဲ” - ဟု SSPP ဌာနချုပ် အရာရှိတဦး က ပြောပါသည်။

ဧပြီ ၂၈ ရက်တွင်လည်း တောင်ကြီးမြို့မှ မိုင်းရှူးမြို့ဘက်သို့ စစ်ယာဉ်တန်းအစီး ၁၀၀ ကျော် တက်လာ ကြောင်း၊ စစ်ကားတစီးလျှင် လူ ၁၅ ယောက်တင်ဆောင်ကြောင်း၊ စားနပ်ရိက္ခာနှင့် စစ်လက်နက်များ အဓိက တင်ဆောင်လာဖွယ်ရှိကြောင်း နမ့်စန်မြို့နိုင်ငံရေးပါတီဝင်တဦးက ပြောပါသည်။

“တိုက်ပွဲငယ်လေးတွေက နေ့တိုင်းလိုလို ဖြစ်နေတုန်း။ ပိုမိုပြင်းထန်လာတဲ့ အလားအလာ ရှိတယ်။ နမ့်ပန် နဲ့ နမ့်ခုံး( နမ့်ပန်ချောင်းနဲ့ သံလွင်မြစ်) ကြားမှာ အစိုးရတပ်အင်အား အခု ၂၀၀၀ ကျော် တိုးချလှုပ်ရှားလာ တယ်။ အစိုးရတပ်ဒီတိုင်း လှုပ်ရှားနေရင်တိုက်ပွဲကြီးလာဖို့အလားအလာရှိနေတယ်” - ဟု ရှေ့တန်း ရောက်သျှမ်းတပ် မှူးတဦးက ပြောပါသည်။

မတ်ခ်ျလလယ်ပိုင်းမှ စ၍ သျှမ်းပြည်တပ်မတော် နှင့်အစိုးရတပ်ကြားတိုက်ပွဲကြောင့် တန့်ယန်းမြို့နယ် အတွင်း ကျေးလက်လူ တထောင်ကျော် နေရပ်မှ စွန့်ခွာနေရဆဲဖြစ်သည်။

အစိုးရတပ် အင်အားဖြည့်တင်းမှု စစ်ရေးလှုပ်ရှားမှုများကြောင့် သျှမ်းပြည်တပ်မတော် စစ်ရေးပြန်လည် ပြင်ဆင် သည့်အပေါ် ဒေသခံလူထုက တိုက်ပွဲကြီးဖြစ်ပွားလာမည့်အန္တရာယ်၊  လူ့အခွင့်ရေးချိုး ဖေါက်မှု အန္တရာယ်များ အတွက် စိုးရိမ်နေကြကြောင်း တန့်ယန်းစစ်ဘေးဒုက္ခသည်များ အကူအညီပေးသူ စိုင်းအိုက် က ပြောပါသည်။




 
© 2012 All Rights Reserved | Asean Celebrity | Fonts @ AtFonts | Free Templates